အသိုင်းအဝိုင်းလမ်းညွှန်ချက်များ

Tiktokသည် သုံးစွဲသူများအား ဖန်းတီးနိုင်စွမ်းနှင့် ပျော်ရွှင်ကျေနပ်ခြင်းများ ယူဆောင်ပေးရန်ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့သည် အသုံးပြုသူများ၏ စစ်မှန်စွာဖန်တီးဝေမျှခြင်း၊ နယ်ပယ်သစ်များ ရှာဖွေခြင်းနှင့် ကမ္ဘာတစ်၀ှမ်းမှ အသုံးပြုသူများအချင်းချင်း ချိတ်ဆက်ပေးနိုင်ရန် အလို့ငှာ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း တည်ဆောက်လျှက်ရှိပါသည်။ ဤအဖွဲ့အစည်း၏လုံခြုံကိုဆက်လက်ထိန်းသိမ်းရန် ကတိပြုပါသည်။ ကျွန်ုပ်တို့၏ လူမှုလမ်းညွှန်ချက်များသည် ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများအား ထင်ဟပ်လျက်ရှိပြီး ကျွန်ုပ်တို့၏ လုပ်ငန်းသတ်မှတ်ချက် လမ်းစဥ်များကို ပြဌာန်းထားပါသည်။ ဤလမ်းညွှန်ချက်များသည်  ကျွန်ုပ်တို့၏အဖွဲအစည်း၏ ၀ေမျှခြင်းများအား လုံခြုံစွာ ထိန်းသိမ်းနိုင်ရန် အကူအညီ ပေးပါသည်။ Tiktokသည် ဖန်တီးမှုများ ထုတ်ဖော်ြခင်း၏ အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားသော အလုံးစုံပါဝင်သော အစီအစဥ်တစ်ရပ်(ပလက်ဖောင်းတစ်ခု)ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သုံးစွဲသူများအား ၎င်းတို့၏ တစ်မူထူးခြားချက်များကို ထုတ်ဖော်ပြသနိုင်ရန် နှင့် ထို့ပြင်သာမက ထိုကဲ့သို့ပြုလုပ်သည့် အဖွဲ့အစည်းနှင့် တွေ့ဆုံနိုင်ရန် အားပေးလျှက်ရှိပါသည်။ ကျွန်ုပ်တို့ အနေဖြင့် သုံးစွဲသူများသည် လူမျိုးပေါင်းစုံနှင့် ယဥ်ကျေးမှုပေါင်းစုံမှ လာရောက်သည်ကို တန်ဖိုးထားပါသည်။ ထို့ပြင် သုံးစွဲသူများ နေထိုင်ရာ နိုင်ငံများ၏ ယဉ်ကျေးထုံးစံအစဉ်အလာနှင့် ဒေသခံဆိုင်ရာ စည်းမျဉ်းများ အားထည့်သွင်းစဥ်စားပါသည်။  

လုံခြုံပြီး ထောက်ပံ့ပေးသော ပတ်၀န်းကျင် ဖန်တီးပေးနိုင်ခြင်းသည် ကျွန်ုပ်တို့၏တို့၏ ထိပ်တန်းဦးစားပေးမှု ဖြစ်ပါသည်။ လုံခြုံမှုခံစားချက်သည် လူတို့အား သက်တောင့်သက်သာစွာ ခံစားစေနိုင်ရန်နှင့် မိမိကိုယ်ကို ပွင့်လင်းစွာဖန်တီးမှုများ ပြုလုပ်နိုင်စေရန် မရှိမဖြစ်အကူအညီပေးနိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် အဆိပ်အတောက်ဖြစ်စေသော အရာများနှင့် အကောင့်များအား ကျွန်ုပ်တို့၏အစီအစဥ် (ပလက်ဖောင်း)မှ ဖယ်ရှားခြင်းဖြင့် ပတ်၀န်းကျင်အတွက် စစ်မှန်သော အပြန်အလှန် အကျိူးပြုမှုများ အား စည်းရုံးဆောင်ရွက်ရန် ရည်ရွယ်ပါသည်။  

ကျွန်ုပ်တို့၏တန်ဖိုးများဖြင့် ဤလူမှုလမ်းညွှန်ချက် အခြေခံကို ဖွဲ့စည်းထားပါသည်။ ကျွန်ုပ်တို့၏ လူမှုလမ်းညွှန်ချက်ကိုချိုးဖောက်သည့် ဗီဒီယို၊ အသံဖိုင်၊ ပုံနှင့် စာသား စသည့်အရာများကိုဖယ်ရှားပြီး၊ ပြင်းထန်သော (သို့မဟုတ်)  အဖန်ဖန် ဖြစ်သော ချိုး ဖောက်မှုများနှင့် ပက်သတ်သည့် အကောင့်များဆိုင်းငံ့ထားခြင်း သို့မဟုတ် ပိတ်ပင်ခြင်းများကို ဆောင်ရွက်ပါသည်။ အချို့အခြေအနေများတွင် နောက်ထပ်တစ်ဆင့်အနေဖြင့် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်း၏လုံခြုံမှုကို ထိန်းသိမ်းထားနိုင်ရန်အလို့ငှာ အချို့သော အကောင့်များအား ဥပဒေဆိုင်ရာအာဏာပိုင်များထံသို့ သတင်းပို့တိုင်ကြားပါသည်။ 

ဤလူမှုလမ်းညွှန်ချက်များသည် လူတိုင်းနှင့် Tiktokပေါ်တွင် ဝေမျှသော အရာအားလုံးများကို အကျိုးသက်ရောက်ပါသည်။ လူမှုလမ်းညွှန်ချက်များသည် ပလတ်ဖောင်းတွင် ခွင့်ပြုထားသည် အရာများနှင့် ခွင့်ပြုထားခြင်းမရှိသော အရာမျာအား အထွေထွေ လမ်းညွှန်ထားပါသည်။ ကျွန်ုပ်တို့သည်လည်း အချို့သော လူမှုလမ်းညွှန်ချက်များအရ ဖယ်ရှားခံရသောအရာများသည် အများပြည်သူအတွက် အကျိုးရှိနိုင်သည်ဟု အသိအမှတ်ပြုပါသည်။ ထို့ကြောင့် ချွင်းချက်များအား အချို့သော အခြေအနေများ အောက်တွင် အောက်တွင်ဖော်ပြထားသည့်အတိုင်း ခွင့်ပြုထားပါသည်။  

ဤလမ်းညွှန်ချက်သည် TikTokကို ဖန်းတီးနိုင်စွမ်းနှင့် ပျော်ရွှင်ကျေနပ်ခြင်းများ ဖန်တီးရာတွင် လုံခြုံသောနေရာဖြစ်စေရန် နှင့် ပြောင်းလဲနေသောလူ့အဖွဲ့အစည်း၏ လုပ်ဆောင်မှုများနှင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များ လျော့ပါးစေရန်အတွက် အချိန်နှင့်တပြေးညီ  ပြင်ဆင်ပြုပြင်ခြင်းများ ပြုလုပ်လျှက်ရှိပါသည်။ 

အန္တရာယ်ရှိသောပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများ 

ကျွန်ုပ်တို့သည် အန္တရာယ်ရှိသောပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ကျွန်ုပ်တို့၏ ပလက်ဖောင်းအား အသုံးပြု၍ အကြမ်းဖက်မှု၊ ရာဇဝတ်မှုနှင့် အခြားထိခိုက်နစ်နာစေသော အပြုအမူတို့ကို အားပေးအထောက်အကူပြုခြင်း များအားခွင့်ပြုမည်မဟုတ်ပါ။ အများပြည်သူလုံခြုံမှုအား ခြိမ်းခြောက်အန္တရာယ်ဖြစ်လာသည်ဟု ခိုင်ခိုင်လုံလုံယုံကြည်ပါက ကျွန်ုပ်တို့သည် ထိုအကောင့်အား တားမြစ်ပိတ်ပင်ပြီး သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ကိုင်တွယ် ဖြေရှင်းမည်ဖြစ်ပါသည်။ 

အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့များ 

အကြမ်းဖက်သမားနှင့် အကြမ်းဖက်အဖွဲ့အစည်းများသည် ပြည်သူများ၊ အစိုးရ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းများအား နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ သဘောတရားရေးတို့ကို ခြိမ်းခြောက်ရန် အလို့ငှါ အရပ်သားများအား ထိခိုက်ရန်အတွက် ကြိုတင်ကြံစည် ခြိမ်းခြောက်ထားသော အကြမ်းဖက်မှုများ ပြုလုပ် ခြင်းဖြစ်သည်။  

အခြားသောအန္တရာယ်ရှိသောပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများ 

အခြားအန္တရာယ်ရှိသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများဆိုသည်မှာ ပြစ်မှုကျူးလွန်ခြင်း သို့မဟုတ် အခြားအပြင်းအထန် ထိခိုက်နစ်နာစေသည့် အပြုအမူများကို ပြုလုပ်သောသူများကိုဆိုလိုပါသည်။ 

