TikTok LogoTikTok Logo
ကန့်သတ်ထိန်းချုပ်ထားသည့် ကုန်ပစ္စည်းများနှင့် စီးပွားဖြစ် လုပ်ဆောင်မှုများ

ကန့်သတ်ထိန်းချုပ်ထားသည့် ကုန်ပစ္စည်းများနှင့် စီးပွားဖြစ် လုပ်ဆောင်မှုများ

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် ထုတ်ဝေခဲ့သည်

၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်တွင် စတင်အကျုံးဝင်သည်

TikTok သည် ကန့်သတ်ထိန်းချုပ်ထားသည့် ကုန်ပစ္စည်းများ သို့မဟုတ် စီးပွားဖြစ် လုပ်ဆောင်မှုများနှင့်ပတ်သက်သော အချက်အလက်များကို မျှဝေ သို့မဟုတ် ရှာဖွေနိုင်သည့် နေရာတစ်ခု ဖြစ်သည်။ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ငွေကြေးဆိုင်ရာ လွန်ကဲသော ထိခိုက်မှုအန္တရာယ်မရှိဘဲ လေ့လာသင်ယူနိုင်စေရန် နေရာတစ်ခုကို သင့်အတွက်ပေးထားကြောင်း သေချာစေရန် ကျွန်ုပ်တို့သည် အန္တရာယ်ရှိသော၊ စွဲလမ်းစေသော၊ အန္တရာယ်ရှိသော၊ လိမ်လည်သော သို့မဟုတ် သတိကြီးစွာ ဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်နိုင်သော ကုန်ပစ္စည်းများ သို့မဟုတ် လုပ်ဆောင်မှုများပါဝင်သော အကြောင်းအရာများကို စိစစ်ပါသည်။အချို့သော ကုန်စည်နှင့် ဝန်ဆောင်မှုများ (ဥပမာ- လောင်းကစားနှင့် အရက်သေစာ) အတွက် TikTok ၏ ပြည့်စုံရှင်းလင်းစွာဖော်ပြထားသော ခွင့်ပြုချက်ဖြင့် ကြော်ငြာရှင်များ၏ အခပေး ကြော်ငြာများအတွက် အကန့်အသတ်ရှိသော ခြွင်းချက်များပြုလုပ်ပေးထားပြီး ၎င်းတို့သည် သက်ဆိုင်ရာ အသက်အရွယ်ပစ်မှတ်ထားခြင်းဆိုင်ရာ ကန့်သတ်ချက်များ၊ ဥပဒေများနှင့် စည်းမျဉ်းများအားလုံးကို လိုက်နာရမည်ဖြစ်သည် (ကျွန်ုပ်တို့၏ ကြော်ငြာမူဝါဒအကြောင်းကို နောက်ထပ် လေ့လာပါ)

လောင်းကစားခြင်း

ကမ္ဘာတစ်ဝန်းရှိ လူအများသည် အခွင့်အလမ်းဂိမ်းများဖြင့် ဖျော်ဖြေမှုကို ရှာဖွေကြသည်။ဂိမ်းတစ်ခု သို့မဟုတ် လောင်းကစားတစ်ခုတွင် ငွေကြေးစွန့်စားခြင်းသည် ဆိုးရွားသော ငွေကြေးဆုံးရှုံးခြင်း သို့မဟုတ် စွဲလမ်းခြင်းဆိုင်ရာ စိတ်ကျန်းမာရေးပြဿနာများအပါအဝင် လူအချို့အတွက် အန္တရာယ်ဖြစ်စေနိုင်သည်ကို ကျွန်ုပ်တို့ သိရှိထားပါသည်။လောင်းကစား သို့မဟုတ် လောင်းကစားနှင့်တူသော ဆောင်ရွက်ချက်များအတွက် ဖြစ်မြောက်အောင် ကူညီပေးခြင်း သို့မဟုတ် ဈေးကွက်ရှာဖွေခြင်းကို ကျွန်ုပ်တို့ ခွင့်မပြုပါ။

လောင်းကစားသည် လူငယ်များကို လွန်စွာထိခိုက်နစ်နာနိုင်စေပြီး ပရိသတ်အားလုံးအတွက် မသင့်လျော်နိုင်သည်ကိုလည်း ကျွန်ုပ်တို့ သိရှိနားလည်ပါသည်။အကြောင်းအရာသည် လောင်းကစား သို့မဟုတ် လောင်းကစားနှင့်တူသော ဆောင်ရွက်ချက်များအား ပြသလျှင် သို့မဟုတ် စွဲမက်ဖွယ်ရာ ဖန်တီးထားလျှင် ၎င်းသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီဘဲ ကန့်သတ်ခံရပါမည် (18 နှစ်နှင့်အထက်ကိုသာ ပြသမည်)။

