MY

ကြော်ငြာများနှင့် သင့်ဒေတာများ

ကျွန်ုပ်တို့၏ ပန်းတိုင်သည် စီးပွားရေးလုပ်ငန်းများကို ၎င်းတို့အလေးထားသူများထံ ဖန်တီးမှုပါပြီး အဓိပ္ပာယ်ရှိသော နည်းလမ်းဖြင့် ချဉ်းကပ်ဆက်သွယ်ရေးအတွက် ကူညီပေးရန် ဖြစ်ပါသည်၊ မျှဝေမည့် အချက်အလက်များအပေါ် ထိန်းချုပ်နိုင်စွမ်းကိုလည်း ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းအား ပေးစွမ်းလျက်ရှိပါသည်။ သင်သည် သင့် TikTok အက်ပ်၏ သို့မဟုတ် စက်၏ ကိုယ်ရေးလုံခြုံမှု ဆက်တင်များမှတစ်ဆင့် သင် မြင်တွေ့ရသော ကြော်ငြာများအပေါ် အချို့ဒေတာများ၏ သက်ရောက်ပုံကို စီမံနိုင်သည်။


ဒစ်ဂျစ်တယ်နည်းဖြင့် ကြော်ငြာခြင်းသည် ရှုပ်ထွေးနိုင်ကြောင်း ကျွန်ုပ်တို့ လက်ခံပါသည်၊ သို့သော် ၎င်းသည် ရှုပ်ထွေးနေရမည်ဟု ကျွန်ုပ်တို့ မထင်ပါ။ ကျွန်ုပ်တို့၏ ကြော်ငြာ လုပ်ထုံးလုပ်နည်းများအကြောင်းကို ရိုးရှင်းစွာ တိုက်ရိုက် ရှင်းလင်းတင်ပြရန် ကြိုးပမ်းပါသည်။


ကြော်ငြာတွင် ကိုယ်ရေးလုံခြုံမှုကို အလေးထားခြင်း

ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းအနေဖြင့် အမျိုးအစားစုံလင်ပြီး ဖျော်ဖြေမှုပေးသည့် အကြောင်းအရာများကို ယုံကြည်မှုရှိစွာ ရှာဖွေ၊ ဖန်တီးပြီး သုံးနိုင်ရန်အတွက် TikTok တွင် ကိုယ်ရေးလုံခြုံမှုကို ကျွန်ုပ်တို့ ရည်ရွယ်ထည့်သွင်းထားပါသည်။ ကြော်ငြာအတွက် ဒေတာများကို ကျွန်ုပ်တို့ စုဆောင်းပုံ၊ အသုံးပြုပုံနှင့် မျှဝေပုံတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ အသုံးပြုသူများ ပွင့်လင်းမြင်သာမှုရှိစေရန် လုပ်ဆောင်ပါသည်။


TikTok ကြော်ငြာများအကြောင်း

စီးပွားရေးလုပ်ငန်းများသည် ဖန်တီးမှုပါပြီး အဓိပ္ပာယ်ရှိသော နည်းလမ်းဖြင့် ၎င်းတို့ အလေးထားသူများထံ ချဉ်းကပ်ဆက်သွယ်ရန် TikTok တွင် ကြော်ငြာများ ပြသသည်။ ၎င်းသည် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းအတွက် TikTok ကို အခမဲ့ ဆက်လက်အသုံးပြုရန် ကူညီပေးသည်။

TikTok ကို သုံးသည့်အခါ ကြော်ငြာမျိုးစုံကို သင် မြင်ရပါမည်။ အသုံးပြုသူ၏ သတင်းစဉ်များ သို့မဟုတ် ရှာဖွေမှု စာမျက်နှာတွင် ထားရှိရန် TikTok ကို ငွေပေးထားသည့် ကြော်ငြာအားလုံးကို "ကြော်ငြာထားသည်" သို့မဟုတ် "ကြော်ငြာ" အိုင်ကွန်ဖြင့် ရှင်းလင်းစွာ အမှတ်အသားပြထားပါသည်။ သင်သည် အသုံးပြုသူများက ပို့စ်တင်ထားသည့် အကြောင်းအရာနှင့် အပြန်အလှန်တုံ့ပြန်သကဲ့သို့ပင် ကြော်ငြာနှင့် အပြန်အလှန်တုံ့ပြန်နိုင်သည်။ ဥပမာ၊ ကြော်ငြာရှင်က သတ်မှတ်ကြော်ငြာတစ်ခုအတွက် ထိုလုပ်ဆောင်ချက်များကို ဖွင့်ထားပါက သင်သည် ကြော်ငြာကို မျှဝေနိုင်သည်၊ လိုက်ခ်လုပ်နိုင်သည်၊ မှတ်ချက်ပေးနိုင်သည် သို့မဟုတ် ပြန်ဖွင့်နိုင်သည်၊ ကြော်ငြာက မသင့်လျော်ကြောင်း သင် တွေ့ရှိပါကလည်း ၎င်းကို တိုင်ကြားနိုင်သည်။