 ထိုအဖွဲ့အစည်းများနှင့်ပြစ်မှုများသည် ကန့်သတ်ထားခြင်းမရှိသော်လည်း အောက်ဖော်ပြချက်များ ပါ၀င်ပါသည်။  

  • အမုန်းပွါးအောင်ပြုလုပ်သည့်အဖွဲ့ 
  • အစွန်းရောက်ရက်စက်ကြမ်းကြုတ်သောအဖွဲ့ 
  • လူသတ်မှု 
  • လူကုန်ကူးမှု 
  • ကိုယ်တွင်းအင်္ဂါကုန်ကူးမှု 
  • လက်နက်အင်္ဂါကုန်ကူးမှု 
  • မူးရစ်ဆေးဝါးကုန်ကူးမှု 
  • ပြန်ပေးဆွဲမှု 
  • ခြိမ်းခြောက်ငွေညစ်မှု 
  • ခြိမ်းခြောက်အကျပ်ကိုင်၍ ငွေညစ်မှု 
  • ငွေကြေးခ၀ါချမှု  
  • လိမ်လည်မှု 
  • ဆိုင်ဘာပြစ်မှု 

အောက်ပါအကြောင်းအရာများအား မတင်ရပါ 

  • အမည်များ၊ သင်္ကေတများ၊ တံဆိတ်အမှတ်အသားများ၊ အလံများ၊ ဆောင်ပုဒ်များ၊ ယူနီဖောင်းဝတ်များ၊  ကိုယ်အမူအရာများ၊ ပုံတူများ သို့မဟုတ် အန္တရာယ်ရှိသောပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ကိုယ်စားပြုသည့် အရာဝတ္တုများ 
  • အန္တရာယ်ရှိသောပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ချီးကျူးဂုဏ်ပြု၊ ထောက်ခံသော အကြောင်းအရာများ 
  • ခြွင်းချက်များ: အန္တရာယ်ရှိသောပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ပြုလုပ်ခဲ့သော အန္တရာယ်ဖြစ်စေနိုင်သည့် အန္တရာယ်များကိုသတိမူမိအောင်နှင့် ဆန့်ကျင်ပြောဆိုထားသော ပညာရေးဆိုင်ရာ၊ သမိုင်းရေးဆိုင်ရာ၊ သရော်လှောင်ပြောင်ရေး၊ အနုပညာဆိုင်ရာအခြားသောအကြောင်းရာများ။ 

တရားမဝင်သော ဆောင်ရွက်ချက်များနှင့် ကန့်သတ်ကုန်ပစ္စည်းများ 

ကုန်သွယ်ခြင်း၊ ရောင်းချခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့် အခြားကန့်သတ်ပစ္စည်းများအသုံးပြုခြင်း နှင့် ပြစ်မှုမြောက်စေသည့် ဆောင်ရွက်ချက်များနှင့် လှူတန်းခြင်းများအား တားမြစ်ပါသည်။ TikTok တွင် ၀ေမျှသည့် အကြောင်းအရာ သို့မဟုတ် ဆောင်ရွက်ချက်သည် ၎င်းစီရင်ပိုင်ခွင့်ဒေသတွင် မည်သို့ပင် တရား၀င်သည်ဟု ဆိုစေကာမူ ကမ္ဘာ့နေရာအများစုတွင် ထို၀ေမျှမှုသည် ကန့်သတ်ထားသော သို့မဟုတ် တရားမဝင်  ဝတ္တုပစ္စည်းများ သို့မဟုတ် ဆောင်ရွက်ချက်များ ဖြစ်ပါက ထိုအကြောင်းအရာအား ဖယ်ရှားမည်ဖြစ်ပါသည်။ ခြွင်းချက်အနေဖြင့် ပြည်သူလူထုကို ပညာပေးသော ပညာရေးဆိုင်ရာ၊ သိပ္ပံဆိုင်ရာ၊ အနုပညာဆိုင်ရာနှင့် သတင်းဝင်အကြောင်းအရာများမှအပ  အခြားအကြောင်းအရာများအား မတင်စေရန်တားမြစ်ထားပါသည်။  

ပြစ်မှုကျူးလွန်သောလုပ်ရပ်များကို အားပေးထောက်ပံ့မှု 

ပြစ်မှုကျူးလွန်သော လုပ်ရပ်များဆိုသည်မှာ ဥပဒေအရပြစ်မှုထိုက်သော ကျယ်ပြန့်သည့် လုပ်ရပ်များ- ခိုးမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ခေါင်းပုံဖြတ်မှုနှင့် အခြားသော အန္တရာယ်ရှိသော လုပ်ရပ်များ ပါ၀င်သည်။ ထိုလုပ်ရပ်များကို ပုံမှန်ဟု မြင်ခြင်းနှင့် အတုခိုးခြင်းများမဖြစ်စေလိုသောကြောင့် ထိုအကြောင်းအရာများကို ပယ်ချမည် ဖြစ်ပါသည်။  

အောက်ပါအကြောင်းအရာများအား မတင်ရပါ 

  • ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် ပြန်ပေးဆွဲခြင်း အကြောင်းအရာများ ဖြစ်သော စသည် ကိုယ်ခန္ဓာထိခိုက်နစ်နာစေသည့် အကြောင်းအရာများ 
  • နောက်ပြောင်ကျီစယ် ရိုက်နက်ခြင်း စသည့်  လူအများ၏ လှုံခြုံရေးကို အန္တရာယ်ပြုစေသော အကြောင်းအရာများ  
  • ခေါင်းပုံဖြတ်မှုနှင့် တောရိုင်းတိရိစ္ဆာန်ကုန်ကူးမှုစသည် အကြောင်းအရာများ 
  • တရားမဝင်သော ရရှိလာသော ကုန်ပစ္စည်းများ ဝယ်ယူခြင်း၊ ရောင်းချခြင်းနှင့် ကုန်သွယ်ရန်ကမ်းလှမ်းသော စသည့် အကြောင်းအရာများ 
  • ပြစ်မှုဆိုင်ရာ ဆောင်ရွက်ချက်များအား မည်သို့ဆောင်ရွက်ရမည် ဆိုသောညွှန်ကြားချက် စသည့် အကြောင်းအရာများ 

လက်နက်အရောင်းအဝယ်နှင့် အသုံးပြုခြင်း 

လူ့အဖွဲ့အစည်းအား ကာကွယ်ရန်အလို့ငှါ ယေဘုယျအားဖြင့် သေနတ်များ၊ ခဲယမ်းများ၊ သေနတ်အသုံးအဆောင်များနှင့် ပေါက်ကွဲစေသော လက်နက်များကို ဖော်ပြခြင်း၊ ရောင်းဝယ်ခြင်းနှင့် အားပေးခြင်းများအား လက်ခံမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ထိုလက်နက်များကို အဘယ်သို့ထုတ်လုပ် ရမည်ဟု ညွှန်ကြားချက်များကိုလည်း တားမြစ်ထားပါသည်။ သို့သော်လည်း ခြွင်းချက်အနေဖြင့် သေနတ်များပြသခြင်း သို့မဟုတ် အခြားလက်နက်များခင်းကျင်းပြသခြင်းများအား ပြတိုက်၏ စုဆောင်းသိမ်းဆည်းထားသည့် ပစ္စည်းအဖြစ်၊ ရဲတပ်ဖွဲ့ဝင်မှ ကိုင်တွယ်ထားခြင်း၊ စစ်ရေးပြခြင်းတွင် သို့မဟုတ် လှုံခြုံထိန်းချုပ်ထားသော ပတ်ဝန်းကျင်တွင် အသုံးပြုခြင်း အခြေအနေများတွင် ခွင့်ပြုထားပါသည်။  

အောက်ပါအကြောင်းအရာများအား မတင်ရပါ 

  • သေနတ်များ၊ ခဲယမ်းများ၊ သေနတ်အသုံးအဆောင်များနှင့် ပေါက်ကွဲစေသော လက်နက်များ ပါ၀င်သည့် အကြောင်းအရာများ 
  • လက်နတ်များ၊ အသုံးအဆောင်များ၊ ခဲယမ်းများ၊ ပေါက်ကွဲစေသော လက်နက်များကို ကမ်းလှမ်းခြင်း၊ ရောင်းဝယ်ခြင်း၊ ကုန်သွယ်ခြင်းများနှင့် အဘယ်သို့ ထုတ်လုပ်ရမည်ဟု ညွှန်ကြားချက်များ 

မူးယစ်ဆေးဝါးနှင့် ကန့်သတ်ထားသော အရာများ 

လူအဖွဲ့အစည်းအား ကာကွယ်ပေးရန်အတွက် မူးယစ်ဆေးဝါးနှင့် အခြား ကန့်သတ်ထားသော အရာများကို အသုံးပြုခြင်းနှင့် ကုန်သွယ်ခြင်းအကြောင်းအရာများကို ခွင့်မပြုပါ။ 