နောက်ထပ် အချက်အလက်များ

လောင်းကစားဆိုသည်မှာ ငွေကြေး အမြတ်အစွန်းတစ်ခုရရှိရန် ရလဒ်မသေချာသည့် ဖြစ်ရပ်တစ်ခုတွင် ငွေ (ဘစ်ကွိုင်ကဲ့သို့သော ဒစ်ဂျစ်တယ်ငွေကြေးများ အပါအဝင်) သို့မဟုတ် အခြား ငွေကြေးတန်ဖိုးရှိသည့် အရာတစ်ခုခုဖြင့် လောင်းကစား ပြုလုပ်ခြင်းဖြစ်သည်။

လောင်းကစားနှင့်တူသော ဆောင်ရွက်ချက်များ ဆိုသည်မှာ လောင်းကစားဟုသတ်မှတ်ရလောက်သည့်အဆင့်အထိ မရောက်သော်လည်း လူမှုကွန်ရက်များရှိ ကာစီနိုဂိမ်းများနှင့် လောင်းကစားနှင့်ဆက်စပ်သော ဆော့ဖ်ဝဲကဲ့သို့ အပြုအမူအားဖြင့် ဆင်တူပြီး အလားတူအန္တရာယ်များကို ဖြစ်ပေါ်စေသည့် ဆောင်ရွက်ချက်များကို ဆိုလိုသည်။

ခွင့်မပြုထားပါ

  • လောင်းကစား ဝန်ဆောင်မှုတစ်ခုအတွက် လင့်ခ်ပေးခြင်းကဲ့သို့ လောင်းကစား သို့မဟုတ် လောင်းကစားနှင့်တူသော လှုပ်ရှားမှုများကို ဖြစ်မြောက်အောင်ဆောင်ရွက်ပေးခြင်း
  • ဝက်ဘ်ဆိုက်သို့သွားရန် လူများအား တိုက်တွန်းခြင်း သို့မဟုတ် လင့်ခ်ပေးခြင်းကဲ့သို့ လောင်းကစား သို့မဟုတ် လောင်းကစားနှင့်တူသော ဆောင်ရွက်ချက်များအတွက် ဈေးကွက်ရှာဖွေခြင်း

အသက်ကန့်သတ်ထားသည် (18 နှစ်နှင့်အထက်)

  • လောင်းကစားလုပ်နေသူတစ်ယောက်ကို ဗီဒီယိုရိုက်ပြခြင်း သို့မဟုတ် လောင်းကစားနှင့်ပတ်သက်၍ ယေဘုယျအားဖြင့် အကောင်းဘက်မှ ပြောဆိုခြင်းများကဲ့သို့ လောင်းကစား သို့မဟုတ် လောင်းကစားနှင့်တူသော ဆောင်ရွက်ချက်များကို ပြသခြင်း သို့မဟုတ် စွဲမက်ဖွယ် ဖန်တီးထားခြင်း

FYF အတွက် သတ်မှတ်ချက်မပြည့်မီခြင်း

  • လောင်းကစားလုပ်နေသူတစ်ယောက်ကို ဗီဒီယိုရိုက်ပြခြင်း သို့မဟုတ် လောင်းကစားနှင့်ပတ်သက်၍ ယေဘုယျအားဖြင့် အကောင်းဘက်မှ ပြောဆိုခြင်းများကဲ့သို့ လောင်းကစား သို့မဟုတ် လောင်းကစားနှင့်တူသော ဆောင်ရွက်ချက်များကို ပြသခြင်း သို့မဟုတ် စွဲမက်ဖွယ် ဖန်တီးထားခြင်း

ခွင့်ပြုထားသည်

  • TikTok သတ်မှတ်ချက်များနှင့် သက်ဆိုင်ရာ အသက်အလိုက် ပစ်မှတ်ထားသော ကန့်သတ်ချက်များ၊ ဥပဒေများနှင့် စည်းမျဉ်းများအားလုံးကို လိုက်နာ၍ အခပေးကြော်ငြာများအတွက် ကန့်သတ်ထားသော ခြွင်းချက်များ။

အရက်၊ ဆေးရွက်ကြီးနှင့် မူးယစ်ဆေးဝါးများ

အရွယ်ရောက်ပြီးသူများအနေဖြင့် အရက်၊ မူးယစ်ဆေးဝါးနှင့် ဆေးရွက်ကြီးကို အသုံးပြုခြင်းနှင့်ပတ်သက်၍ ၎င်းတို့စိတ်ကြိုက် ရွေးချယ်မှုများကို ပြုလုပ်ကြသော်လည်း ထိုအရာများကို ရောင်းဝယ်ခြင်း၊ အသုံးပြုခြင်းနှင့် ဆက်စပ်နေသော အန္တရာယ်များ ရှိနေကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။အရက်၊ ဆေးရွက်ကြီးထုတ်ကုန်များနှင့် မူးယစ်ဆေးဝါးများရောင်းဝယ်ခြင်းကို ခွင့်မပြုပါ။

