TikTok LogoTikTok Logo
အရွယ်ရောက်ပြီးသူများအတွက် သီးသန့် အကြောင်းအရာများ

အရွယ်ရောက်ပြီးသူများအတွက် သီးသန့် အကြောင်းအရာများ

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် ထုတ်ဝေခဲ့သည်

၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်တွင် စတင်အကျုံးဝင်သည်

TikTok သည် မိသားစုလိုက်ကြည့်နိုင်သော အကြောင်းအရာများမှသည် အရွယ်ရောက်ပြီးသူသီးသန့် ကြည့်နိုင်သည့် အကြောင်းအရာအထိ အမျိုးမျိုးသော အကြောင်းအရာများကို ပံ့ပိုးပေးပါသည်။ကျွန်ုပ်တို့ ကမ္ဘာ့အသိုင်းအဝန်းတွင် လူမျိုး၊ ဘာသာပေါင်းစုံပါဝင်နေသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ထည့်သွင်းစဉ်းစားထားသည့်အချက်များသည် အချို့က မသင့်လျော်ဟု ယူဆနိုင်သည့် အရွယ်ရောက်ပြီးသူများအတွက် သီးသန့်ပိုဖြစ်သော အကြောင်းအရာအပေါ် ကျွန်ုပ်တို့၏ချဉ်းကပ်ပုံကို ပုံဖော်ပေးထားသည်။ဒေသအလိုက် ဆက်စပ်အခြေအနေကို လေးစားခြင်းနှင့် နိုင်ငံတစ်ခု၏ စံနှုန်းများကို အခြားနိုင်ငံအပေါ် မပြဋ္ဌာန်းခြင်းဟူသော ကျွန်ုပ်တို့၏အခြေခံမူကို လိုက်နာရန် ဤကဏ္ဍရှိ လမ်းညွှန်ချက်များအားအသုံးချမှုအချို့သည် ဒေသအလိုက် ကွဲပြားပါသည်။

လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်နှင့် ဝန်ဆောင်မှုများ

TikTok သည် လိင်စိတ်၊ လိင်မှု သို့မဟုတ် မျိုးဆက်ပွားကျန်းမာရေးအကြောင်း ဆွေးနွေးရန် သို့မဟုတ် လေ့လာရန် သင်လာရောက်နိုင်သည့် နေရာတစ်ခုဖြစ်သည်။အချို့သောအကြောင်းအရာများသည် အသက်ငယ်သူများအတွက် မသင့်လျော်ကြောင်း၊ အချို့က စော်ကားသည်ဟု ယူဆနိုင်ကြောင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရရန် အလားအလာများ ဖန်တီးနိုင်ကြောင်း ကျွန်ုပ်တို့ သတိပြုမိပါသည်။ကျွန်ုပ်တို့သည် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် သို့မဟုတ် ဝန်ဆောင်မှုများကို ခွင့်မပြုပါ။ ၎င်းတွင် လိင်ဆက်ဆံခြင်း၊ လိင်စိတ်ထကြွစေခြင်း၊ ကာမစိတ်နှင့် ကာမစိတ် အပြုအမူနှင့် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို ရှာဖွေခြင်း သို့မဟုတ် ကမ်းလှမ်းခြင်းများ ပါဝင်သည်။သို့သော် မျိုးဆက်ပွားကျန်းမာရေးနှင့် လိင်ပညာပေး အကြောင်းအရာများ မပါဝင်ပါ။

နောက်ထပ် အချက်အလက်များ

ကာမစိတ်နှင့် ကာမစိတ် အပြုအမူများတွင် BDSM (ချည်နှောင်ခြင်း၊ စည်းကမ်းလိုက်နာစေခြင်း၊ လွှမ်းမိုးချုပ်ကိုင်ခြင်း၊ လက်အောက်ခံစေခြင်း၊ ညှာတာမှုမရှိခြင်းနှင့် နာကျင်အောင်လုပ်ခြင်းကို နှစ်သက်ခြင်း) နှင့် လူမဟုတ်သော အရာဝတ္ထုများ သို့မဟုတ် သတ်မှတ်ထားသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ အပြုအမူများ (ဥပမာ- ခြေဖဝါးဖြင့် ကာမစိတ်နှိုးဆွခြင်းကဲ့သို့) ပါဝင်သည်။

မျိုးဆက်ပွားကျန်းမာရေးဆိုသည်မှာ မျိုးပွားမှုစနစ်နှင့် ၎င်း၏ လုပ်ငန်းဆောင်တာများ၊ လုပ်ငန်းစဉ်များအားလုံးနှင့်ဆိုင်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ကျန်းမာပျော်ရွှင်ရေးကို ရည်ညွှန်းပါသည်။

လိင်ပညာပေးဆိုသည်မှာ လိင်၊ လိင်စိတ်၊ လိင်ကျန်းမာရေးနှင့် ဆက်ဆံရေးဆိုင်ရာ ကျယ်ပြန့်သော အကြောင်းအရာမျိုးစုံကို ရည်ညွှန်းသည်။