TikTok ကြော်ငြာ မူဝါဒများသည် TikTok တွင် ကြော်ငြာနိုင်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအစားအပြင် ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် တားမြစ်ထားသည့် သို့မဟုတ် ကန့်သတ်ထားသည့် ကြော်ငြာ အကြောင်းအရာ အမျိုးအစားကိုပါ ဆုံးဖြတ်သည်။


အချို့သော TikTok ကြော်ငြာများကို သင် မြင်ရနိုင်သည့် အကြောင်းရင်းများ

ကျွန်ုပ်တို့သည် သင့် TikTok အတွေ့အကြုံကို ကြော်ငြာဖြင့် အဆင့်မြှင့်တင်စေလိုသည်။ ထိုသို့ဖြစ်စေရန် သင် TikTok ကို သုံးစဉ် သင့်အကြောင်းကို ကျွန်ုပ်တို့ အလိုအလျောက် စုဆောင်းထားသည့်၊ ကြော်ငြာရှင်များနှင့် အကဲဖြတ်ရေး မိတ်ဖက်များက သင့်အကြောင်း မျှဝေထားသည့် သို့မဟုတ် သင် ပေးထားသည့် အချက်အလက်များကို သုံး၍ TikTok က သင့်ကို ကြော်ငြာများ ပြသသည်။

  • သင့်နိုင်ငံနှင့် ဘာသာစကား၊ သင့်အသက်ကဲ့သို့ အတိအလင်းကြေညာထားသည့် အချက်အလက် စသည့် ဆက်စပ်အကြောင်းအရာပေါ်အခြေခံ၍ သင်နှင့်သာမက အခြားအသုံးပြုသူများနှင့် ကျယ်ကျယ်ပြန့်ပြန့် သက်ဆိုင်သော အချက်အလက် အမျိုးအစားများပေါ်အခြေခံကာ တစ်ဦးချင်းစိတ်ကြိုက်မလုပ်ထားသည့် ကြော်ငြာများကို သင် လက်ခံရရှိပါမည်။ တစ်ဦးချင်းစိတ်ကြိုက်မလုပ်ထားသည့် ကြော်ငြာများသည် သင်၏ ယခင် လုပ်ဆောင်မှုအပေါ် အခြေမခံသည့်အတွက် ၎င်းကြော်ငြာများမှာ သင်နှင့် မသက်ဆိုင်သလောက်ဖြစ်နိုင်သည်။
  • သင်၏ ကြော်ငြာ ဆက်တင်များပေါ်မူတည်၍ ကျွန်ုပ်တို့ ရရှိသည့် အချက်အလက်များပေါ် အခြေခံလျက် သင် စိတ်ဝင်စားမည်ဟု ကျွန်ုပ်တို့ ယူဆသည့် ကြော်ငြာများဖြစ်သော တစ်ဦးချင်းစိတ်ကြိုက် ကြော်ငြာများကို သင့်အား ပြသနိုင်သည်။ ၎င်းတို့တွင် အက်ပ်ရှိ သို့မဟုတ် ကျွန်ုပ်တို့ ကြော်ငြာမိတ်ဖက်များ၏ ဝက်ဘ်ဆိုက်များနှင့် အက်ပ်များရှိ သို့မဟုတ် ၎င်းတို့၏ စတိုးများရှိ သင့်လုပ်ဆောင်မှုများအကြောင်း အချက်အလက်များ ပါဝင်နိုင်သည်။


ကြော်ငြာအားလုံးအတွက် ကျွန်ုပ်တို့ သုံးသည့် အချက်အလက်များ

သင့်ကို တစ်ဦးချင်းစိတ်ကြိုက် ကြော်ငြာများ ပြရန်ဖြစ်စေ၊ တစ်ဦးချင်းစိတ်ကြိုက်မလုပ်ထားသည့် ကြော်ငြာများ ပြရန်ဖြစ်စေ အောက်ပါအထွေထွေအချက်အလက်များကို အသုံးပြုနိုင်သည်။

  • တည်နေရာ အချက်အလက်- ဥပမာ၊ သင်၏ တည်နေရာ အချက်အလက်ကိုအခြေခံ၍ သင်သည် ဘာလင်မြို့တွင် ရှိနေသည်ဟု ကျွန်ုပ်တို့ ယူဆပါက ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ TikTok အသုံးပြုသူများထံ ရောက်ရှိစေလိုသည့် ကြော်ငြာရှင်တစ်ဦးထံမှ ကြော်ငြာတစ်ခုကို သင် မြင်ရနိုင်သည်။ တည်နေရာ အချက်အလက် စုဆောင်းပုံအကြောင်း ပိုမိုလေ့လာပါ
  • ဘာသာစကား အချက်အလက်-ဥပမာ၊ သင်၏ အက်ပ်ဘာသာစကားကို စပိန်အဖြစ် သတ်မှတ်ထားပါက စပိန်စကားပြောသူများထံ ရောက်ရှိစေလိုသည့် ကြော်ငြာရှင်တစ်ဦးထံမှ ကြော်ငြာတစ်ခုကို သင် မြင်ရနိုင်သည်။
  • သင် ပေးထားသည့် လူ့အခြေခံဝိသေသလက္ခဏာ အချက်အလက်များ- ဥပမာ၊ TikTok အကောင့်တစ်ခုကို သင် စာရင်းသွင်းသည့်အခါ သင် ပေးထားသည့် အသက်သည် အသက် 25 နှစ်နှင့်အထက် ရှိသူများအတွက် ရနိုင်သော ကားငှားရမ်း ဝန်ဆောင်မှုအတွက် ကြော်ငြာကို TikTok က သင့်အား ပြ မပြအပေါ် သက်ရောက်နိုင်သည်။