ဤအရာများသည် လူငယ်များအတွက် အလွန်အန္တရာယ်ဖြစ်စေနိုင်သည်ကို ကျွန်ုပ်တို့အသိအမှတ်ပြုပါသည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ သုံးဆွဲမှုကိုပြသခြင်း နှင့်လက်ဝယ်ပိုင်ဆိုင်ထားရှိခြင်းများကိုလည်း ခွင့်မပြုပါ။လူငယ်များအား အရက်၊ ဆေးရွက်ကြီးထုတ်ကုန်များနှင့် မူးယစ်ဆေးဝါးများကို လက်ဝယ်ပိုင်ဆိုင်ထားရှိခြင်း သို့မဟုတ် သုံးဆွဲမှုကိုပြသခြင်းကို ခွင့်မပြုပါ။

အကြောင်းအရာသည် မူးယစ်ဆေးဝါးနှင့်တားမြစ်ကန့်သတ်ဆေးဝါးများ အကြောင်းဆွေးနွေးခြင်း သို့မဟုတ် အရွယ်ရောက်ပြီးသူများ အရက်အလွန်အကျွံသောက်သုံးမှု သို့မဟုတ် ဆေးရွက်ကြီးထုတ်ကုန်များသုံးစွဲမှုကို အားပေးပြသထားလျှင် ၎င်းသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီဘဲကန့်သတ်ခံရမည် (18 နှစ်နှင့်အထက်ကိုသာ ပြသမည်)။

မူးယစ်ဆေး သုံးစွဲမှုအကြောင်း နောက်ထပ် လေ့လာပြီး ကုသမှု၊ ပံ့ပိုးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မှီငြမ်းစရာများအတွက် အချက်အလက်ရှာဖွေပါ။

နောက်ထပ် အချက်အလက်များ

ဆေးရွက်ကြီး ထုတ်ကုန်များတွင် ဆေးရွက်ကြီး အငွေ့ရှူသည့် (vaping) ထုတ်ကုန်ပစ္စည်းများ၊ မီးခိုးမထွက်သော သို့မဟုတ် လောင်ကျွမ်းနိုင်သော ဆေးရွက်ကြီး ထုတ်ကုန်များ၊ ဓာတုနီကိုတင်း ထုတ်ကုန်များ၊ အီး-စီးကရက်များနှင့် အခြားသော အီလက်ထရွန်းနစ် နီကိုတင်းဓာတ်ပို့သည့် စနစ်များ ပါဝင်သည်။

ကန့်သတ်ထားသော ဒြပ်ပစ္စည်း၊ ဆေးပစ္စည်းများတွင် ဆေးညွှန်းဆေးများ၊ အရောင်းဆိုင်မှဝယ်ယူနိုင်သည့် ဆေးဝါးများ၊ ရှူရှိုက်ရသည့် ဆေးဘူးများ (ဆေးတောင့်များ) နှင့် နိုက်ထရိုက်ပေါ့ပ်ပါးများ ပါဝင်သည်။

ခွင့်မပြုထားပါ

  • အရက်၊ ဆေးရွက်ကြီးထုတ်ကုန်များ၊ မူးယစ်ဆေးဝါး သို့မဟုတ် အခြားကန့်သတ်ထိန်းချုပ်ထားသည့် ကုန်ပစ္စည်းများအား ရောင်းဝယ်ဖောက်ကားရန် ဆောင်ရွက်ပေးခြင်း
  • ဆေးရွက်ကြီးထုတ်ကုန်များ၊ မူးယစ်ဆေးဝါး သို့မဟုတ် အခြားကန့်သတ်ထိန်းချုပ်ထားသည့် ပစ္စည်းများအတွက် ဈေးကွက်မြှင့်တင်ခြင်း
  • အိမ်တွင် အရက်ပြန်၊ ဆေးဝါးများ သို့မဟုတ် အခြားကန့်သတ်ထိန်းချုပ်ထားသည့် ကုန်ပစ္စည်းများ ပြုလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက်များပေးခြင်း
  • အပန်းဖြေ မူးယစ်ဆေးဝါး သို့မဟုတ် အခြားကန့်သတ်ထိန်းချုပ်ထားသည့် ကုန်ပစ္စည်းများကို သုံးစွဲခြင်း၊ သုံးဆွဲမှုကိုပြသခြင်းနှင့် လက်ဝယ်ပိုင်ဆိုင်ထားရှိခြင်း
  • လူငယ်များ အရက်၊ ဆေးရွက်ကြီးထုတ်ကုန်များ၊ မူးယစ်ဆေးဝါး သို့မဟုတ် အခြားကန့်သတ်ထိန်းချုပ်ထားသည့် ကုန်ပစ္စည်းများကို ပိုင်ဆိုင် သို့မဟုတ် အသုံးပြုနေသည်ကိုပြသခြင်း
  • ရောဂါ ကုသဆေးများ၊ ဇာတိပ္ဖိုလ်သီး၊ နိုက်ထရက်အောက်ဆိုဒ်ဘူးများ သို့မဟုတ် ကော်ရှူခြင်းကဲ့သို့ မူးယစ်စေရန် အသုံးများသော အိမ်သုံးပစ္စည်းများ သို့မဟုတ် အရောင်းဆိုင်တွင် ဝယ်ယူနိုင်သည့် ပစ္စည်းများကို တလွဲသုံးစွဲပြခြင်း

