MY

TikTok သည် သင်၏ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်သည်

သင်၏ ကိုယ်ရေးလုံခြုံမှုသည် TikTok တွင် ထိပ်တန်းဦးစားပေးတစ်ခုဖြစ်သည်။ လုပ်ဆောင်ချက်အသစ်များကို မိတ်ဆက်ခြင်းဖြစ်စေ၊ သင် နှစ်သက်သည့် ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းဖြစ်စေ ကျွန်ုပ်တို့၏ ကုန်ပစ္စည်းထုတ်လုပ်ရေး သက်တမ်းတစ်လျှောက်လုံး ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု စည်းမျဉ်းများကို အစဉ်မပြတ် ထည့်သွင်းလုပ်ဆောင်ပါသည်။

ကျွန်ုပ်တို့ လုပ်သည့်အရာ

လူများဘေးကင်းလုံခြုံနေစေရန်အတွက် အားကောင်းသော အကာအကွယ်များ အသင့်ဖြစ်နေစေရန် ကျွန်ုပ်တို့ စဉ်ဆက်မပြတ် လုပ်ဆောင်နေပါသည်။ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းကို ၎င်းတို့၏ အွန်လိုင်းပေါ်တည်ရှိမှုအား ထိန်းချုပ် စီမံနိုင်မည့် ကိရိယာမျိုးစုံ ပေးအပ်ထားပြီး ကျွန်ုပ်တို့၏ ပလက်ဖောင်းတွင် အသက်အလိုက်သင့်လျော်သော အတွေ့အကြုံများကို ပံ့ပိုးပေးရန် ကိုယ်ရေးလုံခြုံမှု လုပ်ဆောင်ချက်များနှင့် ကိရိယာများကို ကျွန်ုပ်တို့ တည်ဆောက်ထားသည်။ နောက်ထပ်အချက်အလက်များအတွက် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒကို ကြည့်ပါ။

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒကို ဘာသာစကားအမျိုးမျိုးဖြင့် ရနိုင်သည်။