ခွင့်မပြုထားပါ

  • ထိုးသွင်း လိင်ဆက်ဆံခြင်း၊ ထိုးသွင်းခြင်းမရှိသည့် လိင်ဆက်ဆံခြင်း သို့မဟုတ် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ပြသခြင်း
  • လိင်စိတ်နှိုးဆွမှုနှင့် လိင်စိတ်ထကြွမှုအပေါ် ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများ အပါအဝင် ရုပ်ပိုင်းဆိုင်ရာ လိင်စိတ်နှိုးဆွမှုကို ပြသခြင်း
  • ကာမစိတ် သို့မဟုတ် မူမမှန်သော ကာမစိတ် လုပ်ဆောင်မှု
  • လိင်ပိုင်းဆိုင်ရာလုပ်ရပ်များ (မြှူဆွယ်ခြင်း)၊ လိင်ပိုင်းဆိုင်ရာ အပြန်အလှန်ပြောဆိုခြင်းများ၊ ရုပ်ပုံများ၊ ညစ်ညမ်းရုပ်ပုံများ၊ အဖွဲ့ဝင်သီးသန့်အကြောင်းအရာများကို ကမ်းလှမ်းခြင်း သို့မဟုတ် တောင်းခံခြင်းနှင့် ဖော်ချွတ်ခြင်း၊ ကိုယ်လုံးတီး ကိုယ်ဟန်ပြခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အာသာဖြေခြင်းကဲ့သို့ အရွယ်ရောက်သူများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဝဘ်ကင်မရာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခြင်း (အခကြေးငွေယူ၍ ကင်မရာရှေ့တွင် လိင်အသားပေး ဖျော်ဖြေပြခြင်း) အပါအဝင် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ
  • လိင်ပိုင်းဆိုင်ရာ အပြန်အလှန်ပြောဆိုခြင်းများ၊ ရုပ်ပုံများ သို့မဟုတ် ညစ်ညမ်းရုပ်ပုံများ

ခွင့်ပြုထားသည်

  • မျိုးဆက်ပွားကျန်းမာရေးနှင့် လိင်ပညာပေး အကြောင်းအရာ (ဥပမာ- လုပ်ထုံးလုပ်နည်းများ/ခွဲစိတ်ကုသမှုများ/စစ်ဆေးမှုများနှင့်ဆက်စပ်သော ဆေးဘက်ဆိုင်ရာ သို့မဟုတ် သိပ္ပံပညာရပ်ပိုင်းဆိုင်ရာ ဆက်စပ်အခြေအနေတွင် ကိုယ်ဝန်ဖျက်ချမှုအကြောင်းနှင့် သန္ဓေတားဆေးအသုံးပြုခြင်းအကြောင်း ဆွေးနွေးမှုများ)

အဖော်အချွတ်နှင့် ခန္ဓာကိုယ်အား လှစ်ဟပြမှု

ကျွန်ုပ်တို့သည် ပုံသဏ္ဌာန်နှင့် အရွယ်အစားအားလုံးကို ဂုဏ်ပြုပြီး သင့်ကိုယ်သင်နှင့် သင်၏ ခန္ဓာကိုယ်ပုံသဏ္ဌာန်ကို တင်ဆက်ပြသရာတွင် သက်တောင့်သက်သာ ခံစားရစေလိုပါသည်။ခန္ဓာကိုယ်ကို လှစ်ဟပြမှုနှင့် ဝတ်စားဆင်ယင်ပုံတို့ကို ကိုင်တွယ်ဖြေရှင်းနည်းမှာ လူ့အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု မတူညီသည်ကို ကျွန်ုပ်တို့ နားလည်သောကြောင့် ကျွန်ုပ်တို့သည် အဖော်အချွတ်နှင့်ပတ်သက်သည့် ပျံ့နှံ့နေသော ယဉ်ကျေးမှုဓလေ့ထုံးစံများကို ထင်ဟပ်ပြသရန် ကြိုးပမ်းပါသည်။အဖော်အချွတ်ကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ ၎င်းတွင် အဝတ်မပါသော လိင်အင်္ဂါ၊ တင်ပါးများ၊ အမျိုးသမီးများနှင့် မိန်းကလေးများ၏ ရင်သားများနှင့် ပါးလွှာလွန်း၍ ဖောက်မြင်နိုင်သော အဝတ်အစားများ ပါဝင်သည်။

ကျွန်ုပ်တို့သည် အသက်ငယ်သူများအား ၎င်းတို့၏ ဖွံ့ဖြိုးမှုအသက်အရွယ်အလိုက် သင့်လျော်သော ကြည့်ရှုခံစားမှု အတွေ့အကြုံကို ပေးစွမ်းလိုပါသည်။ ကျွန်ုပ်တို့သည် အသက်ငယ်သူများ၏ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းအဖော်အချွတ် သို့မဟုတ် သိသိသာသာ ခန္ဓာကိုယ် လှစ်ဟပြမှုကို ခွင့်ပြုမထားပါ။ အကြောင်းအရာသည် မလိုလားအပ်သော လိင်အသားပေးဖော်ပြမှု အန္တရာယ်ရှိစေနိုင်သည့် အသက်ငယ်သူတစ်ဦး၏ ခန္ဓာကိုယ် လှစ်ဟပြမှုကို ပြလျှင် ၎င်းသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီပါ။

ကျွန်ုပ်တို့သည် ပရိသတ်မြောက်မြားစွာအတွက် မသင့်လျော်နိုင်သည့် အကြောင်းအရာများကိုလည်း ပျံ့နှံ့မသွားစေလိုပါ။အကြောင်းအရာသည် အရွယ်ရောက်ပြီးသူတစ်ဦး၏ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းအဖော်အချွတ်ကို ပြထားလျှင် ၎င်းသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီဘဲ ကန့်သတ်ခံရပါမည် (18 နှစ်နှင့်အထက်ကိုသာ ပြသမည်)။ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကဲ့သို့ အကန့်အသတ်ရှိသည့် အခြေအနေများတွင် ခန္ဓာကိုယ် လှစ်ဟပြမှုအတွက် ဒေသဆိုင်ရာခြွင်းချက်များကို ခွင့်ပြုပါသည်။

