About TikTok အကြောင်း

TikTok သည် ကမ္ဘာပေါ်တွင် ရှေ့မှဦးဆောင်နေသည့် မိုဘိုင်းဗီဒီယို အတိုလေးများ ပြသနိုင်သောနေရာဖြစ်ပါသည်။ ကျွန်ုပ်တို့၏ မျှော်မှန်းချက်မှာ ကမ္ဘာကြီး၏ ဖန်တီးနိုင်စွမ်း၊ ဗဟုသုတနှင့် နေ့စဉ်ဘဝတွင် အရေးပါသည့် အခိုက်အတန့်များကို အမိအရ ရိုက်ကူး၍ ပြသနိုင်ရန်ဖြစ်သည်။ TikTok သည် လူတိုင်းလူတိုင်းကို ၎င်းတို့၏ စမတ်ဖုန်းများမှနေ၍ တိုက်ရိုက် ဖန်တီးသူတစ်ဦး ဖြစ်လာခွင့်ပေးပြီး သုံးစွဲသူများအား ၎င်းတို့၏ စိတ်အားထက်သန်မှုနှင့် ဖန်တီးနိုင်စွမ်းကို ၎င်းတို့၏ ဗီဒီယိုများမှတစ်ဆင့် မျှဝေရန် အားပေးခြင်းဖြင့် အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ရန် ကတိပြုဆောင်ရွက်လျက်ရှိပါသည်။ TikTok သည် ဘေကျင်း၊ ဘာလင်၊ ဂျာကာတာ၊ လန်ဒန်၊ လော့စ်အိန်ဂျယ်လိစ်၊ မော်စကို၊ မွန်ဘိုင်း၊ ဆာအိုပေါ်လို၊ ဆိုးလ်၊ ရှန်ဟိုင်း၊ စင်ကာပူနှင့် တိုကျိုမြို့များတွင် ရုံးများ ဖွင့်လှစ်ထားရှိပါသည်။ 2018 တွင် TikTok သည် ကမ္ဘာပေါ်တွင် ဒေါင်းလုဒ်အလုပ်ဆုံး အက်ပ်များအနက် တစ်ခု ဖြစ်ခဲ့ပါသည်။ TikTok ကို iOS နှင့် Android အတွက် ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုနိုင်ပါသည်။