လုံခြုံရေးစင်တာ

TikTok ၏ မျှော်မှန်းချက်မှာ ကမ္ဘာကြီး၏ ဖန်တီးနိုင်စွမ်း၊ ဗဟုသုတနှင့် နေ့စဉ်ဘဝတွင် အရေးပါသည့် အခိုက်အတန့်များကို အမိအရ ဖမ်းယူရိုက်ကူး၍ တင်ဆက်ပြသရန် ဖြစ်ပါသည်။ ဖန်တီး ဖော်ပြနိုင်စွမ်းနှင့်ပတ်သက်ပြီး ကြိုးစားလုပ်ဆောင်နေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းဖြစ်သည့်အားလျော်စွာ ဤအသိုင်းအဝိုင်းထဲရှိ သုံးစွဲသူများ ဘေးကင်းပြီး သက်သောင့်သက်သာ ဖြစ်စေရန်မှာ အရေးကြီးပါသည်။ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းအတွက် အပြုသဘောဆောင်ပြီး ဘေးကင်းသော ပတ်ဝန်းကျင်တစ်ခုကို အားပေးမြှင့်တင်ရန် ကျွန်ုပ်တို့၏ မူဝါဒများနှင့် တူးလ်များကို ဖော်ဆောင်ထားခြင်းဖြစ်ပြီး သုံးစွဲသူများအနေဖြင့်လည်း TikTok အား ပျော်စရာကောင်းပြီး လူတိုင်းကို ကြိုဆိုသည့်နေရာတစ်ခုဖြစ်အောင် ပြုလုပ်ရန် ဤစီမံဆောင်ရွက်ချက်များကို အလေးထား၍ လိုက်နာမည်ဟုလည်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။