နောက်ထပ် အချက်အလက်များ

အဖော်အချွတ်ဆိုသည်မှာ အဝတ်မပါခြင်းနှင့် လွှမ်းမိုးနေသော ယဉ်ကျေးမှုအလေ့အထများက အပြည့်ဖုံးအုပ်ထားသင့်သည်ဟု ညွှန်ပြသည့် အတွင်းသားပေါ်လွင်သော ဝတ်လစ်စလစ်ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြသခြင်းကို ဆိုလိုသည်။၎င်းတွင် အမျိုးသမီများနှင့် မိန်းကလေးများ၏ အဝတ်မပါသော ရင်သားများ ပါဝင်သော်လည်း အမျိုးသားများနှင့် ယောက်ျားလေးများ (လိင်ပြောင်းထားသူ သို့မဟုတ် လိင်လက္ခဏာ ထင်ထင်ရှားရှားမကွဲသူများ) သို့မဟုတ် ကျား/မ ခံယူမထားသူများ၏ အဝတ်မပါသော ရင်သားများ မပါဝင်ပါ။အချို့လူများသည် ၎င်းတို့၏ လိင်ကို ယောက်ျား၊ မိန်းမ အသုံးအနှုန်းများဖြင့် ဖော်ပြခြင်းမရှိကြောင်း ကျွန်ုပ်တို့ လက်ခံထားပြီး ဤမူဝါဒကို ကျင့်သုံးရာ၌ ရှုပ်ထွေးမှု ရှိသည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။ထိုသို့သောအကြောင်းအရာများကို သုံးသပ်သည့်အခါ စာတန်းများ၊ ဟက်ရှ်တဂ်များ သို့မဟုတ် ကိုယ်ရေးအကျဉ်းကဲ့သို့သော ပါဝင်ပတ်သက်သူ၏ အချက်အလက်နှင့် ရည်ညွှန်းချက်များကို အသုံးပြု၍ ထိုသူက မိမိကိုယ်ကို မည်ကဲ့သို့ ပုံစံဖော်ပြသည်ကို ကြည့်ရှုပြီး ၎င်း၏ တင်ဆက်ပြသပုံကိုလည်း ကြည့်ရှုပါသည်။

ခန္ဓာကိုယ်အတွင်းသားများ ဆိုသည်မှာ လိင်အင်္ဂါ၊ တင်ပါးနှင့် (နို့သီးခေါင်းနှင့် နို့သီးခေါင်းပတ်ချာလည်နေရာများအပါအဝင်) ရင်သားကို ဆိုလိုသည်။

ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းအဖော်အချွတ်ဆိုသည်မှာ အဝတ်အစားမပါလုနီးပါးဖြစ်ခြင်းနှင့် ကိုယ်လုံးတီးနီးပါးဖြစ်ခြင်း (သို့သော် အမှန်တကယ်မဖြစ်ခြင်း) ကို ဆိုလိုသည်။ ဥပမာ- သွယ်ဝိုက်၍ ဖော်ချွတ်ပြသမှု သို့မဟုတ် ခန္ဓာကိုယ်အတွင်းသားများကို အနည်းအကျဉ်းမျှ ဖုံးအုပ်သည့် အဝတ်အစားများကို ဝတ်ဆင်ခြင်း။

သိသိသာသာ ခန္ဓာကိုယ် လှစ်ဟပြမှု ဆိုသည်မှာ အဝတ်အစားဝတ်ထားသော်လည်း အတွင်းသားပေါ်လွင်သော ခန္ဓာကိုယ်အစိတ်အပိုင်းများကို တစ်စိတ်တစ်ပိုင်း မဖုံးအုပ်ထားခြင်း သို့မဟုတ် အတွင်းခံကဲ့သို့ အတွင်းသားပေါ်လွင်သော အဝတ်အစားကိုသာ ဝတ်ဆင်ခြင်းကို ရည်ညွှန်းသည်။

ခွင့်မပြုထားပါ

  • ဂျပန်ရုပ်ပြကာတွန်းနှင့် ဂျပန်ကာတွန်းကဲ့သို့ ဓာတ်ပုံနှင့် ဒစ်ဂျစ်တယ်နည်းဖြင့် ဖန်တီးထားသော ရုပ်ပုံများအပါအဝင် အရွယ်ရောက်ပြီးသူများနှင့် လူငယ်များ၏ အဖော်အချွတ်ကို ပြသခြင်း (လူငယ်များအပေါ် အမြတ်ထုတ်ခြင်းတွင် CSAM အကြောင်း ပိုမိုလေ့လာပါ)
  • အလွန်အမင်းဖြတ်ထုတ်ထားသော ရှပ်အင်္ကျီများ သို့မဟုတ် အတွင်းခံ သို့မဟုတ် အမျိုးသမီးအတွင်းခံကိုသာ ဝတ်ဆင်ခြင်းကဲ့သို့ အသက်ငယ်သူများ၏ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းအဖော်အချွတ် သို့မဟုတ် သိသိသာသာ ခန္ဓာကိုယ် လှစ်ဟပြမှုကို ပြသခြင်း

အသက်ကန့်သတ်ထားသည် (18 နှစ်နှင့်အထက်)

  • အရွယ်ရောက်ပြီးသူများ၏ ခန္ဓာကိုယ်အား တစ်စိတ်တစ်ပိုင်း ဖော်ချွတ်ပြသခြင်း။ ဥပမာ- နို့သီးထိပ်ကိုသာ ဖုံးထားခြင်းများ သို့မဟုတ် တင်ပါးအလွန်ပေါ်နေသည့် အတွင်းခံများသာ ဝတ်ဆင်ပြခြင်း