အောက်ပါအကြောင်းအရာများအား မတင်ရပါ 

  • မူးယစ်ဆေးဝါးပြသခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း သို့မဟုတ် အခြားသူအား မူးယစ်ဆေးဝါး ပြုလုပ်ရန် အသုံးပြုရန်နှင့် ကုန်သွယ်ရန်အားပေးခြင်းဆိုင်ရာ အကြောင်းအရာများ 
  • မူးယစ်ဆေးဝါးနှင့် ကန့်သတ်ထားသော အရာများကို ရောင်းချခြင်း၊ ကမ်းလှမ်းခြင်း၊ ကုန်သွယ်ခြင်းနှင့် အကြောင်းအရာများ၊ 
  • ထိုတရားမဝင်သော အရာများနှင့် ကန့်သတ်ထားသော အရာများကို မည်သို့ ဝယ်ယူနိုင်သည်ဟု ညွှန်ကြားသည့် အကြောင်းအရာများ။ 

လိမ်လည်မှုနှင့် လှည့်စားမှု 

ကျွန်ုပ်တို့သည် ကျွန်တော်တို့၏ ပလက်ဖောင်းကို အသုံးပြု၍ အခြားပုဂ္ဂိုလ်များအား နာကျင်စေရန်ပြုလုပ်ခြင်းများဖြစ်သော  အစီစဥ်တကျ လိမ်လည်လှည့်ဖြားခြင်း သို့မဟုတ် အဖိုးတန်ပစ္စည်းများ ခိုးယူခြင်းကို လက်ခံမည်မဟုတ်ပါ။  

အောက်ပါအကြောင်းအရာများအား မတင်ရပါ 

  • လိမ်လည်လှည့်ဖြား၍ လူတစ်ဦး၏လျှို့ဝှက်အချက်အလက်များကိုရယူခြင်းပါဝင်သော (publishing) အကြောင်းအရာများ၊ 
  • Ponzi scheme စီမံချက်နှင့် Pyramid scheme စီမံချက်များကို အားပေး အထောက်အကူပြုသော အကြောင်းအရာများ၊ 
  • တစ်ခွန်းစျေးအလောင်းကစား၊ “get-rich-quick” သို့မဟုတ် အခြားသော လှည့်ဖြားမှုများစသည့်။ 

အကြမ်းဖက်မှုနှင့် အနိဌာရုံမြင်ကွင်းများ 

လွန်ကဲစွာထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသော၊ တုန်လှုပ်ဖွယ်ကောင်းသော အကြောင်းအရာများ၊ အထူးသဖြင့် ဆိုးရွားရပ်စက်ကြမ်းကြုတ်မှုနှင့် အကြမ်းဖက်မှုမျာအား နှင့် ဒုက္ခဝေဒနာခံစားမှုများကို ပိုမို မြင်သာအောင် ပြုလုပ်ခြင်းများအား လက်မခံပါ။ သို့သော်လည်း ခြွင်းချက်များအနေဖြင့် ဥပမာ-  သတင်းဖြစ်နိုင်သော အကြောင်းအရာများနှင့် စိတ်ဝင်စားမှုကို မြှင့်တင်ပေးသော သေချာသည့်အကြောင်းကိစ္စများဖြစ်ပါသည်။ လူအများ၏ လှုံခြုံမှုကို ဘေးအန္တရာယ်ဖြစ်မည်ဟု စစ်မှန်စွာယူဆပါက ကျွန်ုပ်တို့သည် ထိုအကောင့်ကို တားဆီးပိတ်ပင်ပြီး လိုအပ်သလို သင့်လျော်သည့်အတိုင်း သက်ဆိုင်ရာဥပဒေအာဏာပိုင်နှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက် မည်ဖြစ်ပါသည်။ 

အကြမ်းဖက်မှုနှင့် အနိဌာရုံမြင်ကွင်းများ- လူပုဂ္ဂိုလ်နှင့် ဆိုင်သော  

အောက်ပါအကြောင်းအရာများအား မတင်ရပါ 

  • အကြောင်းမဲ့စွာထိတ်လန့်စေသော ရက်စက်ခြင်း သို့မဟုတ် အနိဌာရုံမြင်ကွင်း လွန်ကဲစွာ ပါ၀င်သော အကြောင်းအရာတို့အပါအဝင် သို့မဟုတ် ကန့်သတ်မထားသော- 
  • မတော်တဆကြမ်းကြုတ်စွာလူသေမှုဖော်ပြချက်များ၊ 
  • လူသားခန္ဓာကိုယ်အစိတ်အပိုင်းတို့အား ရုပ်ဖျက်ထားမှု၊ အပိုင်းပိုင်းဖြတ်ထားမှု၊ လောင်ကျွမ်းမှု၊ မီးလောင်မှုဖော်ပြချက်များ၊ 
  • ဖွင့်ဟအနာကို ဦးတည်၍ ရိုက်ယူထားသော သွေးထွက်သံယိုဖြစ်သော ဖော်ပြချက်များ၊ 
  • လွန်ကဲစွာ ကိုယ်ထိလက်ရောက် ကြမ်းကြုတ်သော ဖော်ပြချက်များ၊ 
  • ခြွင်းချက်များ - ကြိုတင်ဇာတ်ညွှန်းဖြင့် ပြုလုပ်ထားသော ပညာရှင်ဆိုင်ရာများ ရိုးရာကိုယ်ခံပညာ သို့မဟုတ် စိတ်ကူးယဥ်ဇာတ်ကွက်တွင် တိုက်ခိုက်ခြင်း။ 

အကြမ်းဖက်မှုနှင့် အနိဌာရုံမြင်ကွင်းများ- တိိရိစ္ဆာန် နှင့် ဆိုင်သော  

အောက်ပါအကြောင်းအရာများအား မတင်ရပါ 

  • အကြောင်းမဲ့စွာထိတ်လန့်စေသော ရက်စက်ခြင်း သို့မဟုတ် အနိဌာရုံမြင်ကွင်း လွန်ကဲစွာ ပါ၀င်သော အကြောင်းအရာတို့အပါအဝင် သို့မဟုတ် ကန့်သတ်မထားသော 
  •  တိရိစ္ဆာန်စစ်စစ်တို့၏ သတ်ဖြတ်မှု ဖော်ပြချက်များ၊ 
  • တိရိစ္ဆာန်ခန္ဓာကိုယ်အစိတ်အပိုင်းတို့၏ ရုပ်ဖျက်ထားမှု၊ အပိုင်းပိုင်းဖြတ်ထားမှု၊ လောင်ကျွမ်းမှု၊ မီးလောင်မှုဖော်ပြချက်များ၊ 
  • တိရိစ္ဆာန်အား ညှင်းပန်းနှိပ်စက်မှု ဖော်ပြချက်များ။ 

မိမိကိုယ်ကိုအဆုံးစီရင်ခြင်း၊ မိမိကိုယ်ကို နာကျင်စေခြင်းနှင့် အန္တရာယ်ရှိသော အပြုအမူများ 

ကျွန်ုပ်တို့သည် အန္တရာယ်ဖြစ်စေသော ပြုလုပ်မှုများတွင်များတွင် ပါဝင်ဆောင်ရွက်ခြင်းကို အားမပေးပါ။ ထို့အပြင် အခြားသူကို အန္တရာယ်ဖြစ်စေသော ပြုလုပ်မှုများတွင် ပါဝင်ရန်အားပေးအားမြောက်ပြုခြင်းကိုလည်း ခွင့်မပြုပါ။ မိမိကိုယ့်ကိုကိုယ်အဆုံးစီရင်ခြင်းနှင့် မိမိကိုယ်ကိုနာကျင်စေခြင်းတို့ကို အားပေး အားမြောက်ပြုခြင်းများကိုလည်း လက်မခံပါ။ သို့သော်လည်း ကျွန်တော်တို့၏ အသုံးပြုသူများကို ထိုကိစ္စများနှင့် ပတ်သက်၍ သတိရှိမှုမြင့်တင်ရန် အတွေ့အကြုံများအား ဝေမျှခြင်းကိုခွင့်ပြုပါသည်။  

မိမိကိုယ့်ကိုကိုယ်အဆုံးစီရင်ခြင်းနှင့် မိမိကိုယ်ကို နာကျင်စေခြင်းအတွေးများမှ ရုန်းကန်နေရသော သို့မဟုတ် အခြားသူ တစ်ဦးဦးထိုသို့ပြုလုပ်ရန် အလေးအနက်စဥ်းစားနေလျှင် သက်ဆိုင်ရာဥပဒေအာဏာပိုင်တို့ သို့မဟုတ် အဆုံးစီရင်ခြင်းကို တားဆီးသော အရေးပေါ်ဖုန်းလိုင်းထံသို့ အမြန်ဆုံးဆက်သွယ်ရန် အား‌ပေးတိုက်တွန်းပါသည်။ 