အသက်ကန့်သတ်ထားသည် (18 နှစ်နှင့်အထက်)

  • မူးယစ်ဆေးဝါး သို့မဟုတ် အခြားကန့်သတ်ထိန်းချုပ်ထားသည့် ပစ္စည်းများကို ဆွေးနွေးခြင်း (ပစ္စည်းများ အသုံးမပြုခြင်း သို့မဟုတ် မပြသသရွေ့)
  • အရက်အလွန်အကျွံသောက်နေသည့် အရွယ်ရောက်ပြီးသူများကို ပြသခြင်း
  • ဆေးရွက်ကြီးထုတ်ကုန်များကို ကြော်ငြာခြင်း
  • ဆေးရွက်ကြီးထုတ်ကုန်များကို သုံးစွဲနေသည့် အရွယ်ရောက်ပြီးသူများကို ပြသခြင်း
  • အရက်ထုတ်ကုန်များကို ကြော်ငြာခြင်း

FYF အတွက် သတ်မှတ်ချက်မပြည့်မီခြင်း

  • မူးယစ်ဆေးဝါး သို့မဟုတ် အခြားကန့်သတ်ထိန်းချုပ်ထားသည့် ပစ္စည်းများကို ဆွေးနွေးခြင်း (ပစ္စည်းများ အသုံးမပြုခြင်း သို့မဟုတ် မပြသသရွေ့)
  • အရက်အလွန်အကျွံသောက်နေသည့် အရွယ်ရောက်ပြီးသူများကို ပြသခြင်း
  • ဆေးရွက်ကြီးထုတ်ကုန်များကို ကြော်ငြာခြင်း

ခွင့်ပြုထားသည်

  • မူးယစ်ဆေးဝါး တလွဲသုံးစွဲမှုအကြောင်း အသိပညာပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး သတင်းများကို မျှဝေခြင်း
  • မူးယစ်ဆေးဝါး မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများ ပြုပြင်ပြောင်းလဲရေးအတွက် တိုက်တွန်းနှိုးဆော်ခြင်း

သေနတ်များနှင့် အန္တရာယ်ရှိသော လက်နက်များ

TikTok သည် လက်နက်ကို တာဝန်သိသိ အသုံးပြုခြင်းနှင့် လက်ဝယ်ပိုင်ဆိုင်ခြင်းအပြင် ဆက်စပ်သော ပြင်းထန်သည့် ထိခိုက်မှုဖြစ်နိုင်ခြေအကြောင်း အချက်အလက်များကို မျှဝေနိုင်သည့် သို့မဟုတ် ရှာဖွေနိုင်သည့် နေရာတစ်ခုဖြစ်သည်။သေနတ်များနှင့် ပေါက်ကွဲစေနိုင်သော လက်နက်များသည် အထူးသဖြင့် အန္တရာယ်ရှိသော နည်းလမ်းဖြင့် အသုံးပြုသည့်အခါ ပြင်းထန်သော ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးခြင်းကို ဖြစ်စေနိုင်ပါသည်။သေနတ်များ သို့မဟုတ် ပေါက်ကွဲစေနိုင်သည့် လက်နက်များကို ရောင်းဝယ်ဖောက်ကားခြင်း သို့မဟုတ် ဈေးကွက်ရှာဖွေခြင်း သို့မဟုတ် ဘေးကင်းသော သို့မဟုတ် သင့်တော်သော နေရာတွင် အသုံးမပြုထားခြင်းမဟုတ်ပါက ၎င်းတို့ကို ပြသသည့် သို့မဟုတ် ကြော်ငြာသည့် အကြောင်းအရာကို ကျွန်ုပ်တို့ ခွင့်မပြုပါ။

နောက်ထပ် အချက်အလက်များ

သေနတ်များတွင် ကျွမ်းကျင်စွာ ထုတ်လုပ်ထားသော သေနတ်များ၊ (သရဲသေနတ်များ သို့မဟုတ် 3D ဖြင့် ပုံထုတ်ထားသည့် သေနတ်များကဲ့သို့) တီထွင်ဖန်တီးထားသော သေနတ်များ၊ သေနတ်ဆက်စပ်ပစ္စည်းများနှင့် ခဲယမ်းမီးကျောက်များ ပါဝင်သည်။

ဘေးကင်းသော သို့မဟုတ် သင့်တော်သော အနေအထားများတွင် (စစ်တပ်နှင့် ရဲကဲ့သို့) ကျွမ်းကျင်သူများ၊ (သေနတ်ပစ်ကွင်းများနှင့် အမဲလိုက်ခြင်းကဲ့သို့သော) အပန်းဖြေ ပတ်ဝန်းကျင်များ၊ ပညာရေး စကားဝိုင်းများနှင့် စိတ်ကူးယဉ်ဆန်သော အခြေအနေများ ပါဝင်ပါသည်။