တစ်ဦးချင်းစိတ်ကြိုက် ကြော်ငြာများအတွက် ကျွန်ုပ်တို့ သုံးသည့် အချက်အလက်များ

သင်၏ ကြော်ငြာ တစ်ဦးချင်းစိတ်ကြိုက် ရွေးချယ်မှုများပေါ်မူတည်၍ သင့်ကို တစ်ဦးချင်းစိတ်ကြိုက် ကြော်ငြာများ ပြရန် အောက်ပါထပ်တိုးအချက်အလက်များကို အသုံးပြုနိုင်သည်။

  • ကျွန်ုပ်တို့ ကောက်ချက်ချသည့် လူ့အခြေခံဝိသေသလက္ခဏာ အချက်အလက်များ- ဥပမာ၊ TikTok ပေါ်တွင် သင်၏လုပ်ဆောင်မှုပေါ်အခြေခံ၍ သင်၏ လိင်အမျိုးအစားကို ကျွန်ုပ်တို့ ကောက်ချက်ချနိုင်သည်၊ သင် မြင်ရသည့် ကြော်ငြာများကို အံကိုက်ပြရာတွင် ၎င်းကို သုံးနိုင်သည်။ ကြော်ငြာများအတွက် ကောက်ချက်ချထားသည့် လိင်အမျိုးအစားကို သင်၏ ကြော်ငြာ ဆက်တင်များတွင် အချိန်မရွေး အပ်ဒိတ်လုပ်နိုင်သည်။ မည်သည့်အပ်ဒိတ်မဆို သင်၏ ကြော်ငြာ ဆက်တင်များတွင်သာ သက်ရောက်ပြီး အခြား TikTok ဝန်ဆောင်မှုများကို မထိခိုက်ပါ။
  • စိတ်ဝင်စားမှုနှင့် အပြုအမူဆိုင်ရာ အချက်အလက်များ
    • TikTok ပေါ်ရှိ လုပ်ဆောင်မှု- TikTok သည် အကြောင်းအရာကို သင် ကြည့်ပုံ၊ ရှာဖွေပုံ၊ မျှဝေပုံနှင့် လိုက်ခ်လုပ်ပုံ သို့မဟုတ် ဖန်တီးရှင်(များ)နှင့် အပြန်အလှန်တုံ့ပြန်ပုံတို့အပြင် အလားတူကြော်ငြာများကို သင်၏ ယခင်က အပြန်အလှန်တုံ့ပြန်မှုများပေါ်အခြေခံ၍ သင် စိတ်ဝင်စားနိုင်သည့် အရာများနှင့်ပတ်သက်သော ကြော်ငြာများကို ပြသနိုင်သည်။ ဥပမာ၊ အိမ်မွေးတိရစ္ဆာန်ဆိုင်တစ်ခုသည် ခွေးများကို စိတ်ဝင်စားသူများထံ ခွေးအရုပ်များ ရောင်းချမှုကို ကြော်ငြာလိုသည်၊ ကျွန်ုပ်တို့သည် ဤကြော်ငြာကို “ခွေးများ” ဟက်ရှ်တဂ်ဖြင့် တဂ်တွဲထားသည့် ဗီဒီယိုအများအပြားကို လိုက်ခ်လုပ်ထားသော အသုံးပြုသူများထံ ပြသနိုင်သည်။ သို့မဟုတ် အိမ်အပြင်ဘက် ကိုယ်လက်လှုပ်ရှားမှုသုံး ပစ္စည်းရောင်းသည့် ဆိုင်သည် အိမ်အပြင်ဘက် ကိုယ်လက်လှုပ်ရှားမှုများနှင့် သဘာဝဆိုင်ရာ အကြောင်းအရာများ ပို့စ်တင်သည့် ဖန်တီးရှင်များ၏ ဖော်လိုလုပ်သူများထံ ရွက်ဖျင်တဲများကို ကြော်ငြာလိုသည်။ ယင်းကဲ့သို့ ဖန်တီးရှင်များ၏ ဖော်လိုလုပ်သူများထံ ဤကြော်ငြာကို ကျွန်ုပ်တို့ ပြသမည်။
    • TikTok ပြင်ပ လုပ်ဆောင်မှု- TikTok သည် ကျွန်ုပ်တို့၏ ကြော်ငြာရှင်များ၊ အကဲဖြတ်ရေးနှင့် အခြားမိတ်ဖက်များက မျှဝေထားသည့် အချက်အလက်များပေါ်အခြေခံ၍ ကြော်ငြာများကို တစ်ဦးချင်းစိတ်ကြိုက် ပြုလုပ်နိုင်သည်။ ဥပမာ၊ ဖက်ရှင်ကုမ္ပဏီတစ်ခုသည် ယခင်က ၎င်းတို့၏ ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်မှ ဝယ်ယူထားဖူးသည့် ဖောက်သည်များထံ ၎င်းတို့၏ နွေရာသီ အဝတ်အထည်အစုံကို ကြော်ငြာလိုနိုင်သည်။ ကုန်အမှတ်တံဆိပ်သည် ကျွန်ုပ်တို့နှင့် အချက်အလက်များ မျှဝေနိုင်သည်၊ သို့မှသာ ၎င်းက ရောက်ရှိရန် ကြိုးစားနေသည်ဟု ကျွန်ုပ်တို့ ယူဆမိသော TikTok သုံးစွဲသူများထံသို့ ၎င်း၏ကြော်ငြာများကို ကျွန်ုပ်တို့က ပြသပေးနိုင်မည်ဖြစ်သည်။
      မျှဝေပေးသော အချက်အလက်များတွင် သင့်ဖုန်း၏ ကြော်ငြာ ID ကဲ့သို့သော စက်အချက်အလက်များ နှင့်/သို့မဟုတ် အီးမေးလ်လိပ်စာများ၊ သင်ကုဒ်ဝှက်ထားသော ဖုန်းနံပါတ်များ ပါဝင်နိုင်သည်။ သင်သည် ဈေးဝယ်လှည်းအတွင်း ပစ္စည်းတစ်ခု ထည့်ထား၊ မထားကဲ့သို့ ကြော်ငြာရှင်၏ အက်ပ် သို့မဟုတ် ဝက်ဘ်ဆိုက်တွင် သင် ပြုလုပ်သည့် လုပ်ဆောင်ချက်များကိုလည်း မိတ်ဖက်များက မျှဝေနိုင်သည်။