မိမိကိုယ်ကိုအဆုံးစီရင်ခြင်း 

မိမိကိုယ်ကိုအဆုံးစီရင်ခြင်း၊ အဆုံးစီရင်လိုခြင်း၊ ထိုလုပ်ရပ်များနှင့် တူညီသော လုပ်ရပ်များတွင် ပါဝင်ရန်အားပေးတိုက်တွန်းခြင်း အကြောင်းအရာများကို ဖယ်ရှားပါသည်။ ထိုလုပ်ရပ်များတွင် အဆုံးစီရင်ရန် ကြံစည်မှု သို့မဟုတ် မိမိကိုယ်ကို သတ်သေခြင်းကိုဦးတည်သော လုပ်ရပ်များကို ပြုလုပ်နေခြင်း သို့မဟုတ် ထိုသို့လုပ်ရပ်များကို ကြံစည်နေသော အကြောင်းအရာများသည် မိမိကိုယ်ကိုညှင်းပန်းခြင်းဖြင့် သေဆုံးစေခြင်းသို့ ဦးတည်ပါသည်။ ကျွန်တော်တို့သည် အဆုံးစီရင်ခြင်းကို အားပေးခြင်း၊ အမွမ်းတင်ခြင်း၊ ချီးကျူးခြင်း သို့မဟုတ် အခြားသူများကို မည်ကဲ့သို့ အဆုံးစီရင်ရန်ညွှန်ကြားချက်များ ပါဝင်သော အကြောင်းအရာများကို တားမြစ်ထားပါသည်။ 

အောက်ပါအကြောင်းအရာများအား မတင်ရပါ 

  • မည်ကဲ့သို့အဆုံးစီရင်ရန် လမ်းညွှန် ညွှန်ကြားပေးခြင်း စသည့် အကြောင်းအရာများ၊ 
  • အဆုံးစီရင်ခြင်းကို ချီးမြောက်ခြင်း၊ အားပေးခြင်းနှင့် အမွှမ်းတင်ခြင်းအကြောင်းအရာများ၊ 
  • အဆုံးစီရင်ရန် စိန်ခေါ်ခြင်းစသည်။ 
  • ခြွင်းချက် - အဆုံးစီရင်ရန် တွေးနေသော သူများသို့ အထောက်အကူ၊ အားကိုးအားထားရာနှင့် ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများပါသည့် အကြောင်းအရာများ။ 

မိမိကိုယ်ကိုနာကျင်စေရန်ပြုလုပ်ခြင်း 

မိမိကိုယ်ကိုအနာတရပြုသော အပြုအမူကို ပုံမှန်မြင်ခြင်း၊ အားပေးခြင်း သို့မဟုတ် မိမိကိုယ်ကို နာကျင်စေရန် ပြုလုပ်ခြင်း လုပ်ရပ်များအား အစပျိုးခြင်းတို့ကို ‌ရှောင်ကြဥ်ရန်၊ ထိုကဲ့သို့ အပြုအမူတို့ကို ဖော်ပြသည့် ပုံရိပ်ကို အသုံးပြုသူ၏ တကယ့်ရည်ရွယ်ချက်ကို ဂရုမပြုပဲ ဖယ်ရှားမည် ဖြစ်သည်။ ထို့အပြင် မိမိကိုယ်ကိုအနာပြုမှုကို အားပေးခြင်း သို့မဟုတ် အားပေးရန်ပြုခြင်းအကြောင်းအရာများ ကိုလည်း ဖယ်ရှားမည် ဖြစ်ပါသည်။ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အစားအသောက်အလေ့အထတို့ကိုလည်း အားပေးသော အကြောင်းအရာများသည်လည်း ပလက်ဖောင်းတွင် လက်ခံမည်မဟုတ်ပါ။  

အောက်ပါအကြောင်းအရာများအား မတင်ရပါ 

  • မိမိကိုယ်ကို ပြုလုပ်ထားသော အနာတရများကို ပြသသော အကြောင်းအရာများ၊ 
  • မည်ကဲ့သို့ မိမိကိုယ်ကို အနာတရဖြစ်စေရန် ညွှန်ကြားပေးခြင်းအကြောင်းအရာများ၊  
  • ကျန်းမာ‌ရေးကို ထိခိုက်စေနိုင်သော လွန်ကဲသော  အစားအသောက် အလေ့အထ သို့မဟုတ် အခြားသော အန္တရာယ်ရှိသော အပြုအမူများကို အားပေးသော အကြောင်းအရာများ၊ 
  • ခြွင်းချက် - ထိုကဲ့သို့ လွန်ကဲသော အစားအသောက်အလေ့အထများနှင့် မိမိကိုယ်ကိုအနာတရပြုမှုမှ ခံစားနေရသူများကို အထောက်အကူ၊အားကိုးအားထားရာနှင့် ကိုယ်တိုင်ဖြေရှင်းရန်နည်းလမ်းများ အကြောင်းအရာများ။ 

အန္တရာယ်ရှိသော အပြုအမူများ 

မကျွမ်းကျင်သော အခြေအနေတွင် သို့မဟုတ် လိုအပ်သော ကျွမ်းကျင်အတတ်ပညာမရှိဘဲ အန္တရာယ် ရှိသော လုပ်ရပ်များနှင့် သို့မဟုတ် အခြားသော အန္တရာယ်ရှိသော အပြုအမူတို့ကို ပြုလုပ်ပါက အသုံးပြုသူ သို့မဟုတ် လူအများစုအတွက် ပြင်းထန်သော အနာတရ သို့မဟုတ် အသက်ဆုံးရှုံးခြင်းများ ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့ အပြုအမူအပါအဝင် အဆန်းထွင်ခြင်း (စတန့်) နှင့် သို့မဟုတ် အခြားသော အန္တရာယ်ရှိသော စိန်ခေါ် ခြင်းများကို အားပေးခြင်း၊ ချီးမြောက်ခြင်း သို့မဟုတ် အမွှမ်းတင်ခြင်း အကြောင်းအ‌ရာများကို လက်ခံမည် မဟုတ်ပါ။  

အောက်ပါအကြောင်းအရာများအား မတင်ရပါ 

  • အန္တရာယ်ရှိသော အရာဝတ္ထုများကို မသင့်လျော်စွာအသုံးပြုခြင်းကို ပြသခြင်း အကြောင်းအရာ၊ 
  • စားသုံးရန် မသင့်လျော်သော အရည်များနှင့် အရာဝတ္ထုများကို သောက်သုံးခြင်းနှင့် စားသုံးခြင်းကို ဖော်ပြသည့် အကြောင်းအရာ၊ 
  • အနာတရဖြစ်နိုင်သော အန္တရာယ်ရှိသော စိန်ခေါ်မှုများ၊ 
  • ဥပဒေအရအသက်မပြည့်သေးသောသူများ မော်တော်ယာဥ်များကို မောင်းခြင်းကို ဖော်ပြထားသော အကြောင်းအရာများ။ 

အမုန်းစကား 

မတူကွဲပြားသည့် ပင်ကိုယ်လက္ခဏာများပေါ်မူတည်၍ လူတစ်ဦးခြင်း သို့မဟုတ် လူအုပ်စုအား အကြမ်းဖက်သည့်တိုက်ခိုက်မှု သို့မဟုတ် လှုံဆော်မှုများကို သည်းခံမည် မဟုတ်ပါ။ အမုန်းစကားပါဝင်သော အကြောင်းအရာများကို လက်ခံမည်မဟုတ်ပြီး ပလက်ဖောင်းပေါ်မှ ပယ်ချမည် ဖြစ်ပါသည်။ ထိုအကြောင်းအရာများနှင့် ပတ်သက်ပြီး ချိုးဖောက်မှုရှိသော အကောင့်တို့ကို ဆိုင်းငံခြင်း သို့မဟုတ် ပိတ်ပင်ခြင်းများပြုလုပ်မည် ဖြစ်ပါသည်။ 

ကာကွယ်ထားသော အဖွဲ့အစည်းထံသို့ တိုက်ခိုက်ခြင်း 

မတူကွဲပြားသည့် ပင်ကိုယ်လက္ခဏာများပေါ်မူတည်၍ လူတစ်ဦးခြင်း သို့မဟုတ် လူအုပ်စုအား အကြမ်းဖက်သည့်တိုက်ခိုက်မှု၊ တိုက်ခိုက်ရန် ရည်ရွယ်မှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက် လှုံဆော်မှု သို့မဟုတ် ဂုဏ်သိက္ခာကင်းမဲ့စေမှု စသည်တို့ကို အမုန်းစကားဟု အဓိပ္ပါယ်ဖွင့် ပါသည်။ 

