TikTok LogoTikTok Logo

အသိုင်းအဝိုင်း လမ်းညွှန်ချက်များ

ခြုံငုံသုံးသပ်ချက်

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် ထုတ်ဝေခဲ့သည်

၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်တွင် စတင်အကျုံးဝင်သည်

TikTok ဆိုသည်မှာ သင့်အနေဖြင့် အကြောင်းအရာများကို ရှာဖွေတွေ့ရှိနိုင်၊ ဖန်တီးနိုင်ပြီး ကမ္ဘာတစ်ဝန်းရှိ အခြားသူများနှင့် ချိတ်ဆက်နိုင်သည့် ဖျော်ဖြေရေးနှင့် ဗဟုသုတများအစုံအလင်ပေးအပ်နေသော အရင်းအမြစ်တစ်ခုဖြစ်သည်။ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးရန်နှင့် အသုံးပြုသူများပျော်ရွှင်စေရန် ဖြစ်သည်။

ကျွန်ုပ်တို့သည် နွေးထွေးကြိုဆို၍ ဘေးကင်းပြီး ဖျော်ဖြေရေး အတွေ့အကြုံကို ဖန်တီးရန် အသိုင်းအဝိုင်း လမ်းညွှန်ချက်များကို ချမှတ်ထားသည်။လမ်းညွှန်များသည် ကျွန်ုပ်တို့၏ပလက်ဖောင်းပေါ်တွင် ရှိသမျှအရာအားလုံးအပြင် လူတိုင်းနှင့်သက်ဆိုင်ပါသည်။၎င်းတို့တွင် TikTok ၌ ခွင့်ပြုထားသည့်အရာများအတွက် စည်းမျဉ်းများအပြင် သင့်အတွက် သတင်းစဉ် (FYF) တွင် သတ်မှတ်ချက်ပြည့်မီသည့်အရာများအတွက် စံနှုန်းများလည်း ပါဝင်သည်။အသစ်ဖြစ်ပေါ်လာသော အန္တရာယ်များနှင့် ထိခိုက်နစ်နာမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လမ်းညွှန်ချက်များကို စဉ်ဆက်မပြတ် အပ်ဒိတ်လုပ်သည်။

လမ်းညွှန်ချက်များကို ဖတ်ရှုရာတွင် အဆင်ပြေစေရန်အတွက် ကျွန်ုပ်တို့က ၎င်းတို့ကို ခေါင်းစဉ်အလိုက် စုစည်းကာ စည်းမျဉ်းတစ်ခုစီကို စာလုံးထင်ထင်ရှားရှားဖြင့် အသားပေးဖော်ပြသည်။သင်သည် ကဏ္ဍတစ်ခုစီအောက်တွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဥပမာများနှင့် အမေးများသည့် မေးခွန်းများအတွက် ရှင်းလင်းချက်များကို ကြည့်ရှုရန် နောက်ထပ် အချက်အလက်များကို နှိပ်နိုင်သည်။ဥပမာများတွင် အရာအားလုံး အကျုံးဝင်ခြင်းရှိပါ (သင်သည် "အပါအဝင် အခြားထိုမျှမကသော" ဟူသည့် စကားစုကို ထပ်ကာထပ်ကာဖတ်စရာ မလိုအပ်စေရန်အတွက် ရှင်းပြပေးရခြင်းဖြစ်သည်)။သင် မည်သည့်အကြောင်းအရာမျိုးအား မျှဝေရမည်ကို မသေချာမရေရာဖြစ်နေလျှင် သင့်အားဆက်ဆံစေလိုသည့်ပုံစံအတိုင်း အခြားသူများအပေါ် ကြင်ကြင်နာနာဆက်ဆံရန် သတိရပါ။

TikTok အား လူတိုင်းအတွက် နွေးထွေးကြိုဆိုသော နေရာဖြစ်ရန် ကူညီသည့်အတွက် ကျေးဇူးတင်ပါသည်။

အကြောင်းအရာ စိစစ်ခြင်း

ကျွန်ုပ်တို့၏ ပလက်ဖောင်းကို ဘေးကင်းလုံခြုံစေရန်၊ ယုံကြည်စိတ်ချရစေရန်နှင့် တက်ကြွနေစေရန် လုပ်ဆောင်ရာ၌ ဖန်တီးနိုင်စွမ်းရှိသော ထုတ်ဖော်ပြသမှုနှင့် အန္တရာယ်မဖြစ်အောင် ကာကွယ်ခြင်းတို့အား ဟန်ချက်ညီညီ ထိန်းညှိရန် လိုအပ်သည်။ကျွန်ုပ်တို့သည် ဘေးကင်းရေးနည်းလမ်းများကို ပေါင်းစပ်အသုံးပြု၍ ဟန်ချက်ညီအောင် ထိန်းညှိသည်-