ကျွန်ုပ်တို့၏ မိတ်ဖက်များက ကျွန်ုပ်တို့နှင့် အချက်အလက်များ မျှဝေသည့် နည်းလမ်းအနည်းငယ်ရှိသည်-

      • TikTok ကြော်ငြာရှင်သုံး ကိရိယာများ (TikTok Pixel၊ API များ စသည့်) နှင့် ပေါင်းစပ်မှု။ ယင်းကိရိယာများမှတစ်ဆင့် ကြော်ငြာရှင်များ၏ ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်တွင် အချို့အသုံးပြုသူများ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်သော အချက်အလက်များကို TikTok က လက်ခံရရှိနိုင်သည်။
      • ကြော်ငြာရှင် ပစ်မှတ်ထားရမည့် ပရိသတ်ကို ဖန်တီးရာတွင် TikTok က အသုံးပြုသူများနှင့် ကိုက်ညီအောင်တွဲဖက်နိုင်သည့် စက် သို့မဟုတ် ကုဒ်ပြောင်းဝှက်ထားသည့် အဆက်အသွယ် အချက်အလက်များ ပါဝင်သော ပရိသတ်ဖိုင်တစ်ခုကို အပ်လုဒ်တင်ခြင်း။
      • ကြော်ငြာရှင်၏ ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပ်တွင် အသုံးပြုသူများ၏ လုပ်ဆောင်ချက်များနှင့် ဖြစ်စဉ်များအကြောင်း ကြော်ငြာရှင်ကိုယ်စား စုဆောင်းထားသည့် ဒေတာကို ကျွန်ုပ်တို့ထံ ပို့ရန် ၎င်းတို့၏ အကဲဖြတ်ရေး မိတ်ဖက်များကို တောင်းဆိုခြင်း။

ကြော်ငြာများ တင်ဆက်ရာတွင် အသုံးပြုနိုင်သည့် ဒေတာ အမျိုးအစားများအကြောင်း နောက်ထပ်အချက်အလက်များအတွက် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒကို ကြည့်ပါ။ ကြော်ငြာရှင်များ၊ အကဲဖြတ်ရေးနှင့် အခြားမိတ်ဖက်များက သင်၏ ကိုယ်ရေးလုံခြုံမှုအပေါ် ကာကွယ်ပေးထားသည့် ကျွန်ုပ်တို့၏ စည်းကမ်းများကို လိုက်နာရန် သဘောတူမှသာ ၎င်းတို့ မျှဝေထားသည့် အချက်အလက်များကို TikTok က အသုံးပြုကြောင်း သတိပြုပါ။ သင် အပြန်အလှန်တုံ့ပြန်သည့် ဝက်ဘ်ဆိုက်များနှင့် ကြော်ငြာရှင်မှန်သမျှအတွက် သက်ဆိုင်ရာ ကိုယ်ရေးလုံခြုံမှု မူဝါဒကို သင် ဖတ်ရှုသုံးသပ်သင့်သည်။