မတူကွဲပြားသည့် ပင်ကိုယ်လက္ခဏာများပေါ်မူတည်၍ လူတစ်ဦးခြင်း သို့မဟုတ် လူအုပ်စုအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်မှုကိုလှုံ့ဆော်ခြင်း၊ လူတန်းစားအခွင့်အရေးကိုပိတ်ပင်ခြင်း 

 အောက်ပါ မတူကွဲပြားသည့်ပင်ကိုယ်လက္ခဏာအကြောင်းအရာများကိုမူတည်၍ လူတစ်ဦးခြင်း သို့မဟုတ် လူအုပ်စုအား နှုတ်အားဖြင့်ဖြစ်စေ သို့မဟုတ် ကိုယ်ထိလက်ရောက်ဖြစ်စေ အကြမ်းဖက်ခြိမ်းခြောက်ခြင်း သို့မဟုတ် ပုံဖေါ်ပြ၍နာကျင်စေမှုဖြစ်စေခြင်းများကိုလည်း လက်ခံမည်မဟုတ်ပါ။- 

  • လူမျိုး (race)  
  • တိုင်းရင်းသား လူမျိုးစု Ethnicity  
  • ပင်မနိုင်ငံသား 
  • ကိုးကွယ်သည့်ဘာသာ 
  • လူတန်းစားအဆင့်တန်း 
  • လိင်စိတ်တိမ်းညွှတ်မှု 
  • လိင် 
  • ကျားမခွဲခြားဆက်ဆံမှု 
  • ကျားမခွဲခြားသတ်မှတ်မှု 
  • ပြင်းထန်ဝေဒနာနှင့် မသန်စွမ်းမှု 
  • လူမှုအဆင့်အတန်း 

အောက်ပါအကြောင်းအရာများအား မတင်ရပါ 

  • လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုထံသို့ ဦးတည်၍ တိုက်ခိုက်ခြင်း အထက်ပါဖော်ပြထားသော မတူကွဲပြားသည့် ပင်ကိုယ်လက္ခဏာများအား  ဂုဏ်သိက္ခာကင်းမဲ့စေရန်၊ လှုံဆော်ရန်၊ အမုန်းပွါးစေရန် အကြောင်းအရာများအပါအဝင်- 
  • ၎င်းတို့အား ရုပ်ပိုင်းဆိုင်ရာအရနှင့် ကိုယ်ကျင့်တရားအရ နိမ့်ကျသည်ဟု ပြောဆိုခြင်း၊ 
  • ၎င်းတို့အား အကြမ်းဖက်ခြင်းကို တရားမျှတသည်ဟု သို့မဟုတ် လိုအပ်သည်ဟု ပြောဆိုခြင်း၊ 
  • ၎င်းတို့အား ပြစ်မှုကျူးလွန်သော ရာဇဝတ်သားဟု ပြောဆိုခြင်း၊ 
  • ၎င်းတို့အား တိရိစ္ဆာန်နှင့် အရာဝတ္ထုတို့ သို့မဟုတ် အခြားလူမဟုတ်သော အရာဟု ခိုင်းနှိုင်း ရည်ညွှန်းခြင်း၊ 
  • ၎င်းတို့အား ထုတ်ပယ်ခြင်း၊ သီးသန့်ခွဲခြားထားခြင်း သို့မဟုတ် ခွဲခြားဆက်ဆံခြင်းကို အားပေးခြင်း။ 

မဟုတ်မမှန်စွပ်စွဲပြောဆိုခြင်း  

လူမျိူးတစ်စု သို့မဟုတ် ကာကွယ်ထိန်းသိမ်းရမည်ဖြစ်သော အထက်တွင်ဖော်ပြထားချက်များအား မတရားသဖြင် ချိုးနှိမ်ပြောဆိုခြင်း ပါ၀င်သော ရိုင်းစိုင်းရှက်ဖွယ် ကောင်းသော ဖော်ပြချက်များအား မဟုတ်မမှန်စွပ်စွဲပြောဆိုခြင်း ဟု သတ်မှတ်ပါသည်။ ထိုကဲ့သို့ စိတ်အနှောက်အယှက်ဖြစ်စေသော စကားရပ်များအား ပြန့်ပွားမည်ကို အလိုမရှိခြင်းကြောင့် ဤပလက်ဖောင်းတွင် မဟုတ်မမှန်စွပ်စွဲပြောဆိုခြင်းအား သည်းမခံပါ။ သို့ရာတွင် ထိုစွပ်စွဲပြောဆိုချက်များအား  ကိုယ်ကိုယ်ကို ရည်ညွှန်းချက်အဖြင့် အသုံးပြုနိုင်သည်ဟု သိထားသည့် အလျောက် မဟုတ်မမှန်စွပ်စွဲချက်များအား သီချင်းတွင်လည်းကောင်း အခြားမိမိကိုယ်ကို ရည်ညွှန်းချက် သရော်စာတွင် လည်းကောင်း ထည့်သွင်းခြင်းအား ခွင့်ပြုပေးမည် ဖြစ်သည်။  

အောက်ပါအကြောင်းအရာများအား မတင်ရပါ 

  • တစ်ဖက်လူ၏ သဘောဆန္ဒမပါ၀င်သော မဟုတ်တရားစွပ်စွဲပြောဆိုခြင်း 

အမုန်းပွားစေနိုင်သော အတွေးအမြင် 

အမုန်းပွားစေနိုင်သော အတွေးအမြင်များသည် ကျွန်ုပ်တို့ ပလက်ဖောင်းက ထောက်ပံ့သော လူအချင်းချင်းရိုင်းပင်းကူညီမှုရှိခြင်း နှင့် အထောက်အကူပေးသော လူစုနှင့် ကိုက်ညီမှုမရှိပါ။ 

အောက်ပါတို့ကို အကြောင်းအရာတို့ကို မတင်ရပါ။ 

  • အမုန်းပွားခြင်းကို ဖြစ်စေနိုင်မည့် အတွေးအမြင်များနှင့် ပတ်သက်သော အမှတ်တံဆိပ်များ၊ သင်္ကေတများ၊ အလံများ၊ ဆောင်ပုဒ်များ၊ ယူနီဖောင်းများ၊ ဂုဏ်ပြုခြင်းများ၊ အမူအရာများ၊ ပုံတူများ၊ ရုပ်ပုံများ သို့မဟုတ် ထိုပုဂ္ဂိုလ်တို့၏ အမည်များ ပါဝင်သော အကြောင်းအရာများ၊ 
  • ကောင်းမွန်စွာစုဆောင်းထားသော မှတ်တမ်းများနှင့် အကြမ်းဖက်မှုအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်ကို ငြင်းပယ်ခြင်းပါဝင်သော အကြောင်းအရာများ၊  
  • ထိုမနှစ်သက်ဖွယ်ရာ အတွေးအမြင်စနစ်ပါဝင်သော သီချင်း သို့မဟုတ် သီချင်းစာသားများ။ 

ထိပါးနှောက်ယှက်ခြင်းနှင့် အနိုင်ကျင့်ခြင်း 

သုံးစွဲသူ တို့သည် အရှက်ခွဲခံရခြင်း၊ မျက်နှာပျက်ရခြင်း၊ အနိုင်ကျင့်ခံရခြင်းကို စိုးရိမ်စရာမလိုဘဲ မိမိကိုယ်ကို ပွင့်ပွင့်လင်းလင်းလှုံခြုံစွာထုတ်ဖော်နိုင်သည်ဟု ခံစားစေရမည်။ ရိုင်းစိုင်းကြမ်းတမ်းသော အပြုအမူများသည် စိတ်ဓာတ်ရေးရာ သောကရောက်နိုင်သည်ကို အထူးနားလည်သဘောပေါက်ထားပါသည်။ ထို့ကြောင့် ထိုလုပ်ရပ် အကြောင်းအရာများကို ကျွန်တော်တို့ ပလက်ဖောင်းပေါ်တွင် သည်းခံမည်မဟုတ်ပါ။ 

ရိုင်းစိုင်းကြမ်းတမ်းသော အပြုအမူများ 

ရိုင်းစိုင်းကြမ်းတမ်းသော အပြုအမူများကို ဖော်ပြခြင်းပါဝင်သော သို့ပေမယ့် မကန့်သတ်ထားသော ပုံပန်း၊ အသိဉာဏ်၊ ကိုယ်ကျင့်တရား၊ တကိုယ်ရည်သန့်ရှင်းခြင်းနှင့် စပ်လျဥ်း၍ ခြိမ်းခြောက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ပြုခြင်းများ၊ မတရားသဖြင့် ချိုးနှိမ်စေသော ပြောဆိုချက်များကို ဖယ်ရှားမည်ဖြစ်ပါသည်။  