FYF အတွက် သတ်မှတ်ချက်မပြည့်မီခြင်း

  • အရွယ်ရောက်ပြီးသူများ၏ ခန္ဓာကိုယ်အား တစ်စိတ်တစ်ပိုင်း ဖော်ချွတ်ပြသခြင်း။ ဥပမာ- နို့သီးထိပ်ကိုသာ ဖုံးထားခြင်းများ သို့မဟုတ် တင်ပါးအလွန်ပေါ်နေသည့် အတွင်းခံများသာ ဝတ်ဆင်ပြခြင်း
  • ရင်ကြားနေရာကို သိသိသာသာ ဖော်လှစ်သည့် အဝတ်အစားများဖြင့် လူငယ်များ သို့မဟုတ် အချို့သော အတွင်းသားပေါ်လွင်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ (လိင်အင်္ဂါနှင့် နို့သီးခေါင်းများ) ၏ အဝတ်ကောက်ကြောင်းများကို ပြသခြင်း
  • သွယ်ဝိုက်သော အဖော်အချွတ်ဖြင့် သို့မဟုတ် တင်ပါးများကို တစ်စိတ်တစ်ပိုင်း ဖော်လှစ်ထားသော နို့စို့ကလေးများနှင့် လမ်းလျှောက်ခါစကလေးများ (အသက် 4 နှစ်အောက်) ကို ပြသခြင်း

ခွင့်ပြုထားသည်

  • ကလေးမွေးဖွားစဉ်အတွင်း မွေးကင်းစကလေးများ၏ တစ်ကိုယ်လုံးအဖော်အချွတ်ကို ပြသခြင်း
  • လိင်ပြောင်းထားသူများ၊ လိင်လက္ခဏာ ထင်ထင်ရှားရှားမကွဲသူများ အပါအဝင် အမျိုးသားများ၊ ယောက်ျားလေးများ၊ မွေးကင်းစကလေးများနှင့် လမ်းလျှောက်ခါစကလေးများ (အသက် 4 နှစ်အောက်) နှင့် ကျား/မ ခံယူမထားသူများ၏ အဝတ်မပါသော ရင်သားများကို ပြသခြင်း
  • အောက်ပါတို့ကဲ့သို့ လိင်အသားပေးမဟုတ်သော အခြေအနေများတွင် မည်သူမဆို၏ တင်ပါးအပြည့်နှင့် အမျိုးသမီးများ (နှင့် ကျွန်ုပ်တို့တွင် ထပ်ဆောင်းဆက်စပ်အကြောင်းအရာ ရှိသည့်အခါ မိန်းကလေးများ၏) အဝတ်မပါသော ရင်သားများကို ပြသခြင်း-
    • မိခင်နို့တိုက်ကျွေးခြင်း သို့မဟုတ် နို့တိုက်ခြင်းကဲ့သို့ ယဉ်ကျေးမှု ဓလေ့၊ ထုံးတမ်းအရ အဖုံးအကာများ မဝတ်ဆင်သည့် လူမျိုးများ သို့မဟုတ် ကြီးမားသော ရိုးရာဆင်နွှဲမှု ပွဲတော်များအတွင်း (ကာနီဗယ်ပွဲတော်ကဲ့သို့)
    • နိုင်ငံရေးဆန္ဒပြပွဲများကဲ့သို့ သတင်းမှတ်တမ်းရုပ်ရှင် သို့မဟုတ် အသိပညာပေး ဆက်စပ်အကြောင်းအရာများ
    • ရင်သားဖြတ်ထုတ်ပြီးနောက် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းကဲ့သို့ သိပ္ပံ သို့မဟုတ် ဆေးဘက်ဆိုင်ရာ ဆက်စပ်အကြောင်းအရာများ
  • ကမ်းခြေ သို့မဟုတ် ပွဲတော်တစ်ခုတွင် တစ်စုံတစ်ယောက်က ရေကူးဝတ်စုံဝတ်ခြင်း သို့မဟုတ် အားကစားသမားတစ်ဦးက အားကစားဘရာဝတ်ခြင်းကဲ့သို့ ယဉ်ကျေးမှုအရ မျှော်လင့်ထားသော အခြေအနေများတွင် ပေါ်လာသည့် ခန္ဓာကိုယ် လှစ်ဟပြမှုကို ပြသခြင်း

လိင်ပိုင်းအသားပေး ညွှန်ပြသော အကြောင်းအရာ

သင့်ကိုယ်သင် ဖန်တီးမှုရှိစွာ ဖော်ပြရန်၊ သင့်ယဉ်ကျေးမှုကို ဂုဏ်ပြုရန် သို့မဟုတ် ဖျော်ဖြေမှုပေးစွမ်းရန်အတွက် ကြိုးစားရန် သင့်ကို ကျွန်ုပ်တို့ ကြိုဆိုပါသည်။လိင်စိတ်နှိုးဆွမှု သို့မဟုတ် ညွှန်ပြမှုတို့နှင့် ပတ်သက်သည့် အချို့သောအပြုအမူများသည် လူအချို့အတွက် စော်ကားရာရောက်ပြီး လူငယ်များကို အမြတ်ထုတ်ခံရမှု အန္တရာယ်အထိ ဖြစ်စေနိုင်ကြောင်း ကျွန်ုပ်တို့ သတိချပ်မိပါသည်။လိင်ပိုင်းအသားပေးညွှန်ပြရန် ရည်ရွယ်သည့် အသက်ငယ်သူများက ဖန်တီးသော အကြောင်းအရာများကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ ၎င်းတွင် ပွတ်သီးပွတ်သပ် နှုတ်ခမ်းချင်း နမ်းရှုပ်ခြင်း၊ လိင်ပိုင်းအသားပေး ဘောင်ခတ်ပြခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အပြုအမူများ ပါဝင်သည်။ သီချင်းစာသားများကဲ့သို့သော လိင်ပိုင်းဆိုင်ရာ ရည်ညွှန်းချက်များပါသော အနုပညာဆိုင်ရာ အကြောင်းအရာအချို့ကို ကျွန်ုပ်တို့ ခွင့်ပြုပါသည်။