အကဲဖြတ်ရေး မိတ်ဖက်များနှင့် ဒေတာ မျှဝေခြင်း

ဂိမ်းအက်ပ်တစ်ခု၏ ကြော်ငြာသည် ၎င်းအက်ပ်အား ဒေါင်းလုဒ်လုပ်မှု ပိုမိုရရှိစေခြင်း ရှိမရှိကဲ့သို့သော TikTok တွင် ကြော်ငြာရှင်များ၏ ကြော်ငြာများ ထိရောက်မှု ရှိမရှိကို ကျွန်ုပ်တို့က ကူညီအကဲဖြတ်ပေးသည်။ ဤသို့လုပ်ဆောင်ရန် ကျွန်ုပ်တို့သည် သင်၏ ကြော်ငြာ ကြည့်ရှုမှုများ သို့မဟုတ် အပြန်အလှန်တုံ့ပြန်မှုများအကြောင်း အချက်အလက်များကို ကျွန်ုပ်တို့ ကြော်ငြာရှင်များ၏ အကဲဖြတ်ရေး မိတ်ဖက်များနှင့် မျှဝေသည်၊ ယင်းမိတ်ဖက်များမှာ ကြော်ငြာရှင်များ၏ ကြော်ငြာများက ၎င်းတို့၏ ဈေးကွက်ရှာဖွေရေး ရည်မှန်းချက်များကို မည်သို့အောင်မြင်မှုရရှိစေသည်ကို နားလည်အောင်ကူညီပေးသော ကုမ္ပဏီများဖြစ်သည်။ အကဲဖြတ်ရေး မိတ်ဖက်များအား အဆိုပါဒေတာများကို အခြားရည်ရွယ်ချက်များအတွက် အသုံးပြုရန် သို့မဟုတ် မျှဝေရန် ခွင့်ပြုမထားပါ။ ကြော်ငြာရှင်များသည် ၎င်းတို့၏ အက်ပ်များ သို့မဟုတ် ဝက်ဘ်ဆိုက်များ သို့မဟုတ် ၎င်းတို့၏ ဆိုင်များရှိ သင့်လုပ်ဆောင်ချက်များကိုလည်း ဤမိတ်ဖက်များနှင့် မျှဝေသည်။ ထို့နောက် ဤလုပ်ဆောင်ချက်များသည် TikTok တွင် သင် မြင်ခဲ့သည့် ကြော်ငြာကြောင့်ဟု ယူဆသင့်၊ မယူဆသင့် ထိုမိတ်ဖက်များက ဆုံးဖြတ်သည်။ ၎င်းသည် TikTok ရှိ ကြော်ငြာကို သက်ဆိုင်မှု ရှိမြဲရှိနေစေရန် ကူညီပေးပြီး TikTok ကို အသုံးပြုသူအားလုံးအတွက် အခမဲ့ ရမြဲရစေသည်။


သင့်ကြော်ငြာအတွေ့အကြုံကို ထိန်းချုပ်ခြင်း

ကျွန်ုပ်တို့သည် သင့်ကို ကြော်ငြာများပြသနိုင်ရန် အသုံးပြုသော ဒေတာများနှင့် သင် မြင်တွေ့သော ကြော်ငြာများအတွက် ငွေပေးချေသူတို့အပါအဝင် – TikTok တွင် ကြော်ငြာခြင်း၏အလုပ်လုပ်ပုံအကြောင်း လူများ နားလည်စေရန် ကူညီပေးမည့် ထုတ်ကုန်များနှင့် အချက်အလက်များကို ပေးအပ်ထားသည်။