အောက်ပါတို့ကို အကြောင်းအရာတို့ကို မတင်ရပါ။ 

  • လူပုဂ္ဂိုလ်တစ်ဦးအား အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်သည့် အကြောင်းအရာ၊ 
  • လူပုဂ္ဂိုလ်တစ်ဦးအား သေဆုံးစေရန် ဆန္ဒပြုခြင်း၊ ပြင်းထန်သော ဝေဒနာခံစားစေခြင်း၊ ခန္ဓာကိုယ် ကိုယ်ထိလက်‌ရောက် သို့မဟုတ် အခြားသော ထိခိုက်နစ်နာစေအောင် ပါဝင်သည့်အကြောင်းအရာ၊ 
  • အကြမ်းဖက်လှုံ့ဆော်ခြင်း သို့မဟုတ် အတူတကွအနှောင့်ယှက်ပြုစေရန် ပါဝင်သည့်အကြောင်းအရာ၊ 
  • အသုံးပြုသူ၏ လိင်ကိစ္စကို ဦးတည်၍ မတရားစွာ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပြုခြင်း သို့မဟုတ် မလိုချင်သော ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ခြင်း  
  • လူပုဂ္ဂိုလ်တစ်ဦးအား သူ၏ အသိဉာဏ်၊ ပုံပန်း၊ ကိုယ်ကျင့်တရားနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုတို့ အပေါ်မူတည်ပြီး မတရားစွာပြောဆိုခြင်းအကြောင်းအရာ၊ 
  • အကြမ်းဖက်လုပ်ရပ်အား အားပေးအားမြောက်ပြုခြင်းနှင့် မတရားခံရသူအား ချိုးဖောက်ပြောဆိုခြင်း 
  • TikTok အား နှစ်ယောက်တွဲသုံးခြင်း၊ တုန့်ပြန်ခြင်း သို့မဟုတ် သုံးစွဲသူများအား ရိုင်းစိုင်းစွာ ဖော်ပြနိုင်သည့် အကြောင်းအရာများ။  

သူတစ်ပါးအတွင်းရေးအား ချိုးဖောက်ခြင်း 

မဖော်ပြသင့်သည့် အတွင်းရေးအကြောင်းအရာများအား ထုတ်ဖော်ပြသရန် ခြိမ်းခြောက်ခြင်းသည် ဆိုးရွားသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေနိုင်သည့်အပြင် လက်တွေ့ဘ၀တွင်လည်း ထိခိုက်နစ်နာစေနိုင်ပါသည်။ ထိုအကြောင်းအရာများအား အကြမ်းဖက်သည့် အကြောင်းအရာများဟု မှတ်ယူပြီး TikTok တွင်တင်ခွင့်မပြုပါ။  

အောက်ပါတို့ကို အကြောင်းအရာတို့ကို မတင်ရပါ။ 

  • နေရပ်လိပ်စာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အီးမေးလ် လိပ်စာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖုန်းနံပါတ်၊ ဘဏ်အချက်အလက်များ သို့မဟုတ် နိုင်ငံကူးလက်မှတ်နံပါတ် ကဲ့သို့သောအကြောင်းအရာများအား ထုတ်ဖော်ပြသရန် ခြိမ်းခြောက်ခြင်းများ။ 
  • လိင်ပိုင်းဆိုင်ရာ ပုံများ သို့မဟုတ် မလိုအပ်သည့် ရင်းနှီးမှုများအား ဖော်ကျူးထားသည့် ပုံများ ထုတ်ဖော်ပြသရန် ခြိမ်းခြောက်ခြင်းများ။ 

အရွယ်ရောက်သူများ အဖော်အချွတ်နှင့် လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များ 

TikTok ပေါ်တွင် လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်ရှိရှိဖြင့် ဖော်ပြထားသော သို့မဟုတ် အားရကျေနပ်ဖွယ်ရာ(ဖော်ကြွား)သည့်အကြောင်းအရာများကို ခွင့်မပြုပါ။ လိင်ပိုင်းဆိုင်ရာနှင့် ပတ်သတ်သော အကြောင်းအရာများသည် အချို့သော စီရင်ပိုင်စုနယ်မြေများတွင် လွန်စွာပြင်းထန်သော ဥပဒေဆိုင်ရာ ပြစ်ဒဏ်များ အဖြစ်သတ်မှတ်ပြီး အပြင် အလိုမတူသော ပုံများ ၀ေမျှခြင်းများအတွက် သုံးစွဲသူများအား အန္တရာယ် ရှိစေနိုင်ပါသည်။ အချို့သော ဒေသများတွင် ထိုလိင်ကိစ္စရပ်များမှာ စိတ်အနှောက်အယှက် ဖြစ်စေနိုင်သည်။ ခြွင်းချက်များမှာ ထိုအဖော်အချွတ်နှင့် ဆိုင်သော အကြောင်းအရာများသည် ပညာရေးဆိုင်ရာ၊ မှတ်တမ်းမှတ်ရာ၊ သိပ္ပံနည်းဆိုင်ရာ သို့မဟုတ် အနုပညာဆိုင်ရာ တို့အတွက် ရည်ရွယ်ချက်ရှိသော အကြောင်းအရာများ ဖြစ်ပါသည်။ ဥပမာအားဖြင့် သားမြတ်ဖြတ်ထုတ်ခြင်းမှ ကျန်ရှိသောအမာရွတ်အကြောင်း ဆွေးနွေးခြင်းများ။  

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း 

အင်အား၊ အာဏာ သို့မဟုတ် ယုံကြည်မှုကို အလွဲသုံးစား ပြုလုပ်၍ အနိုင်ကျင့် အမြတ်ထုတ်သော လုပ်ရပ်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းဖြစ်သည်။ ငွေရေးကြေးရေးအကျိုးအမြတ်အတွက် ၊ လူမှုရေး သို့မဟုတ် နိုင်ငံရေးနှင့် သက်ဆိုင်သော အကြောင်းအရာများအတွက် ထိုသို့သော လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းများအား ခွင့်မပြုပါ။  

အောက်ပါတို့ကို အကြောင်းအရာတို့ကို မတင်ရပါ။ 

  • မိမိဆန္ဒမပါ၀င်သော ပုံတူများ၊ ကျူးလွန်ခြင်းများ သို့မဟုတ် လှုံဆော်မှုများ ဆိုင်ရာ အကြောင်းအရာများ 
  • လိင်ပိုင်းဆိုင်ရာများကို ဦးတည်သည့် ကျုးလွန်မှုများ၊ အားပေးမှုများ သို့မဟုတ် ချီးမွမ်းခြင်း ဆိုင်ရာ အကြောင်းအရာများ   

လိင်စိတ်ဖြစ်စေရန် ရေးသားခြင်းနှင့် အရွယ်ရောက်သူတို့၏ အဖော်အချွတ်များ 

လိင်ပိုင်းဆိုင်ရာကိစ္စရပ်များအား ရည်ရွယ်ချက်ရှိရှိထုတ်ဖော်ပြသခြင်းနှင့် လိင်စိတ်အပိုင်းများအား ဖွင့်လှစ်ပြသခြင်းများကို ဆိုလိုသည်။  

အောက်ပါတို့ကို အကြောင်းအရာတို့ကို မတင်ရပါ။ 

  • ထည့်သွင်းခြင်း၊ ထည့်သွင်းခြင်းမရှိသော လိင်ဆက်ဆံခြင်း သို့မဟုတ် ခံတွင်းအသုံးပြုလိင်ဆက်ဆံခြင်း။  
  • အချို့အစိတ်အပိုင်းများများ၊ အမျိူးသမီးရင်သား သို့မဟုတ် တင်ပါးအား ပြသခြင်း 
  • ရာဂနိုးကြွစေနိုင်သည့် အကြောင်းအရာများ 
  • ကာမစိတ်စွဲလမ်းစေရန် လှုံ့ဆော်သော အကြောင်းအရာများ 

အရွယ်မရောက်သေးသူတို့၏ လုံခြုံမှု  

ကလေးသူငယ်တို့၏ လုံခြုံရေးအား အလေးအနက်ထားပါသောကြောင့် အရွယ်မရောက်သေးသူအား ခေါင်းပုံဖြတ်၍သော်လည်းကောင်း၊ မရိုးသဘောဖြင့် လက်သပ်မွေးခြင်းအပြုအမူ ကဲ့သို့အကြောင်းအရာ များအား လုံး၀လက်ခံမည်မဟုတ်ပါ။ ကလေးသူငယ်တို့ကို ညှင်းပန်းနှိပ်စက်မှုနှင့် အဖော်အချွတ် သို့မဟုတ် လိင်ပိုင်းဆိုင်ရာနှင့် စပ်လျဉ်း၍ ခေါင်းပုံဖြတ်ခြင်းမှုကို စက်ဖြင့်ဖြစ်စေ လက်ဖြင့်ဖြစ်စေ ထိုကဲ့သို့ အကြောင်းအရာများကို သက်ဆိုင်ရာ အာဏာပိုင်များထံတွင် အစီရင်ခံမည်ဖြစ်သည်။ အရွယ်မရောက်သေးသူတို့၏ ဆိုးသွမ်းသောအပြုအမူများအား လက်ခံနိုင်မည်မဟုတ်ပါ။  

