TikTok LogoTikTok Logo
စည်းကမ်းထိန်းသိမ်းမှု

စည်းကမ်းထိန်းသိမ်းမှု

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် ထုတ်ဝေခဲ့သည်

၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်တွင် စတင်အကျုံးဝင်သည်

အများပြည်သူအား အကျိုးဖြစ်စေနိုင်မှု ခြွင်းချက်များ

ကျွန်ုပ်တို့၏ စည်းမျဉ်းများကိုချိုးဖာက်နေသည့် အကြောင်းအရာအချို့သည် ကြည့်ရှုပါက အများပြည်သူအား အကျိုးဖြစ်စေနိုင်သည့် အကြောင်းအရာ ဖြစ်နိုင်သည်ကို ကျွန်ုပ်တို့ သိရှိပါသည်။အများပြည်သူအား အကျိုးဖြစ်စေနိုင်မှုဆိုသည်မှာ အသိုင်းအဝိုင်းအား အသိပေးသော၊ စိတ်ခွန်အားဖြစ်စေသော သို့မဟုတ် ပညာပေးသော အကြောင်းအရာဖြစ်သည့်အပြင် အများစုအတွက် သိသိသာသာအရေးပါသော ကိစ္စများအပေါ် နှိုင်းဆချင့်ချိန်နိုင်မှုကို မြှင့်တင်ပေးသည့် အကြောင်းအရာများကို ရည်ညွှန်းပါသည်။အောက်ပါ အများပြည်သူအား အကျိုးဖြစ်စေနိုင်မှု ခြွင်းချက်များထဲမှ တစ်ခုအောက်ရှိ အကြောင်းအရာများကို TikTok ပေါ်၌ ဆက်လက်ထားရှိရန် ခွင့်ပြုပါသည်-

  • မှတ်တမ်းရုပ်ရှင်
  • ပညာရေး
  • ဆေးဘက်ဆိုင်ရာနှင့် သိပ္ပံပညာ
  • တန်ပြန်ပြောဆိုချက်
  • သရော်စာ
  • အနုပညာ

ထိုအကြောင်းအရာကို မည်သူက ဖန်တီးထားသည်ဖြစ်စေ အကြောင်းအရာ စိစစ်မှုအတွက်ကျွန်ုပ်တို့၏ ကိုင်တွယ်ဆောင်ရွက်နည်းတွင် တူညီသည့်စံနှုန်းများကို အသုံးပြုထားပါသည်။အများပြည်သူအား အကျိုးဖြစ်စေနိုင်မှု ခြွင်းချက်များကို ကြည့်ရှုရာတွင် ကျွန်ုပ်တို့ ထည့်သွင်းစဉ်းစားသည့် အရေးအကြီးဆုံးအချက်မှာ ဆက်စပ်အခြေအနေဖြစ်သည်။ ဥပမာ- အကြောင်းအရာက အန္တရာယ်ရှိသော အပြုအမူများကို အသိပညာပေးလိုခြင်း ဟုတ်မဟုတ် သို့မဟုတ် ဝေဖန်ထားခြင်းဟုတ်မဟုတ်။ကျွန်ုပ်တို့၏သုံးသပ်မှုတွင် အကူအညီဖြစ်စေရန်အတွက် ကျွန်ုပ်တို့သည် စာတန်းများ၊ နောက်ခံ စကားပြော သို့မဟုတ် စတစ်ကာများကဲ့သို့ လုပ်ဆောင်ချက်များကို အသုံးပြု၍ ဆက်စပ်အခြေအနေကို ရှင်းလင်းစွာ ပြသရန် သင့်အားတိုက်တွန်းပါသည်။

ကျွန်ုပ်တို့သည် အများပြည်သူအား အကျိုးဖြစ်စေနိုင်မှု ခြွင်းချက်အောက်တွင် ခွင့်ပြုထားသော အကြောင်းအရာအချို့အတွက် နောက်ထပ် ဘေးကင်းရေး အစီအမံများကို ထည့်သွင်းနိုင်ပါသည်။ ဥပမာ- ၎င်းကို FYF အတွက် သတ်မှတ်ချက်မပြည့်မီအောင် ပြုလုပ်ခြင်း သို့မဟုတ် အညွှန်း၊ “ရွေးချယ်ဝင်ရောက်ခြင်း” မျက်နှာပြင် သို့မဟုတ် သတိပေးချက်အချက်အလက်များထည့်ခြင်း။အကြောင်းအရာသည် သေကြောင်းကြံစည်ခြင်း သို့မဟုတ် လူငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းကို ပြသခြင်းကဲ့သို့ အလွန်အမင်း ထိခိုက်မှုဖြစ်စေနိုင်ပါက အများပြည်သူအား အကျိုးဖြစ်စေနိုင်မှု အကြောင်းအရာအဖြစ် ခြွင်းချက်များ ပေးအပ်ခြင်း ရှိပါ။