ဤကြော်ငြာအကြောင်း

"ဤကြော်ငြာအကြောင်း" လုပ်ဆောင်ချက်ဖြင့် သင်သည် ကြော်ငြာရှင်က ပစ်မှတ်ထားရေး အချက်အလက်အမျိုးမျိုးကို မည်သို့ရွေးချယ်အသုံးပြုကာ ကြော်ငြာတစ်ခုကို လူတစ်ဦးစီအတွက် သီးသန့်သတ်မှတ်ပုံအကြောင်း အချက်အလက်များကို ပိုမိုရှာတွေ့နိုင်သည်၊ ဥပမာ တည်နေရာ အချက်အလက်များ၊ အသက်အရွယ်အပိုင်းအခြား၊ ကောက်ချက်ချထားသော လိင်အမျိုးအစား အချက်အလက်များ၊ ကောက်ချက်ချထားသော စိတ်ဝင်စားမှုများနှင့် သင်၏ TikTok သုံးချိန်နှင့် မသုံးချိန် လှုပ်ရှားမှု နှစ်ခုစလုံးအပေါ်အခြေခံထားသော အပြုအမူဆိုင်ရာ အချက်အလက်များ။ ဥပမာ သင်က "ခွေးများ" ဟု ဟက်ရှ်တဂ်ပါရှိသော ဗီဒီယိုများကို တုံ့ပြန်ခဲ့လျှင် သို့မဟုတ် TikTok Pixel ထည့်သွင်းထားသော အိမ်မွေးတိရစ္ဆာန်စတိုး ဝက်ဘ်ဆိုက်သို့ ဝင်ကြည့်ခဲ့လျှင် သင်သည် ခွေးအရုပ်များအကြောင်း ကြော်ငြာကို မြင်တွေ့ရနိုင်သည်။ သင်သည် "ဤကြော်ငြာအကြောင်း" ကို ရှာဖွေရန် ကြော်ငြာ၏ ညာဘက်အောက်ခြေရှိ မျှဝေရန်ခလုတ်ကို နှိပ်နိုင်သည် သို့မဟုတ် ကြော်ငြာဗီဒီယိုပေါ်တွင် ခပ်ကြာကြာနှိပ်နိုင်သည်။

ကြော်ငြာရှင်အကြောင်း

သင် မြင်တွေ့ခဲ့သော ကြော်ငြာအတွက် ငွေပေးချေသူအကြောင်း ပို၍ပွင့်လင်းမြင်သာမှုရှိစေရန် ကျွန်ုပ်တို့သည် "ဤကြော်ငြာအကြောင်း" ထဲတွင် "ကြော်ငြာရှင်အကြောင်း" ထုတ်ဖော်ချက်တစ်ခုကို ထည့်သွင်းထားသည်။ သင်သည် ကြော်ငြာရှင်၏ အမည်၊ ငွေပေးချေသူက ကြော်ငြာရှင်မဟုတ်လျှင် ငွေပေးချေသူ၏အမည် (သက်ဆိုင်လျှင် အင်္ဂလိပ်ဘာသာစကားသို့ ဘာသာပြန်ပေးနိုင်သည်)၊ ကြော်ငြာရှင်က TikTok ကို မှတ်ပုံတင်စာရင်းသွင်းထားသည့် နိုင်ငံအမည်နှင့် အချိန်ကာလတစ်ခုကြာအောင် ကြော်ငြာရှင်၏ ကြော်ငြာများကို ပိတ်ထားရန် ထိန်းချုပ်ခလုတ်တို့ကို မြင်တွေ့နိုင်မည်ဖြစ်သည်။

သင်၏ ကြော်ငြာထိန်းချုပ်မှုများ

TikTok တွင် သင်၏ ကြော်ငြာအတွေ့အကြုံကို သင့်အတွက် ကူညီထိန်းချုပ်ပေးနိုင်ရန် ကျွန်ုပ်တို့သည် "ဆက်တင်များနှင့် ကိုယ်ရေးလုံခြုံမှု" ထဲ၌ တူးလ်အစုံအလင်ကို ပေးအပ်ထားသည်၊ ၎င်းတို့သည် သင် မြင်တွေ့ရသော တစ်ဦးချင်းစိတ်ကြိုက်လုပ်ထားသည့် ကြော်ငြာများကို သင့်စိတ်ကြိုက်ဖြစ်အောင် ကူညီပြုလုပ်ပေးသည်။

ကြော်ငြာများကို သင်နှင့် အံဝင်ခွင်ကျဖြစ်စေရန် ဒေတာများကို ကျွန်ုပ်တို့အသုံးပြုပုံအား "ကြော်ငြာများ" အတွင်း၌ သင် စီမံခန့်ခွဲနိုင်သည်။ အောက်တွင် ဖော်ပြထားသည့်အတိုင်း ဤဆက်တင်သည် ဒေသအလိုက် ပြောင်းလဲနိုင်သည်။