သုံးစွဲသူများသည် အနည်းဆုံးအသက်သတ်မှတ်ချက်ကို ပြည့်မှသာလျှင် TikTok ကိုအသုံးပြုခွင့်ရှိမည် ဖြစ်သည်။ (Terms of Service) မှ သတ်မှတ်ထားသည့်အတိုင်း အသက်မပြည့်သော အကောင့်ပိုင်ရှင်များကို ဖော်ထုတ်နိုင်လျှင် ပလက်ဖောင်းပေါ်မှ ထိုသူ၏အကောင့်ကိုဖယ်ရှား၍ သူနှင့်သင့်လျော်သည်များကို လမ်းညွှန်ပေးမည် ဖြစ်သည်။  

အရွယ်မရောက်သေးသူတို့၏ အဖော်အချွတ်ပုံများနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းများ 

အဖော်အချွတ်များဆိုသည်မှာ မိမိကိုယ်ခန္ဒာအစိတ်အပိုင်းများအား ပြသခြင်းဖြစ်သည်။ အင်အား၊ အာဏာ သို့မဟုတ် ယုံကြည်မှုကို အလွဲသုံးစား ပြုလုပ်၍ အနိုင်ကျင့် အမြတ်ထုတ်သော လုပ်ရပ်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း သို့သော် ထိုသို့သော အကြောင်းအရာများအား ငွေရေးကြေးရေး၊ လူမှုရေး သို့မဟုတ် နိုင်ငံရေးနှင့် သက်ဆိုင်သော အကြောင်းအရာများအား ခွင့်မပြုပါ။  

အောက်ပါတို့ကို အကြောင်းအရာတို့ကို မတင်ရပါ။ 

  • အရွယ်မရောက်သေးသူများ၏ ကိုယ်တွင်းအစိတ်အပိုင်းများအား ပြသခြင်း  
  • အရွယ်မရောက်သေးသူများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း  
  • အရွယ်မရောက်သေးသူများ၏ ထည့်သွင်းခြင်း၊ ထည့်သွင်းခြင်းမရှိသော လိင်ဆက်ဆံခြင်း သို့မဟုတ် ခံတွင်းအသုံးပြုလိင်ဆက်ဆံခြင်း။  
  • အရွယ်မရောက်သေးသူများ၏ အချို့အစိတ်အပိုင်းများများ၊ အမျိူးသမီးရင်သား သို့မဟုတ် တင်ပါးအား ပြသခြင်း 
  • အရွယ်မရောက်သေးသူများအား အသုံးပြု၍ ရာဂနိုးကြွစေနိုင်သည့် အကြောင်းအရာများ 
  • အရွယ်မရောက်သေးသူများအား အသုံးပြု၍ ကာမစိတ်စွဲလမ်းစေရန် လှုံ့ဆော်သော အကြောင်းအရာများ 

အရွယ်မရောက်သေးသူများ၏ ဆိုးသွမ်းသော အပြုအမူ 

ဆိုးသွမ်းသောအပြုအမူဆိုသည့် စကားရပ်တွင် မူးယစ်ဆေးအသုံးပြုခြင်း၊ အရက်သေစာ သောက်စားခြင်း နှင့် ဆေးရွက်ကြီးအသုံးပြုခြင်းတို့ပါ၀င်ပါသည်။  

အောက်ပါတို့ကို အကြောင်းအရာတို့ကို မတင်ရပါ။ 

  • အရွယ်မရောက်သူများ အရက်၊ မူးယစ်ဆေး နှင့် ဆေးရွက်ကြီးအသုံးပြုခြင်း သို့မဟုတ် အသုံးပြုသည်ဟု ယူဆရခြင်း အကြောင်းအရာများ  

ကလေးသူငယ် ညှင်းပန်းနှိပ်စက်ခြင်း  

ကလေးသူငယ် ညှင်းပန်းနှိပ်စက်ခြင်း ဆိုသည်မှာ အင်အားအသုံးပြု၍ ရုပ်ပိုင်းဆိုင်ရာ သော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာ အနာတရ ဖြစ်စေနိုင်ရန်သော်လည်းကောင်း အနိုင်ကျင့်ညှင်းပန်းခြင်းကို ဆိုလိုပါသည်။ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုဆိုသည်မှာ ကလေးသူငယ် ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဖြစ်စေရန် ပြုလုပ်ခြင်းကို ဆိုလိုသည်။ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုဆိုသည်မှာ ကလေးသူငယ်အား ကိုယ်ခန္ဓာကို ဖြစ်စေ လိင်ပိုင်းဆိုင်ရာြဖစ်စေ ခြိမ်းခြောက်ခြင်းကို ဆိုလိုသည်။  

အောက်ပါတို့ကို အကြောင်းအရာတို့ကို မတင်ရပါ။ 

  • အရွယ်မရောက်သူများနှင့် စပ်လျည်းသည့်ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများ ပါ၀င်သော အကြောင်းအရာများ 

မရိုးသဘောဖြင့် လက်သပ်မွေးခြင်း  

မရိုးသဘောဖြင့် လက်သပ်မွေးခြင်းဆိုသည်မှာ ကလေးသူငယ်နှင့် ယုံကြည်မှုတည်ဆောက်ပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း၊ အမြတ်ထုတ်ခြင်း သို့မဟုတ် လိင်မှောင်ခိုခြင်းများ ပါ၀င်သည်။  

အောက်ပါတို့ကို အကြောင်းအရာတို့ကို မတင်ရပါ။ 

  • မရိုးသဘောဖြင့် လက်သပ်မွေးခြင်းလုပ်ရပ်အား အားပေးခြင်း၊ ညွှန်ကြားခြင်း သို့မဟုတ် တရား၀င်ပြုလုပ်ခြင်း 
  • ကလေးသူငယ်အား လိင်ပိုင်းဆိုင်ရာ စကားရပ်တွင် ပါ၀င်ပတ်သတ်စေခြင်း 
  • ကလေးသူငယ်အား လိင်ပိုင်းဆိုင်ရာ ထုတ်ဖော်မှုများ အကြောင်းအရာတွင် ပါ၀င်စေခြင်း 

အရွယ်မရောက်သူအား လိင်ပိုင်းဆိုင်ရာတွင် ပါ၀င်ပတ်သတ်စေခြင်း  

အရွယ်မရောက်သူအား လိင်ပိုင်းဆိုင်ရာတွင် ပါ၀င်ပတ်သတ်စေခြင်း များအား လက်သင့်မခံနိုင်ပါ။  

အောက်ပါတို့ကို အကြောင်းအရာတို့ကို မတင်ရပါ။ 

  • အရွယ်မရောက်သူအား လိင်မှုနိုးဆွစေသော အက က ခိုင်းခြင်း အကြောင်းအရာများ 
  • အရွယ်မရောက်သေးသူပါ၀င်သော လိင်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်စိတ်နိုးဆွစေသော အကြောင်းအရာများ  

ဂုဏ်သိက္ခာနှင့် စစ်မှန်မှု 

ကျွန်ုပ်တို့ ပလက်ဖောင်းပေါ်တွင် လူ့အသိုင်းအ၀ိုင်းကို လှည့်ဖြားသော သို့မဟုတ် အထင်မှားစေသော အကြောင်းအရာတို့သည် ကျွန်ုပ်တို့၏ ယုံကြည်မှုဖြင့်တည်ဆောက်ထားသော အသိုက်အ၀န်းအား အန္တရာယ်ဖြစ်စေနိုင်သည်။ အနှောက်အယှက်အွန်လိုင်းမက်ဆေ့များပို့ခြင်း၊ အတုအယောင်များ ဖန်တီးခြင်၊ တမင်ဖန်တီးသော မဟုတ်မမှန်သတင်းများ လုပ်ကြံခြင်းစသော လှုံ့ဆော်မှုများအား ခွင့်မပြုပါ။   

အမှိုက်စာ 

နာမည်ကြီးစေရန်အတွက် အတုပြုလုပ်ထားသော အကြောင်းအရာများအား ပလက်ဖောင်းပေါ်တွင် တင်ခွင့်မပြုပါ။ တုန့်ပြန်မှုမက်ထရစ် မြှင့်တင်နိုင်ရန်အတွက် ကြိုးကိုင်ချယ်လှယ်ခြင်း တို့ကို ခွင့်ပြုမည်မဟုတ်ပါ။   

အောက်ပါတို့ကို အကြောင်းအရာတို့ကို မတင်ရပါ။ 

  • Likes, followers, ၀ေမျှသူ or မှတ်ချက်ပြုသူများ တိုးလာစေရန် အတုပြုလုပ်သည့် ညွှန်ကြားချက်များ  
  • Likes, followers, ၀ေမျှသူ or မှတ်ချက်ပြုသူများ တိုးလာစေရန် အတွက် ၀ယ်ယူရန် ရောင်း၀ယ်ရန် ကြိုးစားခြင်းများ 
  • Traffic generation ၀န်ဆောင်မှုများ အားပေးခြင်း 
  • TikTok အကောင့်အတုများဖန်တီး၍ စစ်မှန်မှုမရှိသော လုပ်ငန်းစဥ်များနှင့် စီးပွားရေးလုပ်ငန်း ကြေငြာများ ထည့်သွင်းခြင်း သို့မဟုတ် TikTok မူ၀ါဒ များအား ချိုးဖောက်ခြင်း 