ခွင့်မပြုထားပါ

  • သေနတ် သို့မဟုတ် ပေါက်ကွဲစေတတ်သော လက်နက်များအား ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးခြင်း သို့မဟုတ် ယင်းတို့ကို ပြုလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက်များပေးခြင်း
  • သေနတ် သို့မဟုတ် ပေါက်ကွဲစေတတ်သော လက်နက်များအတွက် ဈေးကွက်ရှာဖွေခြင်း
  • ဘေးကင်းသော သို့မဟုတ် သင့်လျော်သောနေရာတွင် အသုံးမပြုထားသည့် သေနတ် သို့မဟုတ် ပေါက်ကွဲစေတတ်သောလက်နက်များကို ပြသခြင်း သို့မဟုတ် ကြော်ငြာခြင်း

ကန့်သတ်ထိန်းချုပ်ထားသည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအား ရောင်းဝယ်ဖောက်ကားခြင်း

ကန့်သတ်ထိန်းချုပ်ထားသည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများသည် အရေးကြီးပြီး မရှိမဖြစ် အခန်းကဏ္ဍမှ ပါဝင်လေ့ရှိသည်။ထို့အပြင် ဤအရာများကို အကြောင်းရင်းတစ်ခုဖြင့် ကန့်သတ်ထိန်းချုပ်ထားကြောင်းကို သိရှိနားလည်ရန် အရေးကြီးပါသည်။TikTok သည် တရားမဝင် ကုန်ကူးခြင်း သို့မဟုတ် ရောင်းဝယ်ဖောက်ကားခြင်းအတွက် နေရာတစ်ခု သို့မဟုတ် တရားမဝင် ဈေးကွက်တစ်ခု (မှောင်ခို သို့မဟုတ် ခွင့်ပြုမထားသော ဈေးကွက်များ) မဟုတ်ပါ။ကန့်သတ်ထိန်းချုပ်ထားသော၊ တားမြစ်ထားသော သို့မဟုတ် အန္တရာယ်များသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ရောင်းဝယ်ဖောက်ကားမှုအား ဆောင်ရွက်ပေးခြင်း သို့မဟုတ် ဈေးကွက်ရှာဖွေခြင်းကို ကျွန်ုပ်တို့ ခွင့်မပြုပါ။ ၎င်းတွင် အရက်၊ ဆေးရွက်ကြီးထုတ်ကုန်များ၊ ကန့်သတ်ထိန်းချုပ်ထားသည့် ကုန်ပစ္စည်းများ၊ သေနတ်များနှင့် အခြားအန္တရာယ်ရှိသော လက်နက်များ၊ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ၊ တိရစ္ဆာန်များ၊ အတုအပ ပစ္စည်းများနှင့် ကန့်သတ်ထိန်းချုပ်ထားသော ကုန်ပစ္စည်းများ သို့မဟုတ် သေနတ်များ ထုတ်လုပ်နည်းဆိုင်ရာ လမ်းညွှန်ချက်များ ပါဝင်ပါသည်။

နောက်ထပ် အချက်အလက်များ

ရောင်းဝယ်ဖောက်ကားမှုတွင် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ညွှန်းပို့ပေးခြင်း၊ လဲလှယ်ခြင်းနှင့် မေတ္တာလက်ဆောင်ပေးခြင်းတို့ ပါဝင်သည်။၎င်းတွင် ဝဘ်စာမျက်နှာများ သို့မဟုတ် အမှန်တကယ် တည်ရှိသည့် နေရာများကို ဖော်ပြပေးခြင်း၊ ဆက်သွယ်ရန်အချက်အလက်များ မျှဝေခြင်းနှင့် (တိုက်ရိုက် စာပို့ခြင်း အပါအဝင်) ပလက်ဖောင်းပေါ်တွင် သို့မဟုတ် ပြင်ပတွင် အပြန်အလှန် ပြောဆိုဆက်ဆံရန်အတွက် လူများကို ညွှန်းပို့ပေးခြင်းတို့ ပါဝင်ပါသည်။

ဆေးရွက်ကြီး ထွက်ကုန်များတွင် ဆေးရွက်ကြီး အငွေ့ရှူသည့် (vaping) ထုတ်ကုန်ပစ္စည်းများ၊ မီးခိုးမထွက်ဘဲ လောင်ကျွမ်းနိုင်သော ဆေးရွက်ကြီး ထုတ်ကုန်များ၊ ဓာတုနီကိုတင်း ထုတ်ကုန်များ၊ အီး-စီးကရက်များနှင့် အခြားသော အီလက်ထရွန်းနစ် နီကိုတင်းဓာတ်ပို့သည့် စနစ်များ ပါဝင်သည်။

ကန့်သတ်ထားသော ဒြပ်ပစ္စည်း၊ ဆေးပစ္စည်းများတွင် ဆေးညွှန်းဆေးများ၊ အရောင်းဆိုင်မှဝယ်ယူနိုင်သည့် ဆေးဝါးများ၊ ရှူရှိုက်ရသည့် ဆေးဘူးများ (ဆေးတောင့်များ) နှင့် နိုက်ထရိုက်ပေါ့ပ်ပါးများ ပါဝင်သည်။