  • ကြော်ငြာရှင်တစ်ဦးကို ပိတ်ထားရန်- သင်က ကြော်ငြာရှင်တစ်ဦးဦးထံမှ ကြော်ငြာများကို မြင်တွေ့နေရခြင်းအား ခေတ္တရပ်နားလိုလျှင် သင်သည် "ကြော်ငြာများ->ကြော်ငြာရှင်ဆက်တင်များ" မှတစ်ဆင့် ၎င်းကြော်ငြာရှင်က သင့်ထံ ကြော်ငြာပြသခြင်းကို 28 ရက်ကြာ "ပိတ်ထား" နိုင်သည်။
  • သင်၏ TikTok ပြင်ပ လုပ်ဆောင်ချက်ကို ရှင်းလင်းပါ- သင့်အား ကြော်ငြာများပြသရန် အသုံးပြုခဲ့နိုင်သော သင့်အကြောင်းနှင့်ပတ်သက်၍ ကြော်ငြာမိတ်ဖက်များက TikTok နှင့် မျှဝေသော သင့်လုပ်ဆောင်ချက်ကို "ကြော်ငြာများ->သင်၏ TikTok ပြင်ပ လုပ်ဆောင်ချက်" ဆက်တင်သို့သွား၍ ရှင်းလင်းနိုင်သည်။ သင့်လုပ်ဆောင်ချက်ကို 24 နာရီလျှင် တစ်ကြိမ် ရှင်းလင်းနိုင်သည်။
  • သင်၏ ကြော်ငြာစိတ်ဝင်စားမှုများကို အပ်ဒိတ်လုပ်ရန်- သင်နှင့်ကိုက်ညီသော ကြော်ငြာများ ပြသရန် TikTok က ရည်ညွှန်းပေးပြီး ကြော်ငြာရှင်များက အသုံးပြုသော စိတ်ဝင်စားမှုကို ပစ်မှတ်ထားသည့် အမျိုးအစားများကို "ကြော်ငြာများ->သင့်ကြော်ငြာများကို တစ်ဦးချင်းစိတ်ကြိုက် ပြုလုပ်ပုံ" တွင် ကြည့်ရှုပြီး ချိန်ညှိနိုင်သည်။
  • ဘာသာစကား ပြောင်းရန်- သင်က သင့်ကြော်ငြာများကို အခြားဘာသာစကားတစ်ခုဖြင့် ပြသစေလိုလျှင် "ဘာသာစကား" တွင် သင့်အက်ပ်၏ ဘာသာစကားဆက်တင်ကို ပြောင်းလဲနိုင်သည်။


ဒေသအမျိုးမျိုးတွင် ကြော်ငြာများအတွက် ဒေတာသုံးစွဲမှုကို စီမံခြင်း
EEA၊ UK နှင့် ဆွစ်ဇာလန်
  • EEA၊ UK နှင့် ဆွစ်ဇာလန်တို့တွင် သင်သည် အောက်ပါနည်းလမ်းများဖြင့် သင်မြင်တွေ့ရသော ကြော်ငြာများကို ထိန်းချုပ်နိုင်သည်။
    • ပထမဦးစွာ သင်၏ TikTok အက်ပ် > ဆက်တင်များနှင့် ကိုယ်ရေးလုံခြုံမှု > ကြော်ငြာများစာမျက်နှာသို့ သွားပါ။
    • တစ်ဦးချင်းအကြိုက်နှင့် ကိုက်ညီသော ကြော်ငြာများကို သင့်အား ပြသရာတွင် သင်၏ TikTok အတွင်းနှင့် ပြင်ပ လုပ်ဆောင်ချက် ဒေတာကို အသုံးပြုသင့်၊ မပြုသင့် ဆုံးဖြတ်နိုင်ရန် သင်၏ "တစ်ဦးချင်းအကြိုက်နှင့် ကိုက်ညီသော ကြော်ငြာများ" ခလုတ်ကို အသုံးပြုပါ။ ၎င်းဆက်တင်ကို အသုံးပြုခြင်းဖြင့် သင်သည် တစ်ဦးချင်းအကြိုက်နှင့် ကိုက်ညီသော ကြော်ငြာများကိုလည်း အတူတကွ ပိတ်နိုင်သည်။ သင်သည် ကြော်ငြာများကို ဆက်လက်မြင်တွေ့နေနိုင်သေးသည်၊ သို့သော် ၎င်းတို့သည် သင်နှင့်သက်ဆိုင်မှု နည်းပါးမည်။
  • iOS 14.5 နှင့်အထက် အသုံးပြုသူများအတွက်မူ သင်သည် ကိုယ်ရေးလုံခြုံမှုဆက်တင်များသို့ သွားပြီး အခြားကုမ္ပဏီများ၏ အက်ပ်များနှင့် ဝက်ဘ်ဆိုက်များတွင် သင့်လုပ်ဆောင်ချက်များကို TikTok က ခြေရာမခံနိုင်အောင် ပိတ်ပင်နိုင်သည်။ ပိတ်ထားသောအခါ ၎င်း iOS ဆက်တင်ကို သင်ရွေးချယ်လိုက်သော အက်ပ်အတွင်း ဆက်တင်များထက်ပို၍ ဦးစားပေးမည်ဖြစ်သည်။
  • Android တွင် သင်၏ ကိုယ်ရေးလုံခြုံမှုဆက်တင်များသို့ သွားပြီး အက်ပ်အမျိုးမျိုးတွင် သင့်လုပ်ဆောင်ချက်ကို ခြေရာခံရန် အသုံးပြုနိုင်သည့် အိုင်ဒီဖြစ်သော ကြော်ငြာ ID ကို ဖျက်ရန် သို့မဟုတ် ပြန်လည်သတ်မှတ်ရန် ရွေးချယ်နိုင်သည်။
အခြားဒေသများ
  • အက်ပ်များနှင့် ဝက်ဘ်ဆိုက်များတွင် သင့်လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ကြော်ငြာမိတ်ဖက်များက ကျွန်ုပ်တို့နှင့်မျှဝေသော ဒေတာများအပေါ်အခြေခံ၍ TikTok တွင် သင်မြင်တွေ့ရသော ကြော်ငြာများကို သင့်စိတ်ဝင်စားမှုများနှင့် ပိုမိုအံဝင်အောင်လုပ်၊ မလုပ် ပြောင်းလဲရန် သင်၏ TikTok အက်ပ် > အကောင့် > ဆက်တင်များနှင့် ကိုယ်ရေးလုံခြုံမှု > ကြော်ငြာများစာမျက်နှာသို့ သွားပါ။ TikTok တွင် သင်ပြုလုပ်သည့်အရာများအပေါ်မူတည်၍ ကြော်ငြာများကို သင် အမြဲမြင်တွေ့ရမည်။
  • iOS တွင် ဗားရှင်း 14.5 နှင့်အထက်အတွက် သင်၏ ကိုယ်ရေးလုံခြုံမှုဆက်တင်များသို့ သွားပြီး အခြားကုမ္ပဏီများ၏ အက်ပ်များနှင့် ဝက်ဘ်ဆိုက်များတွင် သင့်လုပ်ဆောင်ချက်များကို TikTok က ခြေရာမခံနိုင်အောင် ပိတ်ပင်နိုင်သည်။ ခြေရာခံခြင်းကို ပိတ်ထားသောအခါ ၎င်း iOS ဆက်တင်ကို သင်ရွေးချယ်လိုက်သော အက်ပ်အတွင်း ဆက်တင်များထက်ပို၍ ဦးစားပေးမည်ဖြစ်သည်၊ အထက်တွင် ဖော်ပြခဲ့သော ပစ်မှတ်ထားကြော်ငြာခြင်းခလုတ်ကို သုံးနိုင်မည်မဟုတ်ပါ။ သင်၏ TikTok ပြင်ပ လုပ်ဆောင်ချက်အပေါ်အခြေခံ၍ ပစ်မှတ်ထားသော ကြော်ငြာများကို သင်က ဖွင့်လိုလျှင် သင့် iOS စက်၏ ကိုယ်ရေးလုံခြုံမှုဆက်တင်များတွင် TikTok အတွက် ခြေရာခံခြင်းကို ဖွင့်ပေးပါ။
  • Android တွင် သင်၏ ကိုယ်ရေးလုံခြုံမှုဆက်တင်များသို့ သွားပြီး အက်ပ်အမျိုးမျိုးတွင် သင့်လုပ်ဆောင်ချက်ကို ခြေရာခံရန် အသုံးပြုနိုင်သည့် အိုင်ဒီဖြစ်သော ကြော်ငြာ ID ကို ဖျက်ရန် သို့မဟုတ် ပြန်လည်သတ်မှတ်ရန် ရွေးချယ်နိုင်သည်။