အကြောင်းအရာသည် အရွယ်ရောက်ပြီးသူများ၏ ပွတ်သီးပွတ်သပ် နှုတ်ခမ်းချင်း နမ်းရှုပ်ခြင်း၊ လိင်ပိုင်းအသားပေး ဘောင်ခတ်ပြခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အပြုအမူများကို ပြသပါက သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ထုတ်ကုန်များကို ပြသပါက ၎င်းသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီဘဲ ကန့်သတ်ခံရပါမည် (18 နှစ်နှင့်အထက်ကိုသာ ပြသသည်)။

နောက်ထပ် အချက်အလက်များ

ရည်ရွယ်ချက်ကို ဖော်ပြထားခြင်းမှာ လိင်စိတ်နှိုးဆွနေသော သင်သည် စည်းကမ်းများကို ချိုးဖောက်နေခြင်းဟုတ်ဟု အခြားသူများက ရှုမြင်လျှင် ယင်းကို ခွင့်ပြုကြောင်း ရှင်းလင်းစေရန်ဖြစ်သည်။သို့သော် ရည်ရွယ်ချက်သည် ကြည့်ရှုသူ၏ အမြင်အပေါ်တွင်သာ မူတည်နိုင်သည်ကို ကျွန်ုပ်တို့အသိအမှတ်ပြုပါသည်။ယင်းကို နားလည်အောင်လုပ်ရာတွင် အထောက်အကူဖြစ်စေရန် ကျွန်ုပ်တို့သည် ကိုယ်ရေးအကျဉ်း၊ ဟက်ရှ်တဂ်များ၊ စာတန်းများ (“သင်မြင်တွေ့သောအရာကို နှစ်သက်ပါသလား” ကဲ့သို့) သို့မဟုတ် အသံများ (ညည်းညူခြင်းကဲ့သို့) အပါအဝင် ရည်ရွယ်ချက်ပြလက္ခဏာများကို အသုံးပြုသည်။လိင်ပိုင်းဆိုင်ရာ အသားပေးညွှန်ပြသည်ဟု ယူဆသည့်အရာအပေါ် အမြင်များသည် ဒေသအသီးသီးအလိုက် ကွဲပြားမှုရှိသည်ကိုလည်း ကျွန်ုပ်တို့အသိအမှတ်ပြုပါသည်။ ယင်းက ကျွန်ုပ်တို့၏ အကဲဖြတ်မှုကိုလည်း လမ်းညွှန်ပေးသည်။

ခန္ဓာကိုယ်အတွင်းသားများ ဆိုသည်မှာ လိင်အင်္ဂါ၊ တင်ပါးနှင့် (နို့သီးခေါင်းနှင့် နို့သီးခေါင်းပတ်ချာလည်နေရာများအပါအဝင်) ရင်သားကို ဆိုလိုသည်။

ပွတ်သီးပွတ်သပ်နမ်းရှုပ်ခြင်း ဆိုသည်မှာ လိင်စိတ်နှိုးဆွမှုကိုသော်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာ တုံ့ပြန်မှုအစပျိုးခြင်းကိုသော်လည်းကောင်း အရိပ်အယောင်ပြနိုင်သည့် နမ်းခြင်းကို ဆိုလိုသည်။

လိင်ပိုင်းအသားပေး ဘောင်ခတ်ပြသခြင်းဆိုသည်မှာ ရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ခန္ဓာကိုယ်ကို ကင်မရာရှေ့တွင်ထားရှိခြင်းကဲ့သို့ နည်းပညာများကိုသုံးပြီး အဝတ်အစားပါသော ခန္ဓာကိုယ်အတွင်းသားများကို ရည်ရွယ်ချက်ရှိရှိ အသားပေးပြသသည့် အကြောင်းအရာကို ဆိုလိုသည်။

လိင်အသားပေးအပြုအမူ ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းသားများကို အသားပေးသော ဖျော်ဖြေမှုများ သို့မဟုတ် ထပ်တလဲလဲ ခန္ဓာကိုယ်လှုပ်ရှားမှုများနှင့် တုပထားသော လိင်ပိုင်းဆိုင်ရာလုပ်ရပ်များအပါအဝင် လိင်ပိုင်းဆိုင်ရာ နိုးကြွစေရန်ရည်ရွယ်သော အပြုအမူကို ဆိုလိုသည်။

လိင်ပိုင်းဆိုင်ရာထုတ်ကုန်ဆိုသည်မှာ လိင်အရုပ်ကဲ့သို့ လိင်ပိုင်းဆိုင်ရာဖျော်ဖြေရန်အတွက် အသုံးပြုရန် ဒီဇိုင်းထုတ်ထားသော အရာဝတ္ထု သို့မဟုတ် ကိရိယာကို ဆိုလိုသည်။