သေနတ်များတွင် ကျွမ်းကျင်စွာ ထုတ်လုပ်ထားသော သေနတ်များ၊ (သရဲသေနတ်များ သို့မဟုတ် 3D ဖြင့် ပုံထုတ်ထားသည့် သေနတ်များကဲ့သို့) တီထွင်ဖန်တီးထားသော သေနတ်များ၊ သေနတ်ဆက်စပ်ပစ္စည်းများနှင့် ခဲယမ်းမီးကျောက်များ ပါဝင်သည်။

ခွင့်မပြုထားပါ

  • ကန့်သတ်ထိန်းချုပ်ထားသော၊ တားမြစ်ထားသော သို့မဟုတ် အန္တရာယ်များသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ရောင်းဝယ်ဖောက်ကားခြင်း သို့မဟုတ် ဈေးကွက်ရှာဖွေခြင်း အား အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးခြင်း။ ယင်းတွင် ပါဝင်သည်များမှာ-
    • လောင်းကစားလုပ်ခြင်း သို့မဟုတ် လောင်းကစားနှင့်တူသော ဆောင်ရွက်ချက်များ
    • အရက်နှင့် ဆေးရွက်ကြီး ထွက်ကုန်များ
    • တရားမဝင် ဆေးဝါးများ၊ ဆရာဝန်ညွှန်သည့်ဆေးများနှင့် ဆေးဆိုင်မှ ဝယ်ယူနိုင်သည့်ဆေးများ၊ကိုယ်အလေးချိန် ကျစေသည့် သို့မဟုတ် ကြွက်သားတိုးစေသည့် ထုတ်ကုန်များ နှင့် အခြားကန့်သတ်ထိန်းချုပ်ထားသော ကုန်ပစ္စည်းများ
    • သေနတ်နှင့် ပေါက်ကွဲစေတတ်သော လက်နက်များ
    • ဇိမ်ခံပစ္စည်းများကဲ့သို့ အတုအပ ပစ္စည်းများ
    • ငွေကြေးအတု၊ စာရွက်စာတမ်းများနှင့် ခိုးယူထားသော အချက်အလက်
    • အတုအယောင်နည်းဖြင့် စိတ်ဝင်စားမှုပိုရအောင်လုပ်သည့် ဝန်ဆောင်မှုများ
    • လိင်ပိုင်းဆိုင်ရာ လုပ်ရပ်များကို ကမ်းလှမ်းခြင်း သို့မဟုတ် တောင်းခံခြင်း (မြှူဆွယ်ခြင်း)၊ လိင်အသားပေး စကားစမြည်ပြောခြင်းများ၊ လိင်အသားပေးရုပ်ပုံများ၊ ညစ်ညမ်းရုပ်ပုံ၊ အဖွဲ့ဝင်သီးသန့် အကြောင်းအရာများနှင့် ဖော်ချွတ်ခြင်း၊ ကိုယ်လုံးတီး ကိုယ်ဟန်ပြခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အာသာဖြေခြင်းကဲ့သို့ အရွယ်ရောက်ပြီးသူများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဝဘ်ကင်မရာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခြင်း (အခကြေးငွေယူ၍ ကင်မရာရှေ့တွင် လိင်အသားပေး ဖျော်ဖြေပြခြင်း) အပါအဝင် လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ
    • ဆင်စွယ်၊ ကျားရိုးများ၊ ကြံ့စွယ်များ သို့မဟုတ် ပင်လယ်လိပ်ခွံများမှ ပြုလုပ်ထားသည့် ထုတ်ကုန်များနှင့် ဆေးဝါးများကဲ့သို့ သက်ရှိ တိရစ္ဆာန်များနှင့် မျိုးသုဉ်းနိုင်ခြေအန္တရာယ်ရှိသော တိရစ္ဆာန်တစ်ကောင်၏ မည်သည့်အစိတ်အပိုင်းမဆို
    • အမုန်းပွားစေနိုင်သော အမှတ်တံဆိပ်ပါရှိသည့် စာအုပ်များ သို့မဟုတ် အဝတ်အစားများကဲ့သို့ အမုန်းစကား၊ အမုန်းပွားစေသော သဘောတရားများ သို့မဟုတ် အမုန်းပွားစေသော အဖွဲ့အစည်းများကို အားပေးထောက်ခံသည့် မည်သည့်အရာပစ္စည်းမဆို