သိရှိခြင်းနှင့် တိုင်ကြားခြင်း

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စည်းမျဉ်းများကို ချိုးဖောက်သည့် အကြောင်းအရာ သို့မဟုတ် အကောင့်များကို အများက မမြင်တွေ့မီ သို့မဟုတ် မမျှဝေမီ ဖယ်ရှားရန် ရည်ရွယ်ပါသည်။အကြောင်းအရာသည် အလိုအလျောက် ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ်ကို ပထမဦးစွာ ကျော်ဖြတ်ရပါသည်။အကြောင်းအရာကို စည်းမျဉ်းချိုးဖောက်ရန် အလားအလာရှိသည့် ကိစ္စတစ်ခုအဖြစ် သတ်မှတ်ပါက ၎င်းကို အလိုအလျောက်ဖယ်ရှားမည် သို့မဟုတ် ကျွန်ုပ်တို့၏ စိစစ်သူများ နောက်ထပ် သုံးသပ်နိုင်ရန်အတွက် အလံပြပါမည်။အကြောင်းအရာသည် ရေပန်းစားလာပါက သို့မဟုတ် တိုင်ကြားခံရပါက နောက်ထပ် ပြန်လည်သုံးသပ်ပါမည်။စိစစ်ထိန်းသိမ်းရာတွင် မှန်ကန်တိကျမှုရှိစေရန်အတွက် ကျွန်ုပ်တို့သည် အတည်ပြုထားပြီးသား အကောင့်များကဲ့သို့ ထပ်ဆောင်း အတည်ပြုသည့် လုပ်ငန်းစဉ်များကို ကျော်ဖြတ်ပြီးသား အကောင့်အချို့အတွက် ထပ်ဆောင်း အရည်အသွေး အာမခံလုပ်ငန်းစဉ်များကို အသုံးပြုပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လမ်းညွှန်ချက်များကို ကျင့်သုံးရန် ကြိုးပမ်းသော်လည်း မျှဝေထားသော အကြောင်းအရာ အားလုံးသည် ကျွန်ုပ်တို့၏ လမ်းညွှန်ချက်များ သို့မဟုတ် ဝန်ဆောင်မှု စည်းမျဉ်းများကို လိုက်နာကြောင်း အာမခံနိုင်ခြင်း မရှိပါ။သံသယဖြစ်ဖွယ် ချိုးဖောက်မှုများကို အက်ပ်အတွင်းနှင့် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်တွင် တိုင်ကြားနိုင်ပါသည်။ကျွန်ုပ်တို့၏ စည်းမျဉ်းများကို ချိုးဖောက်နိုင်သည့် အကြောင်းအရာ သို့မဟုတ် အကောင့်များကို ရှာဖွေတွေ့ရှိပါက ၎င်းကို ပြန်လည်သုံးသပ်နိုင်ရန်နှင့် သင့်လျော်သည့် အရေးယူမှုကို လုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့ကို အသိပေးပါ။

ကျွန်ုပ်တို့၏ ပွင့်လင်းမြင်သာမှု စင်တာမှတစ်ဆင့် ကျွန်ုပ်တို့၏ စည်းကမ်းထိန်းသိမ်းမှုများဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများအကြောင်း ပိုမိုလေ့လာပါ။


အကြောင်းကြားစာနှင့် အယူခံများ

ကျွန်ုပ်တို့၏ ကတိကဝတ်နှင့်အညီ လုပ်ထုံးလုပ်နည်းဆိုင်ရာ တရားမျှတမှုများရှိကြောင်း သေချာစေရန် ကျွန်ုပ်တို့၏ စည်းမျဉ်းများကို သင် ချိုးဖောက်ပါက အသိပေးချက်များ ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိပါသည်။အကယ်၍ သင်သည် ကျွန်ုပ်တို့ခွင့်ပြုမထားသည့် အကြောင်းအရာကို ပို့စ်တင်ထားပါက ကျွန်ုပ်တို့သည် သင့်အား အကြောင်းကြားပြီး ဖယ်ရှားရခြင်း၏ အကြောင်းအရင်းကို မျှဝေပါမည်။ချိုးဖောက်မှုတစ်ခုကြောင့် သင့်အကောင့်ကို ပိတ်ပင်ထားခံရပါက၊ အက်ပ်ကို နောက်တစ်ကြိမ်ဖွင့်သည့်အခါတွင် ဤအကောင့်ပြောင်းလဲမှုအကြောင်း အသိပေးသည့် ဘန်နာ အသိပေးချက်ကို သင်ရရှိလိမ့်မည်ဖြစ်သည်။သင်သည် သင့်အတွက်သတင်းစဉ် (FYF) အတွက် သတ်မှတ်ချက်မပြည့်မီသော သို့မဟုတ် တစ်နည်းအားဖြင့် ကန့်သတ်ထားရသော အကြောင်းအရာကို ပို့စ်တင်ထားပါက ဤအချက်အလက်သည် TikTok ခွဲခြမ်းစိတ်ဖြာမှု ကိရိယာတွင် ပေါ်လာပါမည်။

သင့်အကောင့်ကို ပိတ်ပင်ခံခဲ့ရပြီး သို့မဟုတ် သင့်အကြောင်းအရာမှာ စည်းမျဉ်းချိုးဖောက်ခဲ့၍ FYF အတွက် သတ်မှတ်ချက်မပြည့်မီအောင် ပြုလုပ်ခံခဲ့ရပြီး သို့မဟုတ် တစ်နည်းအားဖြင့် ကန့်သတ်ခံခဲ့ရပြီး ယင်းသည် အမှားအယွင်းဖြစ်ကြောင်း သင်ယုံကြည်ပါက ဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်သည်။အက်ပ်အတွင်း လုံခြုံရေးစင်တာတွင် သင့်အယူခံအခြေအနေကို ကြည့်ရှုနိုင်သလိုအခြားအကြောင်းအရာ သို့မဟုတ် အကောင့်များအကြောင်း သင့်တိုင်ကြားမှုများ၏ အခြေအနေများကိုလည်း ကြည့်ရှုနိုင်သည်။