အတုအယောင် အယောင်ဆောင်ခြင်း  

ပြည်သူလူထုအား လှည့်စားနိုင်ရန်အတွက် လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းများအား အသုံးပြုခြင်းအား တားမြစ်ပါသည်။ အတုအယောင်သတင်းများအား အတည်ပြုပြီးက အကောင့်အတုများအား ပလက်ဖောင်းမှ ဖယ်ရှားမည်ဖြစ်သည်။ ၀ေဖန်သုံးသပ်ချက်များ၊ အနုပညာရှင်များ၏ ပရိသတ်အကောင့်များအား TikTok အသုံးပြုခြင်း၏ ရည်ရွယ်ချက်နှင့် မဆန့်ကျင်သ၍ ခြွင်းချက်အနေဖြင့် လက်ခံထားရှိထားပါသည်။  

အောက်ပါတို့ကို အကြောင်းအရာတို့ကို မတင်ရပါ။ 

  • လွဲမှားစေနိုင်သော ရည်ရွယ်ချက်ဖြင့် တစ်ပါးသူအမည်ကိုအသုံးပြုခြင်း၊ အထ္ထုပတ္တိ အသေးစိတ်ကိုအသုံးပြုခြင်းနှင့် ရုပ်ပုံများအသုံးပြုခြင်း အကြောင်းအရာများ 

အထင်မှားစေနိုင်သော သတင်းအချက်အလက်များ 

ကျွန်ုပ်တို့အနေဖြင့် သုံးစွဲသူများအား မိမိတို့နှင့် စပ်ဆိုင်သော အကြောင်းအချက်များကိုသာ ဂရုပြုရန် အားပေးစေလိုပါသည်။ ကျွန်ုပ်တို့အနေဖြင့် တစ်ဦးတစ်ယောက်ခြင်းစီ၊ ကျွန်ုပ်တို့ အဖွဲ့အစည်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးအား အန္တရာယ်ဖြစ်စေနိုင်သော အထင်မှားစေနိုင်သည့် သတင်းအချက်အလက်များအား တင်ခွင့်မပြုပါ။  

အောက်ပါတို့ကို အကြောင်းအရာတို့ကို မတင်ရပါ။ 

  • မှားယွင်းသောအချက်အလက်များဆိုသည်မှာ ကြောက်ရွံ့ခြင်းများ သို့မဟုတ် မနာလိုတရားများကို ဆိုလိုသည်။  
  • အထိတ်တလန့်ဖြစ်စေနိုင်သည့် အရေးကြီးအကြောင်းအရာများအား မှားယွင်းတင်ပြခြင်း  
  • တစ်ဦးတစ်ယောက်ချင်းစီ၏ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် ဆေးပညာပိုင်းဆိုင်ရာ အလွဲသတင်းအချက်အလက် အကြောင်းအရာများ 
  • လူ့အဖွဲ့အစည်းများအား ရွေးကောက်ပွဲ အဖွဲ့၀င်များ သို့မဟုတ် အခြား လူထုနှင့်ဆိုင်သည့် အကြောင်းအရာများ 
  • ကြိုးကိုင်ချယ်လှယ်ခြင်းများနှင့် အန္တရာယ်ပြုနိုင်စေရန် အားထုတ်မှုများ စသည့် အကြောင်းအရာများ 
  • လူ့အဖွဲ့အစည်းမှ အထင်မှား၊ အန္တရာယ်ဖြစ်စေနိုင်မည့် သတင်းအမှန်အား မမှန်မကန်လိုရာဆွဲပြောနိုင်သည့် ဒီဂျစ်တယ်စာရွက်စာတမ်းအတုများ ပြုလုပ်ခြင်း (မီဒီယာမှ ဖန်တီးထားသော သို့မဟုတ် မီဒီယာမှ ချယ်လှယ်သော)  
  • တစ်ဦးတစ်ယောက်ခြင်းစီ၊ ကျွန်ုပ်တို့ အဖွဲ့အစည်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးအား လွှမ်းမိုးနိုင်ရန် သို့မဟုတ် အထင်အမြင်လွဲစေနိုင်မည့် အကောင့်များ၏ စစ်မှန်မှု၊ တည်နေရာ သို့မဟုတ် ရည်ရွယ်ချက်များအား (အကောင့်များဖန်တီးခြင်းဖြင့်)  အစစ်အမှန်မဟုတ်သော အမှုကိစ္စများ တွင်ပါ၀င်ပတ်သတ်ခြင်း တို့ကို မပြုလုပ်ရပါ။  

ဥာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်  

တစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် ကိုယ်ပိုင် ဖန်တီးထားသော အကြောင်းအရာများကို ၀ေမျှနိုင်ရန် ကျွန်ုပ်တို့ အားပေးပါသည်။ အခြားတစ်ယောက်၏ ဥာဏပစ္စည်းမူပိုင်ခွင့်များကို ချိုးဖောက်၍ ၀ေမျှခြင်း ဖြန့်ဖြုးခြင်းများအား လက်ခံမည်မဟုတ်ပါ။  

အောက်ပါတို့ကို အကြောင်းအရာတို့ကို မတင်ရပါ။ 

  • အခြားတစ်ယောက်၏ ဥာဏပစ္စည်းမူပိုင်ခွင့်၊ စာပေအနုပညာ မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ် ကို ချိုးဖောက်၍ ၀ေမျှခြင်း ဖြန့်ဖြုးခြင်းများအား လက်ခံမည်မဟုတ်ပါ။ 

ပလက်ဖောင်း၏ လုံခြုံမှုကို ခြိမ်းခြောက်ခြင်း  

အထက်တွင်ဖော်ပြထားသော အကြောင်းအရာများနှင့် အပြုအမူများ အပြင် ကျွန်ုပ်တို့ မူ၀ါဒများသည် TikTok ၏ ၀န်ဆောင်မှုများကို အသုံးပြုခြင်းမှ တားမြစ်သည်။  

  • သုံးစွဲသူ၏ အက်ပလီကေးရှင်း သို့၀င်ရောက်ခြင်း အတွက် TikTok Website, App သို့မဟုတ် သက်ဆိုင်ရာ Network များအား Hack လုပ်ခြင်းများ မပြုလုပ်ရပါ။  
  • Virus, Horses, Worm နှင့် Logic Bombs များ နှင့် အခြားသော အန္တရာယ်ဖြစ်စေနိုင်သည့် အရာများ ပါ၀င်သော ဖိုင်များအား ဖြန့်ဖြူးခြင်း မပြုလုပ်ရပါ။  
  • TikTok တွင်ရှိသော မူရင်းမဟုတ်သော ပစ္စည်းများကို ပြုပြင်မွန်းမံခြင်း၊ ပြင်ဆင်ခြင်း၊ ဘာသာပြန်ခြင်း၊ ပြောင်းပြန်ပြုလုပ်ခြင်း၊ တစ်စစီပြုလုပ်ခြင်း အပါအ၀င် မည်သည့် ဖိုင်၊ စားပွဲ သို့မဟုတ် စာရွက်စာတမ်းများ သို့မဟုတ် မူရင်းကုတ်၊ Algorithm၊ နည်းလမ်းများ သို့မဟုတ် နည်းပညာများတို့ကို ပြန်လည်စတင် လည်ပတ်အောင် မပြုရပါ။  
  • TikTok ၏သတင်းအချက်အလက်များတွင် အလိုအလျောက် ဇာတ်ညွှန်းသုံးစွဲခြင်းအား မပြုလုပ်ရပါ။  

သုံးစွဲသူများအတွက် လုံခြုံမှုကိုပေးနိုင်သော ပတ်၀န်းကျင်ဖြစ်ခြင်းအား ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ကမ္ဘာတစ်၀ှမ်းမှ ကျွန်ုပ်တို့နှင့်အတူ လက်တွဲလုပ်ဆောင်သည့်အတွက် ကျေးဇူးတင်ရှိပါသည်။ ကျွန်ုပ်တို့၏ အဖွဲ့အစည်းလမ်းညွှန်ချက်များအား ချိုးဖောက်နိုင်စေသည့် အကြောင်းအရာ သို့မဟုတ် အကောင့်များကို တွေ့ရှိပါက ပြန်လည်သုံးသပ်၍ သင့်တော်သလို ပြင်ဆင် နိုင်ရန်အတွက် ကျွန်ုပ်တို့အား အသိပေး အကြောင်းကြားပေးစေလိုပါသည်။