စီးပွားဖြစ် ထုတ်ဖော်ချက်နှင့် အခပေး ဈေးကွက်ရှာဖွေခြင်း

ကျွန်ုပ်တို့သည် စစ်မှန်သော အမြင်များကို တန်ဖိုးထားပြီး TikTok ပေါ်တွင် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအကြောင်း ပွင့်ပွင့်လင်းလင်းနှင့် ရိုးရိုးသားသား ဆွေးနွေးမှုများကို ပြုလုပ်စေလိုပါသည်။လူများအထင်အမြင်လွဲမှားခြင်း မဖြစ်စေရန်အတွက် သင်၏ထုတ်ပြန်ချက်များဆိုင်ရာ ယုံကြည်စိတ်ချရမှုနှင့် ဆက်စပ်မှုရှိနိုင်သည့် အရေးကြီးသော ဆက်နွှယ်ပတ်သက်မှုမှန်သမျှကို အသိအမှတ်ပြု ဖော်ပြထားရန် အရေးကြီးပါသည်။အကယ်၍ သင်သည် စီးပွားရေး လုပ်ငန်း၊ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုအတွက် ဈေးကွက်ရှာဖွေနေပါက အကြောင်းအရာ ထုတ်ဖော်ချက် ဆက်တင်ကို အသုံးပြု၍ ၎င်းကို ထုတ်ဖော်ရပါမည်။၎င်းတွင် သင်ကိုယ်တိုင်အတွက် ဈေးကွက်ရှာဖွေခြင်းဖြစ်စေ၊ ငွေပေးချေမှု သို့မဟုတ် အခြားခံစားခွင့်အလို့ငှာ အပြန်အလှန်အနေဖြင့် ပြင်ပအဖွဲ့အစည်း ကုန်အမှတ်တံဆိပ်၊ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုအတွက် ဈေးကွက်ရှာဖွေပေးခြင်းဖြစ်စေ ပါဝင်သည်။အကြောင်းအရာ ထုတ်ဖော်ချက် ဆက်တင်ကို အသုံးပြု၍ ဈေးကွက်ရှာဖွေရေး အကြောင်းအရာဖြစ်သည်ဟု ထုတ်ဖော်မပြောထားပါက ထိုအကြောင်းအရာသည် FYF အတွက် သတ်မှတ်ချက်မပြည့်မီပါ။အခြားအရေးကြီးသော ဆက်နွှယ်ပတ်သက်မှုဆိုင်ရာ အမျိုးအစားများအတွက် သင်သည် အဆိုပါ ဆက်စပ်မှုများအကြောင်းကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောရမည်။

TikTok တွင် အခကြေးငွေပေးရသည့် နိုင်ငံရေးဆိုင်ရာ ဈေးကွက်ရှာဖွေသော မည်သည့်ပုံစံမျိုးကိုမဆို ခွင့်မပြုပါ။ အစိုးရ၊ နိုင်ငံရေးသမားနှင့် နိုင်ငံရေးပါတီစာရင်းများနှင့် ပတ်သက်သည့် ကျွန်ုပ်တို့၏ မူဝါဒအကြောင်း ပိုမိုလေ့လာပါ။

နောက်ထပ် အချက်အလက်များ

အရေးကြီးသော ဆက်နွှယ်ပတ်သက်မှု ဆိုသည်မှာ ကိုယ်စားပြုခြင်း သို့မဟုတ် ထောက်ခံကြော်ငြာပေးခြင်းဆိုင်ရာ အများယုံကြည်လက်ခံနိုင်မှုအပေါ် သိသာထင်ရှားသော သက်ရောက်မှုတစ်ခုရှိနိုင်သည့် ဆက်ဆံရေးတစ်ခုကို ဆိုလိုသည်။၎င်းတွင် ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ အလုပ်အကိုင်နှင့် ငွေကြေးဆိုင်ရာ ဆက်ဆံရေးများ ပါဝင်နိုင်သည်။

ငွေပေးချေမှု သို့မဟုတ် အခြားခံစားခွင့်ဆိုသည်မှာ ငွေသားပေးချေမှုများ၊ အခမဲ့ထုတ်ကုန်များ၊ စတိုးဆိုင်ခရက်ဒစ်၊ လျှော့စျေးများနှင့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် အစီအစဉ်များကို အထူးရယူအသုံးပြုခွင့်အား ရည်ညွှန်းထားနိုင်ပါသည်။

ငွေပေးချေမှု သို့မဟုတ် အခြားခံစားခွင့်ဆိုသည်မှာ ငွေသားပေးချေမှုများ၊ အခမဲ့ထုတ်ကုန်များ၊ စတိုးဆိုင်ခရက်ဒစ်၊ လျှော့စျေးများနှင့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် အစီအစဉ်များကို အထူးရယူအသုံးပြုခွင့်အား ရည်ညွှန်းထားနိုင်ပါသည်။

