Skip to main content
ပလက်ဖောင်း၏ ဖြောင့်မတ်မှန်ကန်မှုကို ထိန်းသိမ်းခြင်း

မသမာစွာလွှမ်းမိုးခြယ်လှယ်ရန် အားထုတ်ဆောင်ရွက်မှုများကို တန်ပြန်တိုက်ဖျက်ခြင်း

ယုံကြည်မှုသည် ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်း၏ အုတ်မြစ်ကို ဖြစ်ပေါ်စေကြောင်း ကျွန်ုပ်တို့ ယုံကြည်ပြီး TikTok ကို အစစ်အမှန်ဖြစ်သော တုံ့ပြန်မှုများနှင့် အကြောင်းအရာတို့ ရှင်သန်ကြီးထွားနိုင်သည့် လုံခြုံ၍ အစစ်အမှန်ဖြစ်သောနေရာအဖြစ် ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့သည် နားလည်မှုလွဲမှားစေနိုင်သည့် အချက်အလက်များနှင့် မရိုးဖြောင့်သည့်သဘောဖြင့် နားလည်မှုလွဲမှားစေသည့် အချက်အလက်ကို တိုက်ဖျက်ခြင်း၊ နှင့် ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်း သို့မဟုတ် ပိုမိုကျယ်ပြန့်သော လူမှုအဖွဲ့အစည်းအပေါ် အပျက်သဘောသက်ရောက်နိုင်ခြေရှိသည့် ရိုးသားမှုမရှိသောအပြုအမူကို ကိုင်တွယ်ဖြေရှင်းခြင်းတို့ဖြင့် ၎င်းတို့ကို ဆောင်ရွက်ပါသည်။


TikTok ၏ ဖြောင့်မတ်မှန်ကန်မှုနှင့်စစ်မှန်ကြောင်းအတည်ပြုမှုဆိုင်ရာမူဝါဒများ အရ အများပြည်သူ၏ သဘောထားကို လွှမ်းမိုးခြယ်လှယ်ရန် သို့မဟုတ် တိမ်းညွှတ်သွားစေရန် ညှိနှိုင်းလုပ်ဆောင်သည့် အားထုတ်မှုများကိုသာမက အကောင့်၏ သက်သေအထောက်အထား၊ အနီးစပ်ဆုံး တည်နေရာ၊ ဆက်သွယ်မှုများ၊ ရေပန်းစားမှု၊ သို့မဟုတ် ရည်ရွယ်ချက်နှင့်ပတ်သက်၍ တစ်ဦးချင်းစီသော လူပုဂ္ဂိုလ်များ၊ ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်း၊ သို့မဟုတ် ကျွန်ုပ်တို့၏ စနစ်များအား နားလည်မှုလွှဲမှားစေရန် ပြုလုပ်ခြင်းကို ခွင့်မပြုပါ။ ဤလုပ်ဆောင်မှုများကို ကျွန်ုပ်တို့ စုံစမ်းစစ်ဆေး၍ ဖယ်ရှားသည့်အခါ လုပ်ဆောင်သူများသည် TikTok ၏ စနစ်များ သို့မဟုတ် ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်းကို နားလည်မှုလွှဲမှားစေရန် ညှိနှိုင်းလုပ်ဆောင်သည့် အားထုတ်မှုတွင် ပါဝင်ဆောင်ရွက်ခြင်းရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် အကောင့်များအကြားရှိ အပြုအမူနှင့် ချိတ်ဆက်မှုများ၊ နည်းစနစ်များကို အာရုံစိုက်စစ်ဆေးပါသည်။ ဖြစ်စဉ်တစ်ခုချင်းစီတွင် ဤလုပ်ဆောင်ချက်များနောက်ကွယ်ရှိ လူများအနေဖြင့် ၎င်းတို့သည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ၎င်းတို့ မည်သည်ကို လုပ်ဆောင်နေကြောင်းကို လိမ်လည်ဖော်ပြရန် တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းပေါင်းစပ်လုပ်ဆောင်ကြောင်း ကျွန်ုပ်တို့က ယုံကြည်ပါသည်။