ခွင့်မပြုထားပါ

  • လိင်ပိုင်းဆိုင်ရာ လုပ်ရပ်များ သို့မဟုတ် ရာဂနှိုးဆွခြင်းကို ကွက်ကွက်ကွင်းကွင်း ဖော်ပြမှုများကဲ့သို့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းသော အသုံးအနှုန်းကို အသုံးပြုခြင်း
  • အောက်ပါတို့တွင် အသက်ငယ်သူများ ပါဝင်ဆောင်ရွက်နေသည်ကို ပြသခြင်း-
    • ပါးစပ်ပိတ်ခြင်း သို့မဟုတ် ဖွင့်ခြင်း၊ လျှာများ၊ ကိုက်ခြင်း၊ စုပ်ခြင်း သို့မဟုတ် လိုက်စမ်းခြင်း ပါဝင်သည့် နမ်းခြင်းအပါအဝင် ပွတ်သီးပွတ်သပ် နှုတ်ခမ်းချင်း နမ်းရှုပ်ခြင်း
    • ရုပ်ပုံတစ်ပုံကို ဖြတ်ထုတ်ခြင်း သို့မဟုတ် ပုံကြီးချဲ့ခြင်း၊ ဒစ်ဂျစ်တယ် ပြုလုပ်ချက် (စတစ်ကာ သို့မဟုတ် မြားအပါအဝင်) ထည့်ခြင်း သို့မဟုတ် အတွင်းသားပေါ်လွင်သော ခန္ဓာကိုယ်အစိတ်အပိုင်းများကို အာရုံစိုက်စေရန် ကိုင်းညွတ်ခြင်းကဲ့သို့ လိင်အသားပေး ဘောင်ခတ်ပြခြင်း
    • ရင်သား သို့မဟုတ် တင်ပါးများကို ထပ်တလဲလဲ လှုပ်ခါခြင်း သို့မဟုတ် တင်ပါးဆုံရိုးကို လှုပ်ပြခြင်း၊ ဝတ်လစ်စားလစ် ကပြဖျော်ဖြေမှု၊ အဝတ်ဝတ်ထားသည့် အတွင်းသားပေါ်လွင်သော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ယုယစွာပွတ်သပ်ခြင်း သို့မဟုတ် လိင်စိတ်ထကြွမှုကို သွယ်ဝိုက်ညွှန်းဆိုသည့် အသံများ သို့မဟုတ် မျက်နှာအနေအထားများကို လုပ်နေစဉ် ယောက်ျားလိင်တံပုံသဏ္ဌာန်ရှိသော အရာဝတ္ထုများကို လျှာဖြင့်လျှက်ခြင်းကဲ့သို့ လိင်အသားပေး အပြုအမူ

အသက်ကန့်သတ်ထားသည် (18 နှစ်နှင့်အထက်)

  • ပွတ်သီးပွတ်သပ်နမ်းရှုပ်ခြင်း၊ လိင်ပိုင်းအသားပေး ဘောင်ခတ်ပြသခြင်း သို့မဟုတ် လိင်အသားပေး အပြုအမူကို လုပ်ဆောင်နေသည့် အရွယ်ရောက်ပြီးသူများကို ပြသခြင်း
  • လိင်ပိုင်းဆိုင်ရာ ထုတ်ကုန်များကို ပြသခြင်း

FYF အတွက် သတ်မှတ်ချက်မပြည့်မီခြင်း

  • ပွတ်သီးပွတ်သပ်နမ်းရှုပ်ခြင်း၊ လိင်ပိုင်းအသားပေး ဘောင်ခတ်ပြသခြင်း သို့မဟုတ် လိင်အသားပေး အပြုအမူကို လုပ်ဆောင်နေသည့် အရွယ်ရောက်ပြီးသူများကို ပြသခြင်း
  • လိင်ပိုင်းဆိုင်ရာ ထုတ်ကုန်များကို ပြသခြင်း

ခွင့်ပြုထားသည်

  • သီချင်းစာသားများကဲ့သို့သော အနုပညာဆိုင်ရာ အကြောင်းအရာအချို့ရှိ ကွက်ကွက်ကွင်းကွင်းဖြစ်သော လိင်ပိုင်းဆိုင်ရာ ဇာတ်ကြောင်းများ
  • တစ်စုံတစ်ယောက်၏ ပါးကို နမ်းခြင်း သို့မဟုတ် နှုတ်ခမ်းပေါ်တွင် ခဏနမ်းခြင်းကဲ့သို့ နှုတ်ဆက်ခြင်း သို့မဟုတ် ပွတ်သီးပွတ်သပ်မဟုတ်သော နမ်းခြင်းများကို ပြသခြင်း

ထိတ်လန့်စရာနှင့် အနိဋ္ဌာရုံ သရုပ်ဖော်အကြောင်းအရာ

TikTok ၏ ပျော်ရွှင်စရာတစ်စိတ်တစ်ပိုင်းမှာ မထင်မှတ်ထားသော အကြောင်းအရာအသစ်များနှင့် ထိတွေ့ခြင်းဖြစ်သည်။သို့သော် ပလက်ဖောင်းသည် အခြားသူများကို ရည်ရွယ်ချက်ရှိရှိဖြင့် တုန်လှုပ်စေအောင်၊ စိတ်ဆိုးအောင် သို့မဟုတ် ရွံရှာအောင်လုပ်ရမည့် နေရာမဟုတ်ပါ။ဤအကြောင်းအရာအမျိုးအစားသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ သို့မဟုတ် အလွန်အမင်း စိတ်မသက်မသာဖြစ်စေနိုင်သည့် အခြေအနေကို အစပျိုးစေနိုင်သည်ကို ကျွန်ုပ်တို့အသိအမှတ်ပြုပါသည်။ကျွန်ုပ်တို့သည် ရိုင်းစိုင်းသော၊ ကြောက်မက်ဖွယ်ကောင်းသော၊ စိတ်အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် အလွန်ကြမ်းတမ်းသော အကြောင်းအရာများကို ခွင့်မပြုပါ။