  • သင့်စီးပွားရေး လုပ်ငန်း၊ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကို ဈေးကွက်ရှာဖွေသည့် အကြောင်းအရာ
  • ငွေပေးချေမှု သို့မဟုတ် အခြားခံစားခွင့်တစ်ခုခုအလို့ငှာ အပြန်အလှန်အနေဖြင့် ပြင်ပအဖွဲ့အစည်း အမှတ်တံဆိပ် သို့မဟုတ် ၎င်း၏ စီးပွားရေး လုပ်ငန်း၊ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို ဈေးကွက်ရှာဖွေပေးသည့် အကြောင်းအရာ
  • သင်သည် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို ထုတ်လုပ်ခြင်း သို့မဟုတ် ရောင်းချခြင်းတွင် ပါဝင်သည့် ကုမ္ပဏီ သို့မဟုတ် စက်ရုံနှင့် ပတ်သက်မှု သို့မဟုတ် ဆက်နွှယ်မှုတစ်ခု ရှိသည့်အခါ စာတန်း၊ ရေစာ သို့မဟုတ် စတစ်ကာဖြင့် ရှင်းရှင်းလင်းလင်း ထုတ်ဖော်၍ အဆိုပါထုတ်ကုန်၊ ဝန်ဆောင်မှု သို့မဟုတ် စက်ရုံနှင့် ပတ်သက်ပြီး သုတေသနပြုလုပ်ခြင်းကဲ့သို့ အခြားအရေးကြီးသော ဆက်နွှယ်ပတ်သက်မှုများ

FYF အတွက် သတ်မှတ်ချက်မပြည့်မီခြင်း

  • အကြောင်းအရာ ထုတ်ဖော်ချက် ဆက်တင်ကို အသုံးပြု၍ ထုတ်ဖော်မထားသော ဈေးကွက်ရှာဖွေရေး အကြောင်းအရာ

လိမ်လည်လှည့်ဖြားခြင်းများနှင့် တစ်ပတ်ရိုက်ခြင်းများ

သင့်အနေဖြင့် ငွေရေးကြေးရေးအရ တာဝန်ယူရမည့် နည်းလမ်းများအကြောင်း လေ့လာပြီး တစ်ပတ်ရိုက်ခြင်းများ သို့မဟုတ် ငွေကြေးဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့်ပတ်သက်ပြီး စိတ်ပူစရာမလိုဘဲ စီးပွားရေးဆိုင်ရာ အရောင်းအဝယ်များ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ထည့်သွင်းစဉ်းစားရန်အတွက် TikTok ကို အသုံးပြုနိုင်စေလိုပါသည်။ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းအဖွဲ့ဝင်များအပေါ် လိမ်လည်လှည့်ဖြားရန် သို့မဟုတ် တစ်ပတ်ရိုက်ရန် ကြိုးပမ်းမှုများကို ခွင့်မပြုပါ။

အွန်လိုင်းပေါ်တွင် လိမ်ညာတစ်ပတ်ရိုက်ခြင်းများအား ဖော်ထုတ်နည်းနှင့် သင့်ကိုယ်သင် ကာကွယ်နည်းအကြောင်း ပိုမိုလေ့လာပါ။

နောက်ထပ် အချက်အလက်များ

လိမ်လည်လှည့်ဖြားခြင်းများနှင့် တစ်ပတ်ရိုက်ခြင်းများသည် ငွေကြေးအကျိုးအမြတ်အတွက် သို့မဟုတ် လူတစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူရန် အခြားသူများကို အသုံးချလေ့ရှိသည့် မရိုးမသား လိမ်လည်လှည့်ဖြားသည့် လုပ်ရပ်များဖြစ်သည်။

ခွင့်မပြုထားပါ

  • ငွေကြေးနှင့် တစ်ဦးချင်းအပေါ် ပစ်မှတ်ထား လှည့်စားမှုများ၊ အထောက်အထား ခိုးယူမှု သို့မဟုတ် ဖြားယောင်း အယောင်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ငွေကြေးလွှဲပြောင်းမှုများ သို့မဟုတ် အလုပ်အကိုင်များနှင့် ဆက်စပ်သော လိမ်လည်လှည့်ဖြားမှုများကို အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးခြင်း
  • လိမ်လည်လှည့်ဖြားမှုများကို ဆောင်ရွက်ရန် ပူးပေါင်းကြံစည်ခြင်း၊ အဆင်ပြေချောမွေ့အောင် ကူညီပေးခြင်း သို့မဟုတ် ထိုသို့လုပ်ဆောင်နည်းအား လမ်းညွှန်ချက်ပေးခြင်း
  • ငွေကြေးခဝါချခြင်း သို့မဟုတ် အခြားသူတစ်ဦးဦးအတွက် တရားမဝင်ရရှိငွေများကို ပြောင်းရွှေ့ခြင်း (တရားမဝင် ငွေကြေး ရွှေ့ပြောင်းခြင်း) ကဲ့သို့သော အဖွဲ့အစည်းဆိုင်ရာ လိမ်လည်မှုကို အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးခြင်း
  • သီးခြားဖြန့်ဖြူးသူများ (ဆင့်ပွားစနစ်ဖြင့် ဈေးကွက်ဖြန့်ချိရေး သို့မဟုတ် MLM) မှတစ်ဆင့် ပိရမစ်ဖွဲ့စည်းပုံတစ်ခုဖြင့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို ရောင်းချသည့်ကုမ္ပဏီများအတွက် လူခေါ်ယူခြင်း
  • ငွေကြေးအတု၊ စာရွက်စာတမ်းများနှင့် ခိုးယူထားသော အချက်အလက်များကို ရောင်းဝယ်မှုအား အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ပေးခြင်း