ကျွန်ုပ်တို့ ခွင့်မပြုသော အကြောင်းအရာကို ဖယ်ရှားခြင်း

TikTok တွင် ပါဝင်သည့် လူတိုင်းသည် ပလက်ဖောင်းပေါ်တွင် အကြောင်းအရာများကို လွတ်လပ်စွာမျှဝေနိုင်ပါသည်။သို့သော် ကျွန်ုပ်တို့၏ စည်းမျဉ်းများကို ချိုးဖောက်ကြောင်း တွေ့ရှိသောအခါတွင် --အများမြင်အဖြစ်ဖြစ်စေ၊ သီးသန့်အဖြစ်ဖြစ်စေ ပို့စ်တင်ထားသည့်-- အကြောင်းအရာကို ဖယ်ရှားပါသည်။

လူငယ်များအတွက် မသင့်လျော်သော အကြောင်းအရာကို ကန့်သတ်ခြင်း

ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် အကြောင်းအရာမျိုးစုံကို တင်ခွင့်ပြုထားသော်လည်း ၎င်းတို့အားလုံးသည် ငယ်ရွယ်သော ပရိသတ်များအတွက် မသင့်လျော်နိုင်ကြောင်းကိုလည်း နားလည်သဘောပေါက်ပါသည်။ကျွန်ုပ်တို့သည် မသင့်လျော်နိုင်သော အကြောင်းအရာများကို အရွယ်ရောက်ပြီးသူများ (18 နှစ်နှင့်အထက်) သာ ကြည့်ရှုနိုင်ရန် ကန့်သတ်ထားသည်။ကန့်သတ်ထားသော အကြောင်းအရာ အမျိုးအစား အကျဉ်းချုပ်ကို ဤနေရာတွင် တွေ့နိုင်ပါသည်။

ကျွန်ုပ်တို့၏ အကြံပြုချက်စံနှုန်းများနှင့် မကိုက်ညီသော FYF အကြောင်းအရာကို သတ်မှတ်ချက်မပြည့်မီဟု သတ်မှတ်ခြင်း

FYF သည် အကြောင်းအရာအသစ်များကို ရှာဖွေတွေ့ရှိပြီး ပရိသတ်အသစ်များထံ ပျံ့နှံ့ရောက်ရှိရန် အခွင့်အရေးတစ်ခု ဖြစ်သော်လည်း အကြောင်းအရာအားလုံးကို အကြံပြုပေးလိမ့်မည်ဟု အာမ,မခံပါ။ကျွန်ုပ်တို့၏စံနှုန်းများနှင့် မကိုက်ညီသော အကြောင်းအရာသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီပါ။ဤစံနှုန်းအကျဉ်းချုပ်ကို ဤနေရာတွင် တွေ့နိုင်ပါသည်။

အချက်အလက်များ၊ ကိရိယာများနှင့် အရင်းအမြစ်များဖြင့် ကျွန်ုပ်တို့၏အသိုင်းအဝိုင်းကို ကိုယ်တိုင်လုပ်ပိုင်ခွင့်ပေးခြင်း

TikTok သုံးစွဲရာတွင် အဆင်ပြေစေရေးအတွက် စီမံခန့်ခွဲရာတွင် သင့်ကို အထောက်အကူဖြစ်စေမည့် မှန်ကန်သော အချက်အလက်များရှိကြောင်း သေချာစေလိုပါသည်။ကျွန်ုပ်တို့သည် နောက်ထပ် ဆက်စပ်အကြောင်းအရာများကို ဖော်ပြရန်အတွက် အညွှန်းများ၊ "ရွေးချယ်ဝင်ရောက်ခြင်း" မျက်နှာပြင်များ သို့မဟုတ် သတိပေးချက်များကို ထည့်နိုင်သည်။ကျွန်ုပ်တို့၏ ဘေးကင်းရေး ကိရိယာအစုံသည် သင်မြင်တွေ့ရန် အဆင်မပြေသည့် တိကျသောဟက်ရှ်တဂ်များ သို့မဟုတ် မှတ်ချက်များပါသော အကြောင်းအရာများကို စစ်ထုတ်ရန် ကူညီပေးနိုင်ပြီး အကောင့်ထိန်းချုပ်မှုများနှင့် ဘေးကင်းရေး အရင်းအမြစ်များပါသည့် အက်ပ်အတွင်း လုပ်ဆောင်ချက်များကိုလည်း ကျွန်ုပ်တို့က ပံ့ပိုးပေးပါသည်။