အကြောင်းအရာသည် လူ သို့မဟုတ် တိရစ္ဆာန်သွေး၊ ပြင်းထန်သော ကိုယ်ထိလက်ရောက် ထိုးသတ်ခြင်း သို့မဟုတ် အခြားတစ်နည်းအားဖြင့် ကျွန်ုပ်တို့၏ စည်းမျဉ်းများကို ချိုးဖောက်သော်လည်း အများပြည်သူ ကြည့်ရှုရန် အကျိုးရှိသည့် ဖြစ်ရပ်များ၏ အနိဋ္ဌာရုံ ဗီဒီယိုဖိုင်ကို ပြသလျှင် FYF အတွက် သတ်မှတ်ချက်မပြည့်မီဘဲ ကန့်သတ်ခံရပါမည် (18 နှစ်နှင့်အထက်ကိုသာ ပြသသည်)။အကြောင်းအရာသည် စိတ်ကူးယဉ်ဖန်တီးထားသော အနိဋ္ဌာရုံ အကြမ်းဖက်မှု သို့မဟုတ် စိတ်သောကရောက်စေနိုင်သော သို့မဟုတ် အနိဋ္ဌာရုံမြင်ကွင်းအနည်းအကျဉ်း ပါဝင်သော အကြောင်းအရာကို ပြသလျှင်လည်း ၎င်းသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီပါ။

သင်၏ TikTok အတွေ့အကြုံကို စီမံခန့်ခွဲရာတွင် သင့်အား ကူညီရန်အတွက် ကျွန်ုပ်တို့သည် လူ သို့မဟုတ် တိရစ္ဆာန်သွေး၊ တောရိုင်းတိရစ္ဆာန်အချင်းချင်း တိုက်ခိုက်ခြင်း၊ ကြေးစားလုံးထွေးသတ်ပုတ်ခြင်း သို့မဟုတ် စိတ်သောကရောက်စေနိုင်သော သို့မဟုတ် အနိဋ္ဌာရုံမြင်ကွင်းအနည်းအကျဉ်း ပါဝင်သော အကြောင်းအရာများကဲ့သို့သော အကြောင်းအရာအချို့အတွက် “ရွေးချယ်ဝင်ရောက်ခြင်း” မျက်နှာပြင် သို့မဟုတ် သတိပေးအချက်အလက်များကို အသုံးပြုပါသည်။

နောက်ထပ် အချက်အလက်များ

ခွင့်မပြုထားပါ

  • အောက်ပါတို့ကို ပြသခြင်း-
    • လက်တွေ့ကမ္ဘာတွင် နှိပ်စက်ညှဉ်းပန်းမှုနှင့် အနိဋ္ဌာရုံ အကြမ်းဖက်မှု
    • အနိဋ္ဌာရုံ သေဆုံးမှုများနှင့် မတော်တဆဖြစ်ရပ်များ
    • အပေါင်အလက်ဖျက်ထားသော၊ ကိုယ်လက်အင်္ဂါဖြတ်တောက်ထားသော၊ တူးခြစ်နေသော၊ မီးလောင်ထားသော သို့မဟုတ် အပြင်းအထန်ဒဏ်ရာရနေသော ခန္ဓာကိုယ်များ

အသက်ကန့်သတ်ထားသည် (18 နှစ်နှင့်အထက်)

  • အောက်ပါတို့ကို ပြသခြင်း-
    • လူ သို့မဟုတ် တိရစ္ဆာန်၏သွေး
    • ပြင်းထန်သော ကိုယ်ထိလက်ရောက် ထိုးသတ်မှု
    • တရားဥပဒေစိုးမိုးရေးဌာနနှင့် ခိုက်ရန်ဖြစ်ပွားမှုများ သို့မဟုတ် ဗုံးခွဲမှု သို့မဟုတ် သဘာဝဘေးအန္တရာယ် နောက်ဆက်တွဲများကဲ့သို့ အများပြည်သူ ကြည့်ရှုရန် အကျိုးဖြစ်စေသည့် အဖြစ်အပျက်များ၏ အနိဋ္ဌာရုံဗီဒီယို သို့မဟုတ် စိတ်သောကရောက်စေနိုင်သည့် ဗီဒီယိုများ

FYF အတွက် သတ်မှတ်ချက်မပြည့်မီခြင်း

  • အောက်ပါတို့ကို ပြသခြင်း-
    • လူ သို့မဟုတ် တိရစ္ဆာန်၏သွေး
    • ပြင်းထန်သော ကိုယ်ထိလက်ရောက် ထိုးသတ်မှု
    • တရားဥပဒေစိုးမိုးရေးဌာနနှင့် ခိုက်ရန်ဖြစ်ပွားမှုများ သို့မဟုတ် ဗုံးခွဲမှု သို့မဟုတ် သဘာဝဘေးအန္တရာယ် နောက်ဆက်တွဲများကဲ့သို့ အများပြည်သူ ကြည့်ရှုရန် အကျိုးဖြစ်စေသည့် အဖြစ်အပျက်များ၏ အနိဋ္ဌာရုံဗီဒီယို သို့မဟုတ် စိတ်သောကရောက်စေနိုင်သည့် ဗီဒီယိုများ
    • စိတ်ကူးယဉ် အနိဋ္ဌာရုံ အကြမ်းဖက်မှု
    • ပြင်းထန်လွန်းခြင်းမရှိသော ဒဏ်ရာများနှင့် မတော်တဆထိခိုက်မှုများ၊ တိရစ္ဆာန်သေများ၊ ရုတ်တရက် ကြောက်ရွံ့သွားစေသည့် အကျိုးသက်ရောက်မှုများ သို့မဟုတ် ကြောက်မက်ဖွယ် ပြင်ဆင်ထားသည့်မိတ်ကပ်များကဲ့သို့သော စိုးရိမ်ပူပန်မှု သို့မဟုတ် ကြောက်ရွံ့မှုကိုဖြစ်စေနိုင်သည့် စိတ်သောကရောက်စေနိုင်သော အကြောင်းအရာ
    • လူနှင့် တိရစ္ဆာန်တို့၏ ကိုယ်ခန္ဓာ လုပ်ဆောင်မှုများနှင့် အရည်များ (ဆီး သို့မဟုတ် အန်ထားသည်များကဲ့သို့) နှင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းနှင့် အချို့သော တိရစ္ဆာန်များ၏ အနီးကပ်ပုံများ (ဥပမာ- အင်းဆက်များ သို့မဟုတ် ကြွက်များ) အပါအဝင် ရွံရှာမှုဖြစ်စေနိုင်သည့် အနိဋ္ဌာရုံမြင်ကွင်းအနည်းအကျဉ်းပါဝင်သော အကြောင်းအရာ