ကြော်ငြာတစ်ခုကို ပိတ်ဆို့နိုင်သလား သို့မဟုတ် တိုင်ကြားနိုင်သလား။

သင်က TikTok တွင် ကြော်ငြာအားလုံး မြင်နေရခြင်းမရှိစေရန် မရွေးချယ်နိုင်သော်လည်း သင်သည် ကြော်ငြာ သို့မဟုတ် ကြော်ငြာရှင်အကြောင်းကို TikTok ထံ ထင်မြင်ချက်ပေးခြင်းဖြင့် သင်မြင်တွေ့ရသော ကြော်ငြာအမျိုးအစားများကို လွှမ်းမိုးချုပ်ကိုင်နိုင်သည်။

ကြော်ငြာတစ်ခုကို တိုင်ကြားရန်-
  • ကြော်ငြာ၏ ညာဘက်အောက်ခြေရှိ မျှဝေရန်အိုင်ကွန်ကို နှိပ်ပါ > တိုင်ရန်ကို ရွေးချယ်ပါ > ဖန်သားပြင်တွင် ပေါ်လာသော လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ
  • ကြော်ငြာဗီဒီယိုပေါ်တွင် ခပ်ကြာကြာနှိပ်ထားပါ > တိုင်ရန်ကို ရွေးချယ်ပါ > ဖန်သားပြင်တွင် ပေါ်လာသော လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ
ကြော်ငြာတစ်ခုကို ဖျောက်ထားရန်-
  • ကြော်ငြာ၏ ညာဘက်အောက်ခြေရှိ မျှဝေရန်အိုင်ကွန်ကို နှိပ်ပါ > "စိတ်မဝင်စားပါ" ကို ရွေးချယ်ပါ > ဖန်သားပြင်တွင် ပေါ်လာသော လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ
  • ကြော်ငြာဗီဒီယိုပေါ်တွင် ခပ်ကြာကြာနှိပ်ထားပါ > "စိတ်မဝင်စားပါ" ကို ရွေးချယ်ပါ > ဖန်သားပြင်တွင် ပေါ်လာသော လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ


ဆက်စပ်လင့်ခ်များ