မသမာစွာ လွှမ်းမိုးခြယ်လှယ်ရန် အားထုတ်ဆောင်ရွက်မှုများကို အကဲဖြတ်ရန်အတွက် ကျွန်ုပ်တို့သည် အချက်အလက် အမျိုးအစား အမျိုးမျိုး (အများရယူသုံးစွဲနိုင်သည့် ရင်းမြစ်နှင့် တစ်ဦးတစ်ဖွဲ့ပိုင် ရင်းမြစ်) ကို အသုံးပြုသည်။ ကျွန်ုပ်တို့အနေဖြင့် တစ်သမတ်တည်းကိုက်ညီပြီး တိကျသော ဆုံးဖြတ်ချက်များကို သေချာစွာချမှတ်နိုင်စေရန်အတွက် ယုံကြည်မှုအကဲဖြတ်ရေးစံချိန်စံညွှန်းမီ မူဘောင်ကို ကောင်းစွာအသုံးပြုသည်။

  1. ညှိနှိုင်းပေါင်းစပ်လုပ်ဆောင်မှု၏ အထောက်အထား။ အကောင့်များသည် သီးသန့်ဇာတ်လမ်းများကို ပျံ့နှံ့စေရန် ညှိနှိုင်းပေါင်းစပ်၍ လုပ်ဆောင်နေသည် သို့မဟုတ် ၎င်းတို့ကို လူပုဂ္ဂိုလ်တစ်ဦးတည်းက စီမံလုပ်ဆောင်နေသည်ဆိုသည့် အထောက်အထားကဲ့သို့။
  2. ကျွန်ုပ်တို့ စနစ်များ သို့မဟုတ် အသုံးပြုသူများအား နားလည်မှုလွှဲမှားစေခြင်း၏ အထောက်အထား၊ အကောင့်၏ အမှန်တကယ်တည်နေရာကို ဖုံးကွယ်သည့် နည်းစနစ်များ၊ ၎င်းတို့မဟုတ်သည့် တစ်စုံတစ်ဦးအဖြစ်ဖော်ပြရန် အတုအယောင် လူပုဂ္ဂိုလ်နာမည်များကို အသုံးပြုသည့် နည်းစနစ်များကဲ့သို့။
  3. ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်း၏ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ယုံကြည်မှုများနှင့် သဘောထားများအပေါ် သက်ရောက်စေသည့် အများပြည်သူဆိုင်ရာ ယှဉ်ပြိုင်ပြောဆိုမှုကို စိုးမိုးခြယ်လှယ်ရန် သို့မဟုတ် ပျက်စီးစေရန် အားထုတ်မှု၏ အထောက်အထား။

ကျွန်ုပ်တို့၏ စစ်ဆေးမှုအရ မသမာစွာ လွှမ်းမိုးခြယ်လှယ်ရန် အားထုတ်ဆောင်ရွက်မှုများသည် ဆက်လက်ထွက်ပေါ်နေမည်ဖြစ်ကြောင်းနှင့် ကွန်ရက်များသည် ကျွန်ုပ်တို့ပလက်ဖောင်းတွင် ဆက်လက်တည်ရှိနိုင်ရန် ကြိုးပမ်းမှုကို ပြုလုပ်နိုင်ကြောင်း ကျွန်ုပ်တို့ သိရှိထားသဖြင့် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကို အန္တရာယ်ရှိသော နားလည်မှုလွဲမှားစေသည့် အချက်အလက်များနှင့် မစစ်မှန်သည့် အပြုအမူများ၏ အမျိုးအစားသစ်များမှ ကာကွယ်ပေးနိုင်ရန် ကျွန်ုပ်တို့၏ မူဝါဒများနှင့် အသက်ဝင်စေရေး ဆောင်ရွက်ချက်များအား ခိုင်မာမှုရှိစေရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပါသည်။

၎င်းက အကူအညီဖြစ်စေပါသလား။

thumps upဟုတ်သည်thumps downမဟုတ်ပါ