ခွင့်ပြုထားသည်

  • အောက်ပါတို့ကို ပြသခြင်း-
    • လက်ဝှေ့ သို့မဟုတ် ရောနှောထားသော ကိုယ်ခံပညာကဲ့သို့သော ပညာရှင်အဆင့် တိုက်ခိုက်မှုများ
    • ပညာပေးအကြောင်းအရာ (ဓမ္မတာလာချိန်ကဲ့သို့) နှင့် အနုပညာ အပြင်အဆင်များ (ဥပမာ- အနုပညာလက်ရာများ) တွင် ပြသသည့်သွေး
    • သွေးဝက်အူချောင်း၊ သွေး သို့မဟုတ် အနက်ရောင် ပူတင်း၊ နို့ဆီ သို့မဟုတ် ကိတ်မုန့်တို့ကဲ့သို့သော သွေးမှရရှိသော အစားအသောက်ဆိုင်ရာ ထုတ်ကုန်များ

တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်ခြင်း

TikTok သည် တိရစ္ဆာန်များကိုလေးစားမှုရှိပြီး မတူညီသောယဉ်ကျေးမှုများနှင့် ဒေသအသီးသီးရှိ ကျွန်ုပ်တို့၏ ဘဝများကို ကြွယ်ဝစေမည့်နည်းလမ်းများကို ဂုဏ်ပြုပေးသည့် နေရာတစ်ခု ဖြစ်ပါသည်။တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ လျစ်လျူရှုမှု၊ ရောင်းဝယ်ဖောက်ကားမှု သို့မဟုတ် တိရစ္ဆာန် ခေါင်းပုံဖြတ်မှုပုံစံများကို ခွင့်မပြုပါ။

သင့်ဒေသရှိ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့အစည်းများကို ဆက်သွယ်နည်းအပါအဝင် တိရစ္ဆာန် နှိပ်စက်ညှဉ်းပန်းမှုအကြောင်း ပိုမိုလေ့လာပါ။

နောက်ထပ် အချက်အလက်များ

ခွင့်မပြုထားပါ

  • စီစဉ်ခင်းကျင်းထားသော တိရစ္ဆာန်ထိုးသတ်ပွဲအပါအဝင် တိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါဖြတ်တောက်ခြင်း သို့မဟုတ် နှိပ်စက်ခြင်း
  • အာဟာရချို့တဲ့အောင်ထားခြင်းကဲ့သို့သော တိရစ္ဆာန်များအား နှိပ်စက်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းကို ပြသခြင်း သို့မဟုတ် အားပေးခြင်း
  • အပေါင်အလက်ဖျက်ထားသော၊ ကိုယ်လက်အင်္ဂါဖြတ်တောက်ထားသော၊ တူးခြစ်နေသော၊ မီးလောင်ထားသော သို့မဟုတ် အပြင်းအထန်ဒဏ်ရာရနေသော တိရစ္ဆာန်များ
  • တရားဝင်ခွင့်ပြုချက်မရှိဘဲ တောရိုင်းတိရစ္ဆာန် အမဲလိုက်ခြင်း (ခိုးဖမ်းခြင်း)
  • တိရစ္ဆာန်နှင့် လူအကြား လိင်ဆက်ဆံမှု (တိရစ္ဆာန်နှင့် လိင်ဆက်ဆံမှု)
  • ဆင်စွယ်၊ ကျားအရိုး၊ ကြံ့ချို သို့မဟုတ် ပင်လယ်လိပ်ခွံတို့မှ ပြုလုပ်သော ထုတ်ကုန်များနှင့် ဆေးဝါးများကဲ့သို့သော သက်ရှိတိရစ္ဆာန်အားလုံးနှင့် မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်များ၏ မည်သည့် အစိတ်အပိုင်းအတွက်မဆို အရောင်းအဝယ်ဖြစ်မြောက်စေရန် သို့မဟုတ် ဈေးကွက်ရှာဖွေရန် ကူညီပေးခြင်း

ခွင့်ပြုထားသည်

  • အစားအသောက်နှင့်ပတ်သက်သော ကင်ထားသည့် ကြက်ခြေထောက်များကဲ့သို့ တိရစ္ဆာန်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ
  • တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုအကြောင်း သတိပြုမိစေသည့် ပညာပေးနှင့် မှတ်တမ်းရုပ်ရှင် အကြောင်းအရာ (သိသာ ထင်ရှားသော တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်သည့် အနိဋ္ဌာရုံအကြောင်းအရာ မပါဝင်သရွေ့)